windows 7 အတွက် IOS ဒီဇိုင်းလေးပြောင်းသုံးကြမယ်။
ကျွန်တော်လည်း မရေးဖြစ်တာကြာလာပြီ အခုတင်ပေးလိုက်မှာက Windows ဒီဇိုင်းလေးတွေကို
IOS ဒီဇိုင်းပုံစံအဖြစ် ပြောင်းသုံးတဲ့  Themes  လေးပါ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ဗျာ....
Mac Book တော့ ၀ယ်မသုံးနိုင်ပေမဲ့  သူ့ ဒီဇိုင်းလေးနဲ့  စိတ်ချမ်းသာအောင်သုံးလို့ 
ရတာပေါ့ဗျာ Windows 32 Bit - 64 bit နှစ်ခုလုံးထဲ့ ထားပေးပါတယ်။
ဖိုင်ဆိုက်ကတော့ 84 MB ရှိပါတယ်။
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက... C.Box မှာပြောသွားနိုင်ပါတယ်။ 
                                                                              mgminnthar
နေရပ်သို့ ပြန်ဖို့ ရာ အခက်ခဲရှိသူအား နေရပ်သို့ ပြန်နိုင်ရန်ကူညီ
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံတစ်ခြံတွင် အလုပ်လုပ်ကိုင်ရင်း မတော်
တဆဖြစ်မှုကြောင့် ခြေတဖက်ဆုံးရှုံးကာ ဒုက္ခိတဖြစ်ခဲ့ရပြီး စားဝတ်နေရေး
ခက်ခဲနေုသည့် မောင်နိုင်စိုး (ခ) စောလှနိုင် သည် မိဘရပ်ထံပြန်လိုသည့်
အတွက် ကူညီမှုပေးနိုင်ပါရန် တာချီလိတ်မြို့ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်
မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီထံသို့ ဆက်သွယ်
အကူအညီတောင်းခံခဲ့ရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာ
ဝန်ရှိသူများ ကော်မတီဝင်များက ၄င်း၏အကူညီတောင်းခံမှုအား နွေးထွေးစွာ
ကြိုဆိုခဲ့ပြီး စက်တင်ဘာ ၂၁ရက်နေ့တွင် လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။
မောင်နိုင်စိုး၏မိဘများရှိရာ မွန်ပြည်နယ် မုတ္တမမြို့နယ် ဇက်ဆိပ်(၂)ရပ်
ကွက်သို့ ပြန်လည်သွားရောက်နိုင်ရေးနှင့် ၄င်း၏အသက်မွေးဝမ်းကျောင်း
အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်
ရှောက်ရေးကော်မတီ (တာချီလိတ်) မှ ငွေကျပ်ငါးသောင်းနှင့် လေယာဉ်လက်
မှတ်ခ ကိုးသောင်းငါးထောင်ကျပ် ၊ မဇ္ဈိမ လူမှုရေးအသင်းမှ ငွေကျပ် ခုနစ်
သောင်း ၊ကိုစည်သူနှင့်မိတ်ဆွေများမှ ငွေကျပ်ငါးသောင်းတို့အား စက်တင်ဘာ
၂၂ရက်နေ့တွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်
ပေးအပ်လှူဒါန်းခဲ့ပြီး တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ထိုင်းနိုင်ငံ
မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ
(တာချီလိတ်) မှ ကော်မတီဝင်များက ၄င်းအား မိဘရပ်ထံပြန်နိုင်ရေးအတွက်
တာချီလိတ်လေဆိပ်အထိ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ
စနစ်တကျအပ်နှံကာ ကမ္ဘောဇလေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၂၂ရက်နေ့
တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
Internet Download Manager v6.17.Build.11 ( Full Version )
Internet Download Manager v6.17.Build.11 Update လေး ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Full Version သုံးလို့ရအောင် Patch ဖိုင်ပါ တင်ပေးလိုက်ပါတယ်။ Update ပဲ သုံးချင်တဲ့ သူငယ်ချင်းတွေ က အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီ။ အရင် ဆုံး ဆောဝဲ ကို ဒေါင်းပြီးရင် Antivirus ကို ခန ပိတ်လိုက်ပါ။
ဆောဝဲကို install လုပ်ပါ။ ပြီးရင် ဆောဝဲကိုမဖွင့်ပါနဲ့။ Patch ဖိုင်ကိုဖွင့်ပြီး Patch ကနေ၀င်ပြီး C / Program Files / Internet Download Manager ကိုဝင်ပြီး IDMan.exe ကို နှစ်ချက်ကလစ်ပြီး First Name, Last Name မှာ ကိုယ်ကြိုက်တဲ့ နာမည် ထည့်ပြီး OK ပေလိုက်ရင် Full သုံးလို့ရပါပြီ။
အောက်ကလင့်မှာ ဆောဝဲကို ဒေါင်းယူနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။
ကူးယူဖော်ပြသည်။
AGD BANK တာချိလိတ် ဘဏ်ခွဲတွင်ခန့် ထားရန် ၀န်ထမ်းများအလိုရှိ
AGD BANK
Asia Green Development Bank Limited
တာချီလိတ်ဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်ရန် ၀န်ထမ်းများအလိုရှိသည်။
ဘဏ်တွင်တာဝန်ထမ်းဆောင်ဖူးသော အထောက်အထားတင်ပြရမည်။
ဘဏ်များမှ ထုတ်ပယ်ခံရသူများ လျောက်ထားရန်မလို
 ၂။ ဘဏ်လုပ်ငန်း အတွေ့ အကြုံမရှိသူများ ဘွဲ့ ရပြီး အသက်(၂၅) နှစ်အောက်
အိမ်ထောင်မရှိသူဦးစားပေးခန့် မည်၊  ဘဏ်လုပ်ငန်းအတွေ့ အကြုံရှိသူများ
အသက် (၄၅) နှစ်အောက်ဖြစ်ရမည်။ 
၃။ ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုတတ်ပြီး စာရင်းကိုင်တတ်ကျွမ်းသူများကိုဦးစားပေးမည်။ 
၎။ အလုပ်လျောက်လွှာတွင် မိမိလက်ရေးဖြင့် လုပ်ငန်းအတွေ့ အကြုံ
အသေးစိတ်အားဖြည့်စွက်  ၍လျှောက်ထားသူကိုယ်တိုင်လက်မှတ်
ရေးထိုးလျှောက်ထားရမည်။
၅။ အလုပ်လျှောက်ထားသူ အမျိုးသား ၊ အမျိုးသမီးများသည် အနည်းဆုံး
အရပ် (၅) ပ (၂) မ ရှိရပါမည်
၆။ လူအများနှင့်ပူးပေါင်းလုပ်ကိုင်လိုစိတ် ရှိပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။ 
ဏာမရွေးချယ်ခြင်းခံရသောလျှောက်လွှာရှင်များကိုသာ အင်တာဗူးခေါ်မည်။
၈။ ရန်ကုန်တွင်လာရောက်၍ သင်တန်းတက်နိုင်ပြီး မည်သည့်ဒေတွင်မဆို 
တာဝန်ထမ်းဆောင်နိုင်သောသူများကို ဦးစားပေးခန့် ထားမည်။  