တာချီလိတ်-မိုင်းဆတ် လမ်းအသွားတစ်နေရာတွင် လမ်းပြိုမှုဖြစ်
စက်တင်ဘာ (5) ရက်နေ့ ညက အဆက်မပြတ်ရွာသွန်းခဲ့သောမိုး
ကြောင့် တောင်ကျရေများကျဆင်းခဲ့ရာ တာချီလိတ်မြို့ နှင့်2မိုင်ခန့် 
အကွာဖတ်ဟိ ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်လမ်းပေါ်ရေကျော်
ခဲ့ ပြီးတာင်ကျရေတိုက်စားမှုကြောင့် လမ်းတစ်ခြမ်းပြိုကျသွားပါသည်။ 
 အဆိုပါမြေပြိုမှု ဖြစ်ပွားရာနေရာသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး
 မော်တော်ဆိုင်ကယ်များ သွားလာနိုင်ရန် နှင့် မြေပြိုကျမှုများဆက်လက်
မဖြစ်ပေါ်စေရန် လိုအပ်သည်များကို အဆောတလျှင်ဆောင်ရွက်မှု
ပေးခဲ့မှုကြောင့် ယာဉ်ကြီးများသွားလာရန်မရသေးသော်လည်း လမ်းပန်း
ဆက်သွယ်မှုနှင့် ကုန်စည်ပို့ ဆောင်မှုရပ်တန့်  သွားခြင်းမရှိကြောင်းနှင့်
ယာဉ်ကြီးများ ပုံမှန်အတိုင်းသွားလာနိုင်ရန်အတွက် လမ်းတာဝန်ခံ
သော်တာဝန်းဆောက်လုပ်ရးကုမ္စဏီ မှ အလျှင်အမြန်ဆောင်ရွက်လျက်
ရှိကြောင်းသိရှိရပါသည်။
                                                      တာချီလိတ် သတင်းလွှာ
မိုင်းကိုးကျေးရွာ အုပ်စုတွင် ရေလွမ်းမိုးမူများဖြစ်ပေါ်
                        စက်တင်ဘာ၅ရက် ညပိုင်းမှစတင်ကာ စက်တင်ဘာ၆ရက် နံနက်ပိုင်းအထိ
အဆက်မပြတ်မိုးရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် တာချီလိတ်မြို့နယ်
မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မိုင်းကိုး၊ ဆီလီငေါက် ၊ မောတွီ ကျေးရွာများအပါ
အ၀င် ကျေးရွာအချို့တွင် ရေအမြင့်၎ပေခန့်တက်ရောက်ခဲ့မှုကြောင့် လူနေအိမ်များ၊
စိုက်ပျိုးပြီးလယ်မြေများ ရေလွှမ်းမိုးခံခဲ့ရပြီး တာချီလိတ်-ကျိုင်းတုံပြည်ထောင်စု
လမ်းမကြီး၏အစိတ်အပိုင်းအချို့တွင် ရေအမြင့် ၁ပေမှ ၁ပေခွဲခန့်အထိ တက်
ရောက်ခဲ့သည်။
     အဆိုပါရေလွှမ်းမိုးခံခဲ့ရသည့်ကျေးရွာများသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးထွဋ် ၊ မြို့နယ်အုပ်
ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊တပ်မတော်
သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သန္ဒေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်
ခြေနီတပ်ဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများ ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ရေဘေး
ကယ်ဆယ်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြကာ
သောက်ရေသန့် ၊ ခေါက်ဆွဲခြောက် ၊ ကြက်ဥနှင့်အစားအစာများအား ဝေငှထောက်
ပံ့ကူညီကြပါသည်။
     ရေကြီးနစ်မြုပ်မှုကြောင့်  လယ်ယာမြေများပျက်စီးဆုံးရှုံးခဲ့ရပြီး လူနေအဆောက်
အဦများထိခိုက်ပျက်စီးမှုမရှိဘဲ ကျွဲ-နွား-လူသူသေဆုံးမှု ၊ ပျောက်ဆုံးမှုမရှိကြောင်း
နှင့် စက်တင်ဘာ ၆ရက်နေ့ ညနေပိုင်းတွင် ရေတဖြေးဖြေးစတင်ကျဆင်းနေပြီဖြစ်
ကာ ရေဘေးသင့်သူများအတွက် တာချီလိတ်မြို့ သောက်ရေသန့်လုပ်ငန်းရှင်များ
အသင်းမှသောက်ရေသန့်များ၊ အဆွေတော်မီနီမတ်မှ ခေါက်ဆွဲခြောက်များနှင့် လူ
မှုကူညီရေးအသင်းများမှ အစားအစာများဝေငှ ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရပါ
သည်။
                                                                                                 တာချီလိတ် သတင်းလွှာ                    
Computer Service & Maintenance ကွန်ပျူတာ ပိုင်းဆိုင်ရာဝန်ဆောင်မှု
Os & Software Installation, (၀င်းဒိုးစနစ်ပြန်လည်ပြုပြင်ခြင်း)
Upgrading, Troubleshooting (စနစ်အဟောင်းမှအသစ်သို့ ပြုပြင်ခြင်း)
Virus Protection, Cleaning (ကွန်ပျူတာ ဗိုင်းရပ်(စ်) နှိမ်နှင်းခြင်း
Virus Definition Updating (ဗိုင်းရပ်(စ်)ကာကွယ်ရေးစနစ်အသစ်များ ထည့်သွင်းပေးခြင်း)
Contract & Outdoor Service (လာရောက်မပြုပြင်နိုင်သူများအတွက် အိမ်တိုင်ရာရောက်ပြုပြင်ပေးခြင်း)မှတ်ချက် ။  ။ တာချီလိတ်မြို့ ဝန်းကျင်သာ
ှSystem Recovery (ပျောက်ဆုံးသွားသောအရေးကြီးအချက်အလက်များအားပြန်လည်ရယူပေးခြင်း)
ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ် ထူးခြားသောနေရာ
          စက်တင်ဘာ ၃ရက်နေ့က  ကျိုင်းတုံမြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု
လွှတ်တော်နာယကသူရဦးရွှေမန်းနှင့်ပြည်သူများတွေ့ဆုံပွဲအပြီးမှာ 
စာရေးသူဟာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မြို့နယ်စီမံ
ခန့်ခွဲရေးကော်မတီဝင်ဦးကျော်ငြိမ်း၊မြို့နယ်မထသဥက္ကဋ္ဌ ဦးစ၀်စိုးလင်း
တို့နှင့်အတူ မော်တော်ယာဉ်ဖြင့် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့ကို ပြန်လည်
ထွက်ခွာလာခဲ့ကြပါတယ်။ ကျိုင်းတုံမှ ကီလို၂၀ခန့်အကွာမှာ မြို့နယ်အုပ်ချုပ်
ရေးမှူးကကားကိုရပ်တန့်ခိုင်းလိုက်ပါတယ်။ ရပ်လိုက်တဲ့နေရာက ပန်ကွဲတောင်
အတက်လမ်းက ကုန်းဆင်းတစ်ခုပါ။
 “ ဒီနေရာမှာ ထူးခြားမှုတခုရှိလို့ သတင်းထောက်ကြီးကိုပြချင်လို့ပါ၊  အောက်ကို
ခဏဆင်းပါဦး” ဆိုတာနဲ့ 
ကားပေါ်ကနေဆင်းလိုက်တော့ ယာဉ်ကို ဖရီးဂီယာထိုးလိုက်ကာ စက်သတ်လိုက်ပါ
တယ်။ အံ့သြစရာပါပဲ ၊ စက်သတ်ထားတဲ့ယာဉ်ဟာ ကုန်းဆင်းဖက်ကို လိမ့်ဆင်း
သွားရမယ့်အစား ဆန့်ကျင်ဖက်ဖြစ်တဲ့ ကုန်းတက်ဖက်ကို သိသိသာသာလှိမ့်တက်
သွားပါတယ်။ မျက်မြင်သာမဟုတ်ရင် ဘယ်လိုမှယုံကြည်နိုင်စရာမရှိပါဘူး၊ သတင်း
သမားပီပီ လက်တွေ့မဟုတ်ရင် ဘယ်အရာကိုမှလက်ခံယုံကြည်မှုမရှိတဲ့စာရေးသူဟာ 
တမင်များ ဘက်ဂီယာနဲ့တက်နေတာလားသိရအောင်လို့ယာဉ်မောင်းသူနေရာကို 
ကိုယ်တိုင်ဝင်ရောက်ပြီး ဂီယာဖရီးထိုးကာ စက်သတ်ထားပေမယ့် တကယ့်ကိုပဲ
 မော်တော်ယာဉ်ဟာ အတက်ဖက်ကိုပဲတလှိမ့်လှိမ့်နဲ့တက်သွားတာကို လက်တွေ့ကျကျ
ရှုမြင်လိုက်ရပါတော့တယ်။  ဒါနဲ့ ဒီဖြစ်စဉ်ကိုဓာတ်ပုံကော ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထား
လိုက်ပါတယ်။ စာရေးသူဟာ သိပံပညာရှင်မဟုတ်လို့ ဒီဖြစ်စဉ်ကို ဘယ်လိုမှဝေဖန်
သုံးသပ်နိုင်စွမ်းမရှိပါဘူး၊ ထူးခြားမှုတစ်ခုအနေနဲ့သာ ကိုယ်တိုင်ဝင်ရောက်စမ်းသပ်ပြီး 
လက်ခံခဲ့တာပါ၊ ယေဘူယျအားဖြင့်တော့ အမြင့်ကသာအနိမ့်ကိုဆင်းရမြဲပါ။ 
အခုကတော့ သဘာဝနဲ့ဆန့်ကျင်စွာ အနိမ့်ကနေ အမြင့်ကိုပြန်တက်နေတာမို့ 
ထူးခြားမှုရှိတာတော့အမှန်ပါပဲ။  ဒီနေရာလေးကို ကိုယ်တိုင်လာရောက်လေ့လာ
ချင်တယ်ဆိုရင်တော့ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးအတိုင်း မိနစ်
၂၀လောက်မောင်းနှင်လာမယ်ဆိုရင် ကီလိုမီတာ ၂၀ခန့်အကွာ ပန်ကွဲတောင်အတက်
လမ်း မိုင်တိုင်၂၀နဲ့၁၉အကြားမှာတည်ရှိနေပါတယ်။မည်သူမဆိုလက်တွေ့
လာရောက်စမ်းသပ်နိုင်ပါတယ်။ အော်တိုဂီယာမဟုတ်ဘဲ မန်နျူရယ်ဂီယာ
နဲ့ဆိုပိုမိုပြီးစမ်းသပ်လို့ကောင်းပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
ဗီဒီယိုမှတ်တမ်းကြည့်ရန်
                                                                                       တာချီိလိတ်သတင်းလွှာ