Windows 8 ကို ပြောင်းပြန်လန် သုံးဖြစ်မယ် ( Windows 8 အသုံးပြုနည်း )

Windows 8 အသုံပြုနည်း  Windows 8 တင်နည်း အစအဆုံး  ရှင်း
ပြထားပါတယ် ဒီစာအုပ်လေးဖတ်ပြီးရင်တော့ Windows 8 ကို လွယ်
ကူစွာ အသုံးပြုနိုင်မှာပါ 




အွန်လိုင်းပေါ်မှာ 20 GB အခမဲ့  သိမ်းမယ်




Dev-Host ဆိုဒ်လေးမှာ  20 GB ထိ အခမဲ့  သိမ်းနိုင်ပါတယ် သူ့ အားသာချက်များကတော့
။  ဖိုင်တစ်ဖိုင်ကို 500 MB အထိ လက်ခံတယ်
 
၂။  Register သမားတွေအတွက် 20 G Free ပေးတယ်
 
၃။ တင်ထားတဲ့ဖိုင်ကို နောက်ဆုံး Download ယူပြီးချိန်ကနေ ရက်ပေါင်း ၁၀၀ အတွင်း မဖျက်ပစ်ဘူး 

 ၄။  Link တိုတယ်
 
၅။     Download ယူမယ့်သူအတွက် အဆင်ပြေတယ် 

အောက်မှာ ကျတော် အစမ်းတင်ထားတာလေး ကြည့်လိုက်ပါဦး


ဒီလင့်က နေပြီး  http://d-h.st/register   register လုပ်လိုက်ပါ
 
ဒေါင်းလော့ဆွဲနည်းကိုတော့ အောက်ကပုံမှာကြည့်လိုက်ပါ  လွယ်ပါတယ်
အဆင်ပြေပါစေဗျာ


အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့်face book like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်  
 
 

Card_Recovery_Pro နဲ့ ပြောက်ဆုံးသွားတဲ့  Data များကိုပြန်ယူမယ်





 Card_Recovery_Pro လေးပါ စမ်းသုံးကြည့်ကြပါဦး အင်စတောလုပ်ပြီး
ရင် ဒေါင်လော့ ထပ်ဆွဲရပါတယ် တော်တော်များများကို ပြန်ပြီးတော့ 
Recovery လုပ်လို့ ရပါတယ်



License   ထဲ့ ပေးထားပါတယ်

Download For >>Box

Download For >>Dropbox

Download For >>zippyshare 

Download For >> Dev-Host

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ face book like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်

Illustrator နဲ့ CD Cover လေးတစ်ခု လုပ်ကြည့်ရအောင်

CD cover

ပထမဆုံး Line Segment Tools နဲ့ Line ဖြောင့် တစ်ခုကို Shift Key ကိုဖိပြီး အရင်ဆွဲပါ။ Line ရဲ့  Stoke Weitght ကို 7pt လောက်ထားပါ။
1

Line ရဲ့  ဘယ်ဘက် အစွန်မှာ Alt Key ကိုဖိပြီး Click တစ်ချက်နှိပ်ပါ။ Angle ကိုတော့ 45ံ ထားထာပါမယ်။ ပြီးရင်တော့ 90,135,180,225,270,315 ဆိုပြီး စက်ဝိုင်း တစ်ပတ်ပြည့်အောင်ရိုက်သွားပါ။
2

နောက်ဆုံး တစ်ပတ်ပြည့်သွားရင်တော့ အောက်မှာပြထားတဲ့ပုံစံလေးရလာပါပြီ။
3

ပြီးရင်တော့ ToolBox မှ Selection Tool (V) ကိုယူပြီး Line တွေကို Select မှတ်ပေးပြီး Stoke Color ကို ကြိုက်နှစ်သက်ရာ အရောင်တစ်မျိုးစီ ပြောင်းပေးပါ။
4

ပြီးရင်တော့ Tool box ထဲက Blend Tool (W) ကိုယူပြီး Line တွေရဲ့  ဘယ်ဘက် အစွန်းတစ်ဖက်စီကို Click တစ်ချက်စီနှိပ်ပေးပါ။ ဒါဆိုရင် အောက်မှာပြထားတဲ့ ပုံလေးအတိုင်းရရှိလာမှာ ဖြစ်ပါတယ်။
5
6 copy


နောက်တစ်ဆင့်လုပ်ရမှာတော့ Tool Box ထဲက Elipse Tool (L) ကိုယူပြီး Shift+Alt Key ကိုဖိပြီး Center မှစက်ဝိုင်းတစ်ခုကို ဆွဲပေးပါ။
7

အဲ့ဒီနောက်မှာတော့ စက်ဝိုင်းဘေးက ပိုနေတဲ့ အသားတွေကိုဖြတ်ပစ်လိုက်ချင်တာပါ။အဲ့ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ Ctrl+A ကိုနှိပ်ပါ။ Object > Clipping Mask > Make (Ctrl+7) ကိုရွေးပေးပါ။ ဒါဆိုရင်အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းရနေပါပြီ။
8

နောက်ထပ်ပြီးတော့ စက်ဝိုင်းရဲ့  အလယ်ဗဟိုမှ elipse tool  (L)  လေးနဲ့ Alt+Shift ကိုဖိပြီး စက်ဝိုင်းအငယ်တစ်ခုကို ထပ်ဆွဲပေးပါ။ ဆွဲပြီးရင်တော့ Keyboard ကနေပြီး D Key ကိုနှိပ်ပါ။ ပြီးရင်တော့ Stoke ကို None ပေးလိုက်ပါ။ အခုလိုမျိုး CD Cover လှလှလေးတစ်ခုရပါပြီ။
9
ကဲ အခုလို လိုက်ပြီးတဆင့် ချင်းလိုက်လုပ်ရလို့ ပင်ပန်းသွားပြီနော်။
ဆက်ပြီး ကြိုးစားပါဦးမယ်။…

ပြန်လည်မျှဝေပေးလိုက်ပါသည်။

ခိုးသူ သတိ (ဟာသ)


 
 လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။

သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။

ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။

နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။

သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။

နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။

သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။

သတင်းစာပေါ် ရေးထားတာက...

"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"

မုန်းတယ်

 
မုန်းတယ်

မုန်းတာမှရာနှူန်းပြည့်ပဲ

အချစ်ကို ၁၅၀၀နဲ့တင်စားလို့ အမုန်းကိုအခါ ၁သန်းနဲ့ဖော်ပြမယ်

နင့်ကိုငါ ကမ္ဘာတစ်သန်း မုန်းတယ်

ဟားဟား :'(

နင်နိုင်ပါတယ် ဒီပွဲမှာ

မုသားမပါတဲ့ အလိမ်အညာတွေနဲ့ လှလှပပ လှည့်စားသွားတာ

ဘာပဲဖြစ်ဖြစ် နင့်ကိုငါမုန်းတယ်

ရူးသွပ်မိတဲ့ငါ့အချစ်အတွက်

နင့်ကိုသိပ်မုန်းတယ်

သူမရဲ့  ပထမ ဦးဆုံး ခံစားမူ့  (ဟာသ)


အစအဆုံးဖတ်ကြည့်ပေးပါ
နောက်ဆုံးကျမှ အဖြေသိမှာ မို့လို့ပါ..
ဟာသလေး တစ်ခုပါ... :-)

----------
ယခုကိစ္စသည် သူမဘ၀အတွက်
ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။
သူမသည်
ကျောခင်းကာလှဲအိပ်ရင်း
ကြွက်သားများကိုတောင့်ထားမိလေသည်။
သူ့ကိုငြင်းဆန်ရန်
အကြောင်းပြချက်မျိုးစုံကို
စဉ်းစားရင်း
တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။

သို့သော် သူကတော့
လုံးဝလက်လျော့ဟန်မပြပဲ
သူမအနားသို့ တိုးကပ်လာလေသည်။
ကြောက်နေသလားဟု
မေးသောအခါတွင်
သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင်
အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။
သူ၏လက်ချောင်းများသည်

နေရာမှန်ကို
ရှာဖွေတွေ့ရှိသွားကြသည်။
အထဲထိနိုက်စမ်းလိုက်သောအခါ
သူမ
နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး
အကြောအခြင်များတောင့်တင်းသွားသည်။
သူသည် ပြောထားသလိုပင်
ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။
သူက

သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း
စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။
သူပြုံးပြသောအခါ သူမ
စိတ်ကိုလျော့ချလိုက်ပြီး
သူအတွက်လွယ်ကူစေရန်
တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင်

ပြုလုပ်ရန်
အကြိမ်ကြိမ်တောင်းပန်မိလေသည်။
သို့သော်သူကတော့
ဖြည်းဖြည်းမှန်မှန်သာ
ဆက်လုပ်ပါသည်။
နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး
တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။
သွေးအနည်းငယ်ထွက်လာသည်
ကိုလည်း သူမသိရှိလိုက်သည်။

အရမ်းနာသလားဟု
သူကထပ်မေးနေပြန်သည်။

မျက်ရည်များပြည့်လျှံနေသော်လည်း
မနာသယောင်ခေါင်းခါက
ဆက်လုပ်ရန်
ခေါင်းညိမ့်ပြလိုက်မိသည်။
သူက ကျွမ်းကျင်စွာ
ဆက်လုပ်နေသော်လည်း
သူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။

အတန်ကြာသော် သူမမှအရည်အချို့
တာကျိုးသလိုပေါက်ထွက်သွားသည်ကို
ခံစားရပြီး သူသည်
အရာတစ်ခုကိုအောင်မြင်စွာ
အပြင်သို့ထုတ်လိုက်လေသည်။
သူမ သက်ပြင်းမောများ
ရှိုက်ထုတ်နေရင်း
ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို
ဝမ်းသာပျော်ရွှင်နေမိသည်။

သူကနွေးနွေးထွေးထွေး
ပြုံးပြရင်း
တော်တော် ကိုင်ရတွယ်ရခက်တဲ့
ခလေးမဟု
ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။

ထို့နောက်
ကျေးဇူးတင်စကားကို
သွားဆရာဝန်အားဆိုလိုက်လေသည်။
အထက်ပါအဖြစ်အပျက်မှာ

သူမ၏
ပထမဆုံးသွားနှုတ်သည့်နေ့က.......

ဟီးးးးးးဟီးးး သွားနော် သွားနူတ်တာ

မတူညီ ခြင်းများ










►ချစ်တာချင်းတူပေမဲ့
နင့်ရင်ထဲကအချစ်နဲ့ ငါ့ရင်ထဲကအချစ်မတူဘူး

►သတိရတာချင်းတူပေမဲ့
နင်ကတစ်ခါတစ်လေမှသတိရပြီး ငါကတော့အချိန်တိုင်းသတိရနေတယ်

►လွမ်းတာချင်းတူပေမဲ့
နင်ကသိပ်မခံစားရဘူး ငါကပိုခံစားရတယ်

►အရာရာနင့်ထက်ပိုခံစားရတတ်တဲ့ငါက
နင့်ကိုမုန်းတယ်ဆိုတဲ့ခံစားချက်ဘာလို့မရှိရတာလဲ

English Myanmar Typing လက်ကွက်မမြန် သူများအတွက်





လက်ကွက် မြန်အောင်ကျင့်မည့် သူများအတွက် ဆော့ဝဲကောင်းလေးပါ
        တော်တော်မိုက်ပါတယ် ယူသုံးကြည့်ပါ အဆင်ပြေပါစေ

   


Download for>>Box

Download for >>DropBox

Download for >>Zippyshare

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ face book like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်