✏Image2 App v1.06 For Android✏ (ပုံ​တွေကို Apk လုပ်​ထားမယ်​)

image
-ဒီတစ်​ခါတင်​​ပေးလိုက်​တဲ့ ​ဆော့ဖ်​ဝဲ​လေးက​တော့
မိမိတို့ရဲ့ photo ပုံ​တွေကို apk အဖြစ်​ ပြုလုပ်​လို့
ရ​စေမယ့်​ ​ဆော့ဖ်​ဝဲ​လေးတစ်​ခုကို တင်​​ပေးလိုက်​ ပါတယ်​-
-ကိုယ်​ကြိုက်​နှစ်​သက်​တဲ့ပုံ​လေး​တွေကို စုပြီး​တော့
Apk ​ဆော့ဖ်​ဝဲအဖြစ်​ပြုလုပ်​ထားရှိခြင်းဖြင့်​ မိမိကြည့်​ရှုလိုတဲ့အခါမှာ ကိုယ်​လုပ်​ထားတဲ့ Apk
လေးထဲကို ဝင်​​ရောက်​ပြီးတစ်​စုတစည်းထဲ ​တွေ့မြင်
ရမှာဖြစ်​ပါတယ်​-
-ပုံ​တွေကို သူငယ်​ချင်း​တွေဆီ လက်​​ဆောင်​ပို့​ပေး
တဲ့အခါမှာ အခုလို Apk ​လေးပြုလုပ်​ပြီးလက်​​ဆောင်​​ပေး​တော့ ပိုပြီးလန်းတာ​ပေါ့ဗျာ။
Apk ပြုလုပ်​နည်းကလည်း လွယ်​ပါတယ်​။
Gmail အ​ကောင့်​န်​တစ်​ခု ရှိထားရပါမယ်​-
-အရင်​ဆုံးဒီ​ဆော့ဖ်​ဝဲ​လေးကို​ဒေါင်းလုပ်​ယူလိုက်​ပါ-
၁။အင်​တာနက်​ဖွင့်​ထားပါ။
၂။ဆော့ဖ်​ဝဲထဲနှိပ်​ဝင်​ပါ။
၃။ညာဘက်​အ​ပေါ်ထိပ်​​ဒေါင့်​နားက setting ပုံ
နေရာ​လေးကို နှိပ်​ဝင်​လိုက်​ပါ။
၎။ အဲ့ဒိမှာ Join Image2 App ​နေရာကိုဝင်​ပြီး
Gmail နဲ့ အ​ကောင့်​န်​သစ်​တစ်​ခုလုပ်ပြီး Sign in ဝင်​​ပေးထားလိုက်​ပါ။ပြီးရင်​ back နဲ့ပြန်​ထွက်​ပါ။
၅။ပြီးရင်​အ​ပေါ်ထိပ်​နားက ခဲတံပုံ​နေရာကိုနှိပ်​ပါ။
၆။Do You Want To Make A New App ဆိုရင်​ Ok ကိုနှိပ်​လိုက်​ပါ။
၇။App Name ဆိုတဲ့​နေရာမှာ ကိုယ်​လုပ်​မယ့်​ ​ဆော့ဖ်​ဝဲရဲ့နာမည်​ကို ​ပေးပါ။
၈။package name ဆိုတဲ့​နေရာမှာ​တော့
အ​ရှေ့ဆုံးက com.ပြီးရင်​ကိုယ်​ထားချင်​တဲ့နာမည်​​ရေး၊ပြီးရင်​ ဂဏန်းnumber ၁လုံး​ရေး၊ပြီးရင်
ဒေါ့တချက်​ခံ၊ပြီးရင်​ appဆိုတာ​ရေး၊ပြီးရင်​ ဂဏန်း
number ၁လုံး​ရေးလိုက်​ပြီး ok ​ပေးလိုက်​ပါ။
(ဥပမာ- com.kozaw1.app.2) အဲ့လိုမျိုးပါ။
package name ထည့်​တာအ​ရေးကြီးပါတယ်​။
နို့မို့ဆိုရင်​apkလုပ်​တာမ​အောင်​မြင်​ပါဘူး။
၉။App Icon ဆိုတဲ့​နေရာမှာ ကိုယ်​လုပ်​မယ့်​ Apk
ရဲ့ Logo ပုံကို ထားဖို့ ဂယ်​လာရီထဲက နှစ်​သက်​ရာ
ပုံကို​ရွေး​ပေးပြီး Icon ပုံထား​ပေးလိုက်​ပါ။
၁၀။ပြီးရင်​ CONTENTS ဆိုတဲ့​နေရာကိုနှိပ်​လိုက်​ပါ။
၁၁။အဲ့ဒိမှာ Splash image တို့၊ကိုယ်​လုပ်​မယ့်​ ​ဆော့ဖ်​ဝဲရဲ့ ​နောက်​ခံ Background အ​ရောင်​တို့်
ကိုမိမိစိတ်​ကြိုက်​အ​ရောင်​​ရွေးခြယ်​လို့ရပါမယ်​။
၁၂။ပြီးရင်​​အောက်​က Add Images ဆိုတဲ့​နေရာကို နှိပ်​ဝင်​လိုက်​ပြီး ဂယ်​လာရီထဲက ကိုယ်​လုပ်​မယ့်​ ပုံ​တွေကို တစ်​ပုံခြင်းစီ​ရွေး​ပေးပါ။
၁၃။ပြီးရင်​ back တချက်​ထွက်​လိုက်​ပါ။
၁၂။PUBLISHER ဆိုတဲ့​နေရာကိုနှိပ်​ဝင်​လိုက်​ပါ။
၁၄။အဲ့ဒိ​နေရာမှာ ​ဆော့ဖ်​ဝဲလုပ်​သူရဲ့ နာမည်​တို့၊
website/blogspot ရှိရင်​လည်း ကိုယ့်​ဆိုဒ်​ရဲ့
လိပ်​စာတို့၊Gmail လိပ်​စာတို့၊ဖုန်းနံပါတ်​တို့်​၊
message တို့၊introduce စကားတို့၊စသဖြင့်
ထည့်​ထား​ပေးလို့ရပါတယ်​။
ဘာမှမထည့်​ချင်​လည်း ရပါတယ်​။
၁၅။ပြီးရင်​​တော့ ဘယ်​ဘက်​ထိပ်​နားက
Edit wizard ​ဘေးက ခဲတံပုံ​နေရာကို နှိပ်​လိုက်​ပါ။
ok ​ပေးပါ။
၁၆။အဲ့ဒိမှာ My App List ဆိုတဲ့​နေရာမှာ ကိုယ်​ ခုနက လုပ်​ထားတဲ့​ဆော့ဖ်​ဝဲကို​တွေ့ရပါလိမ့်​မယ်​။
၁၇။အဲ့ဒိ​နေရာကိုလက်​နဲ့ click တချက်​နှိပ်​လိုက်​ပါ။
အဲ့​နေရာမှာ Edit တို့၊Delete တို့၊Option တို့ကို
တွေ့ရမှာဖြစ်​ပြီး၊ပြန်​လည်​ပြင်​ဆင်​တည်းဖြတ်​ နိုင်​ပါ​သေးတယ်​။တကယ်​လို့ Edit မလုပ်​ချင်​​တော့ပါက
ဘေးနားက Build စာသား​နေရာကိုနှိပ်​​ပေးလိုက်​ပါ
Start ကိုနှိပ်​ပါ။
၁၉။Build ပြုလုပ်​​နေပါပြီ။
အင်​တာနက်​လိုင်း​ကောင်း​နေဖို့​တော့လိုပါတယ်​။
Build ပြီးရင်​သူ့ဟာသူ apk ကို download ဆွဲ​နေပါလိမ့်​မယ်​။Limit ပြည့်​သွားရင်​ ကိုယ်​လုပ်​ထား
တဲ့ Apk ​လေးကိုရရှိမှာဖြစ်​ပြီး မိမိဖုန်း​ပေါ်ကို install လုပ်​နိုင်​ပါပြီ။
  ပုံ​တွေကို Apk အဖြစ်​ပြုလုပ်​ခြင်းပြီးဆုံပါပြီ
-​ဆော့ဖ်​ဝဲအား ​အောက်​က လင့်​ခ်​မှာ
ဒေါင်းလုပ်​ရယူပါ-
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
http://www.solidfiles.com/d/9e4d3528c4/images2app_v1.06_by_kozawthwin.apk

     အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)

✏Blue Mail v0.9.8.6 App(For Android)✏

image
-မိမိအသုံးပြု​နေတဲ့ Mail အမျိုးအစားအားလုံး
ကို Apk တစ်​ခုထဲက​နေ စီမံထိန်းချုပ်​ Manage
လုပ်​လို့ရ​စေမယ့်​"Blue Mail" ဆိုတဲ့ Android
ဖုန်းအသုံးပြု Application ​လေးတစ်​ခုကို
တင်​​ပေးလိုက်​ပါပြီ-
-Mail အမျိုးအစား ​တော်​​တော်​များများကို ထည့်
သွင်းအသုံးပြုလို့ရတာကို​တွေ့ရပါတယ်​။
Support လုပ်​​ပေးနိုင်​တဲ့Mail အမျိုးအစား​တွေက​တော့......
Gmail, Yahoo, Office 365, AOL, Google Apps, Hotmail, Outlook, iCloud, Mail.ru, Zoho, GMX,Live (Live.com),Yandex,
and any other IMAP mailbox
စတာ​တွေပဲ ဖြစ်​ပါတယ်​-
-Apk File Size က 6.7MB ရှိပါတယ်​။
-ဒီ Apk ကိုအသုံးပြုမယ့်​ ဖုန်းဗားရှင်းက
Android OS Version 4.0 နဲ့အထက်​ရှိထား
တဲ့ ဖုန်း​တွေ​ပေါ်မှာပဲ install လုပ်​ပြီး သုံးနိုင်
မှာပါ။Version 4.0 ရဲ့​အောက်​ဗားရှင်းဖုန်းများ
မှာ​တော့အသုံးပြု၍မရပါ။
ဒါ့​ကြောင့်​မိမိဖုန်းရဲ့ဗားရှင်းနဲ့ချိန်​ညှိပြီးမှသာ
ဒေါင်းလုပ်​ရယူပါလို့အကြံပြုချင်​ပါတယ်​-
-Blue Mail v0.9.8.5 Apk အား​အောက်​က
လင့်​ခ်​ကိုနှိပ်​ပြီး​ဒေါင်းလုပ်​ရယူနိုင်​ပါပြီ-
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
http://www.solidfiles.com/d/82c5999884/Blue-v0.9.8.5-Kozawthwin.apk
    အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)

✏Lucky Patcher v4.4.5✏

image
android application တွေကို full version ဖြစ်အောင်လုပ်ပေးမယ့် Lucky Patcher ဆော့ဖ်ဝဲ လေးတစ်ခုပါ။
~တချို့ သော android apk တွေဟာဆိုရင် "လိုင်စင်ကီး" တောင်းတာတို့ ဝယ်ခိုင်းတာတို့ ပြီးတော့ မျက်စိနောက်စရာ ကြော်ငြာတွေပါနေတာမျိုးတွေရှိတတ်ပါတယ်။
အဲ့လိုမျိုးဖြစ်နေတဲ့ apk တွေကို အခုဒီဆော့ဖ်ဝဲလေးက full version ဖြစ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။android apk တွေကို လိုင်စင်ကီးတောင်းရင် ဒါလေးနဲ့ ထပ်မတောင်းတော့အောင် ဖြုတ်ပေးလို့ရပါတယ်​။
ဒါ့အပြင် Google Ads ဖြုတ်တာတို့ License Verfication ဖြုတ်တာတို့မှာပါတော်
တော်အဆင်ပြေစေပါတယ်။android apk တွေကို full version ဖြစ်အောင်လုပ်ပေးနိုင်တဲ့
ဆော့ဖ်ဝဲ လို့တောင်မှနာမည်ကြီးပါတယ်။အဲ တခုရှိတာက ဒီဆော့ဖ်ဝဲကိုသုံးမယ်ဆိုရင်တော့
မိမိတို့ ဖုန်းဟာ Rooted ဖြစ်ထားရပါမယ်
Root ဖြစ်ပြီးသားဖုန်းတွေပဲအသုံးပြုလို့ရမှာပါ။
apk file size 3.76MB လောက်ပဲရှိပြီး android
version2.0 နှင့်အထက်ဖုန်းများ ဒီဆော့ဖ်ဝဲ ကို
အသုံးပြုနိုင်ပါတယ်။
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
http://www.solidfiles.com/d/df6da77899/Lucky-Patcher-v4.4.5-Kozawthwin.apk

➳ဘယ်​လိုဖြုတ်​လည်းဆိုတာကိုအကြမ်းမျဉ်း​ဖော်​ပြ
ပေးလိုက်​ပါတယ်​။အောက်​ကပုံ​တွေကြည့်​ပါ။
နမူနာအ​နေနဲ့Ram Manager PRO ​ဆော့ဖ်​ဝဲကို
Licence key ဖြုတ်​ပုံကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​➳
image
image
image
image
image
image
   အဆင်​​ပြေပါ​စေ။
       ကို​ဇော်​သွင်​(နည်းပညာ)

✏​ဗေဒင်​​ဆော့ဖ်​ဝဲ(for android)✏

image
မိမိတို့ရဲ့Androidဖုန်း​လေး​ပေါ်က​နေပြီး
မိမိရဲ့ကံဇာတာအ​ကြောင်းစုံကိုတွက်​ချက်
သိရှိ​စေနိုင်​မယ့်​"​ဗေဒင်​​ဆော့ဖ်​ဝဲ"​လေးတစ်​ခု
ကိုတင်​​ပေးလိုက်​ပါပြီ။
-အချစ်ရေး၊စီးပွားရေး၊ပညာရေး၊အိမ်​​ထောင်​​ရေး
စိတ်​ပိုင်းဆိုင်​ရာ၊အလုပ်​အကိုင်​၊​ငွေ​ကြေး
ကျန်းမာ​ရေး၊ခရီးနှင့်​နိုင်​ငံခြားကိစ္စ၊လူမှုဆက်​ဆံ​ရေး၊
နေ့သားအလိုက်​ကံ​ကောင်းမှုများ၊လအလိုက်
ကံကြမ္မာတိုးတက်​မှုများ၊ထီကံကြမ္မာ၊
နှစ်​ချုပ်​ကံကြမ္မာ-
စတာ​တွေကြည့်​ရှုနိုင်​ပါလိမ့်​မယ်​။
apk ဖိုင်​ဆိုဒ်​2.36MBရှိပြီး
ဖုန်းဗားရှင်း2.2နဲ့အထက်​မှာဒီapk​လေးကို
အသုံးပြုနိုင်​မှာပါ။
ဗေဒင်​ဝါသနာပါသူများ​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်
ယူပြီးတွက်​စစ်​ကြည့်​ရှုနိုင်​ပါပြီ။
★DOWNLOAD ဆွဲရန်​ လင့်​ခ်​★
http://www.solidfiles.com/d/cc84fc1e63/Baydinv-v1.0-Kozawthwin.apk

     အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)

✏RAM Manager Pro v7.0.3 Apk✏

image

-မိမိတို့ android ဖုန်းရဲ့ Memory RAM ကို
စိတ်တိုင်းကျ Manages လုပ်ပေးနိုင်မယ့်
RAM Manager PRO v7.0.0 ဆိုတဲ့ နောက်ဆုံးထွက် Full Version Apk လေးကို
တင်ပေးလိုက်ပါပြီ-
-Ram ပိုင်းဆိုင်ရာကို စီမံခန့်ခွဲလုပ်ဆောင်ပေး
နိုင်တဲ့ application ကောင်းတစ်ခုဖြစ်ပါ
တယ်။ပြီးတော့ Custom Rom တင်ထားတဲ့
ဖုန်းမျိုးဆိုရင် Ram ကို ထပ်မံတိုးမြှင့်ယူလို့
ရစေတာဟာ ဒီ app ရဲ့ အထူးကောင်းမွန်တဲ့
စွမ်းဆောင်နိုင်ရည်တစ်ခုလို့ဆိုရမှာပါ။
Full Version Pro လေးဖြစ်တာကြောင့်
Features တော်တော်များများကိုစုံလင်စွာနဲ့
အသုံးပြုခွင့်ရစေမှာပါ။apk file size ကလည်း 611KB သာသာလေးပဲရှိပါတယ်။
ဒီ​apkကိုအသုံးပြုဖို့အတွက်​မိမိဖုန်းဟာRootဖြစ်
ထားဖို့​တော့လိုပါမယ်​-
-ဒီ ဆော့ဖ်ဝဲလေးကို Google Play Store မှာ
ဝယ်ယူအသုံးပြုမယ်ဆိုရင် $3.99 ပေးဝယ်ရမှာဖြစ်ပြီး၊အခုဒီ post လေးမှာတော့
FREE ဒေါင်းလုပ်ဆွဲသွားနိုင်ပါပြီ-
-Apk File Size 611KB ရှိပြီး၊Android
OS Version 2.1 နှင့်အထက်ရှိထားသောဖုန်း
များမှာထည်သွင်းအသုံးပြုနိုင်ပါတယ်-

-​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူနိုင်​ပါပြီ-

★Ram Manager PRO v7.0.3အား​ဒေါင်းရန်​★

http://www.solidfiles.com/d/f6f4188551/Ram-Manager-PRO-v7.0.3-Kozawthwin.apk


★တကယ်​လို့License​တောင်းလာခဲ့ရင်
Lucky Patcher နဲ့ဖြုတ်​ပလိုက်​ပါ။
အောက်​မှာLucky Pacther Apkကိုပါ
တွဲပြီးတင်​​ပေးလိုက်​ပါတယ်​★

★Lucky Patcher v4.4.5အား​ဒေါင်းရန်​★

http://www.solidfiles.com/d/df6da77899/Lucky-Patcher-v4.4.5-Kozawthwin.apk


    အဆင်​​ပြေပါ​စေ။
        ကို​ဇော်​သွင်​(နည်းပညာ)

✏သင့် Android ဖုန်းရဲ့ Mobile အင်တာနက် Data သုံးစွဲနှုန်းကိုဘယ်လိုချုံ့ပစ်​မလည်း?✏

image

-ဒီဆောင်းပါးလေးကိုရေးသားပေးလိုက်ရတာကတော့ အခုမြန်မာနိုင်ငံမှာ မိုဘိုင်း Operator တွေလည်းစတင်လာပြီ ၊ သူတို့ရဲ့ မိုဘိုင်းဖုန်းအင်တာနက်ငွေကြေးကောက်ခံပုံကလည်း နိုင်ငံတကာပုံစံဖြစ်တဲ့ Data သုံးစွဲမှုပမာဏနဲ့ကောက်ခံမှာဖြစ်တဲ့အတွက် ဖုန်းမှာ Data သုံးစွဲနှုန်းကို ဘယ်လိုချုံ့ပစ်ရမလဲဆိုတာကို မိုဘိုင်းဖုန်းအသုံးပြုသူတွေကို သိစေချင်လို့ဖြစ်ပါတယ်။ iPhone တွေကတော့ ဆော့ဝဲအများစုကို Background ကနေ run ခွင့်ပေးမထားတဲ့အတွက် Mobile Data သုံးစွဲနှုန်းအတွက်ထူးထွေသတိပေးစရာမလိုပါဘူး ။ Android ဖုန်းတွေမှာတော့ ဆော့ဝဲအများစုကို Background process အနေနဲ့ run ခွင့်ပေးထားတဲ့အတွက် အင်တာနက်ကနေ Data တွေအမြဲ sync လုပ်နေတဲ့ဆော့ဝဲမျိုးတွေကိုသွင်းထားမိရင် ဖုန်းမှာမလိုအပ်ပဲ အင်တာနက်ကြေးတွေအကုန်အကျအရမ်းများသွားနိုင်ပါတယ်။ ဒါကြောင့် သင့် Android ဖုန်းရဲ့ Mobile အင်တာနက် Data သုံးစွဲနှုန်းကိုလျှော့ချစရာမလိုဘဲ Data Usage ပမာဏကို ဘယ်လိုချုံ့ပစ်မလဲဆိုတာကို တင်ပြပေးလိုက်ရပါတယ်။
Opera Mini ကိုအသုံးပြု ခြင်း

Opera Mini Browser ဟာ မိုဘိုင်း OS တွေအတွက်ထုတ်လုပ်ခဲ့တဲ့ Browser တွေထဲမှာသက်တမ်းအရင့်ဆုံး Browser တစ်ခုလို့ပြောလို့ရပါတယ်။ ဟိုးအရင် Nokia ခေတ်ကတည်းကပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး Mobile Browser တစ်ခုလို့ရည်ညွှန်းရတဲ့အထိကောင်းပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ version တွေမှာဆိုရင် မိုဘိုင်းဖုန်းအင်တာနက် Data အသုံးပြု မှုပမာဏကိုလျှော့ချပေးနိုင်တဲ့အထိကိုစွမ်းဆောင်လာနိုင်တာကိုတွေ့ရပါတယ်။ ဒီ Opera Mini Browser လေးကိုအသုံးပြု ပြီး Website တွေကိုကြည့်ရှုသူတွေအနေနဲ့ မိမိတို့ဖုန်းရဲ့ Website ကြည့်ရှုမှုအတွက် Data သုံးစွဲမှုပမာဏကိုသာမန်ထက် ၂ ဆခန့်လျှော့ချပေးနိုင်တာကို လက်တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီ Browser လေးဟာ သာမန်အတိုင်းကုန်ရမယ့် Data ပမာဏကို Compress လုပ်ပေးလိုက်တာဖြစ်ပါတယ်။ Opera Mini Browser လေးကို အောက်က link မှာရယူနိုင်ပါတယ်။

★Opera Mini Browser for Android★

http://www62.zippyshare.com/v/25951382/file.html


Opera Max ကိုအသုံးပြု ခြင်း

Opera Max ဆော့ဝဲဟာ Opera Mini ကဲ့သို့ Webpage ကြည့်ရုံမဟုတ်ဘဲ Android ဖုန်းထဲမှာသွင်းထားတဲ့ အင်တာနက် data သုံးစွဲတဲ့ app တိုင်းရဲ့ data သုံးစွဲမှုပမာဏကို compress လုပ်ချုံ့ပစ်နိုင်ပါတယ်။ လက်တွေ့စမ်းသပ်ထားမှုအရ Opera Max ဆော့ဝဲကိုအသုံးပြုပြီး Youtube video ကြည့်ရှုနေချိန်မှာ 10 MB ရှိတဲ့ Video ဖိုင်တစ်ခုကိုကြည့်ရှုတာ 3MB သာ Data သုံးစွဲမှုရှိအောင် Compress လုပ်ပေးလိုက်တာကိုတွေ့ရပါတယ်။ လောလောဆယ်မှာတော့ Opera Max ဆော့ဝဲလေးဟာ Beta version အနေနဲ့ပဲထွက်ရှိပါသေးတယ်။ Opera Max Browser လေးကိုအောက်က link မှာရယူနိုင်ပါတယ်။

★Opera Max for Android အားရယူရန်★

http://www32.zippyshare.com/v/99669356/file.html


Onavo Extend ကိုအသုံးပြု ခြင်း

Onavo Extend ဆော့ဝဲကလည်း Opera Max ကဲ့သို့ပါပဲ ။ လုပ်ဆောင်ချက်တူပါတယ်။ သူကတော့ လူသုံးပိုများပါတယ်။ Onavo Extend ဆော့ဝဲကတော့ ဖုန်းမှာအသုံးပြုနေတဲ့ Data ပမာဏကို သက်ဆိုင်ရာ Server ဆီတိုက်ရိုက်မပို့ဘဲ သူ့ရဲ့ကိုယ်ပိုင် VPN Server ဆီကို data ဖြတ်သန်းစေပြီး Data ကို Compress ချုံ့ပစ်လိုက်ပါတယ်။ Opera Max ဆော့ဝဲလိုပဲ ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတိုင်းရဲ့ Mobile Data သုံးစွဲမှုပမာဏကိုလျော့ချပေးနိုင်ပါတယ်။ Onavo Extend ကိုအောက်က link မှာရယူနိုင်ပါတယ်။

★Onavo Extend for Android အားရယူရန်

http://www62.zippyshare.com/v/33303892/file.html


ဒီလောက်ဆိုရင်တော့ အခုပြောခဲ့တဲ့ ဆော့ဝဲများကိုအသုံးပြုပြီး မိမိတို့ Android ဖုန်းတွေရဲ့ မိုဘိုင်းအင်တာနက် Data သုံးစွဲမှုပမာဏကိုသိသိသာသာလျှော့ချလာနိုင်မှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။

Ref: TheAndroidSoul
MMAS

✏Ultimate Guitar Tabs & Chords v3.6.4[Unlocked]Apk(for android)✏

image

-Ultimate Guitar Tab v3.6.4 App
လေးတစ်ခုတင်ပေးလိုက်ပါပြီ။-
-Chords တွေပါ ပြထားပေးတော့ ပိုပြီးအဆင်
ပြေပါတယ်။
-သီချင်းအပုဒ်ပေါင်း ၆သိန်းကျော်ကို ရှာဖွေနိုင်ပါတယ်-
-အင်​တာနက်​လိုင်းအသုံးပြုရန်​လိုပါတယ်​-

-ဒီ app ကို Google Play Store မှာဝယ်​ယူ အသုံးပြုမယ်​ ဆိုရင်​ $2.99 ​ပေးရမှာဖြစ်​ပြီး ဒီမှာ​တော့ Free download ရယူနိုင်​ပါပြီ။

-Apk File Size 10.3MB ရှိပြီး Android OS Version 2.1 နှင့်​အထက်​ ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိုင်ပါပြီ-
-အောက်က လင့်ခ် မှာဒေါင်းယူလိုက်ပါ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★

http://www.solidfiles.com/d/d6df3d3169/Guitar-Tabs&Chords-v3.6.4-Unlocked-By-Kozawthwin.apk


     အဆင်​​ပြေပါ​စေ။
           ကို​ဇော်​သွင်​(နည်းပညာ)

✏Logo-Creator v1.1(android)✏

image

-မိမိတို့ဖုန်း​လေးထဲက​နေLogo design ​တွေကို
PRO တစ်​​ယောက်​လိုဖန်​တီး​ရေးဆွဲလိုသူများအတွက်
"Logo Creator v1.1"ဆိုတဲ့application
လေးတစ်​ခုတင်​​ပေးလိုက်​ပါတယ်​။
features​ပေါင်းများစွာနဲ့စိတ်​ကြိုက်​ဖန်​တီး​ရေးဆွဲနိုင်
မှာပဲဖြစ်​ပါတယ်​။
ဒီappကိုအသုံးပြုဖို့online accessလိုပါမယ်​။
android os version2.0အထက်​ရှိရပါမယ်​။
app file size က​​တော့1.25MBရှိပါတယ်​။
Logo creator apkအား​အောက်​ကလင့်​ခ်​မှာ
ဝင်​ပြီး​ဒေါင်းလုပ်​ဆွဲယူနိုင်​ပါပြီ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★

http://www.solidfiles.com/d/e9bf851d49/Logo-Creator-v1.1-Kozawthwin.apk


     အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)

✏နေ့စဉ်​သုံး အင်​တာနက်​(Pdf စာအုပ်​)✏

image

-​"​နေ့စဉ်​သုံး အင်​တာနက်​" ဆိုတဲ့ စာအုပ်​ တစ်​အုပ်​ကို တင်​​ပေးလိုက်​ပါတယ်​။ဒီစာအုပ်​ ​လေးကို ​ရေးသားပြုစုသူက​တော့
"ကိုမျိုးသူရ" ​ရေးသားပြုစု ထားတာပဲ ဖြစ်​ပါတယ်​။အင်​တာနက်​၊အီး​မေး၊ အ​ကောင်​န့်​ အ​ကြောင်း​တွေနဲ့ အသုံးပြုပုံ ​တွေကို ပြည့်​ပြည့်​စုံစုံ ​ရေးသား ​ဖော်​ပြ ရှင်းလင်း​ပေးထားတာကို ​တွေ့ရပါတယ်​။
ဒီစာအုပ်​ထဲမှာပါတဲ့ မာတိကာ​တွေက​တော့--

-Email အ​ကြောင်း
-Gmail Account ပြုလုပ်​ပုံ
-Gmail အ​ကောင့်​န်​ပြုလုပ်​စဉ်​ အခက်​အခဲများ
-Email ​ပေးပို့ခြင်း
-Email Attach တွဲပို့ခြင်း
-Email ဖွင့်​ဖတ်​ခြင်း
-Gtalk
-Gtalk(text chat)
-Gmail Video Chat
-VZO Chat
-VZO(text chat)
-VZO Video Chat
-Searching Online Friends
-Skype
-Pfingo
-VoipCheap
-MIRC
-Web-Chat
-Chat Room ​ရွေးချယ်​​ပြောနည်း
-Search Engine
-Ebook Search
-Music Search
-Google Earth
-Video-Hosting
-Video download
-Yahoo အ​ကောင့်​န်​ပြုလုပ်​ပုံ
-ကိုယ်​ပိုင်​ Music Station ပြုလုပ်​နည်း
-Type Of E-Cards
-Internet Line Camera
-World Maps Search
-Social Networks
-Online Games

စတဲ့ အ​ကြောင်းအရာ​တွေ ပါဝင်​​ရေးသား ထားတဲ့ စာအုပ်​​ကောင်း​လေး တစ်​အုပ်​ ဖြစ်​ပါတယ်​။အင်​တာနက်​ အသုံးပြုသူတိုင်း ​ဆောင်​ထားသင့်​၊ရှိထားသင့်​တယ်​ ထင်​လို့ တင်​​ပေးလိုက်​ပါခြင်းဖြစ်​ပါတယ်​-

PDF File 30MB ရှိပါတယ်​။
PDF File တို့၊စာအုပ်​တို့ကို ​ဒေါင်းလုပ်ယူမယ်​ ဆိုပါက မိမိစက်​/device/ဖုန်းတို့မှာ-Pdf Downloader ​သော်​လည်း​ကောင်း၊Ebook Downloader ​သော်​လည်း​ကောင်း၊Adobe Reader ​သော်​လည်း​ကောင်း၊Quick Office ​သော်​လည်း​ကောင်း၊ အစရှိတဲ့ ​ဆော့ဖ်​ဝဲ တစ်​မျိုးမျိုးကို Install လုပ်​၊ထည့်​သွင်းထားမှ သာ ​ဒေါင်းလုပ်​ရယူနိုင်​​စေမှာ ဖြစ်​ပါတယ်​-
++++++++++++++++++++++++++++++
အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ဝင်​ယူလိုက်​ပါ

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★

http://www.solidfiles.com/d/3aa48d8c5b/Daily-Using-Internet-Guide-Kozawthwin.pdf


     အဆင်​​ပြေပါ​စေ။
           ကို​ဇော်​သွင်​(နည်းပညာ)

✏Change My Voice v4.0(android)✏

image

✏Change My Voice v4.0(android)✏

-မိမိစကား​ပြောလိုက်​တဲ့အသံကို recordလုပ်​​ပေးပြီး
အသံကိုလိုသလိုချိန်​ညှိ​ပေးမယ့်​​ဆော့ဖ်​ဝဲတစ်​ခုပါ။
Android ဖုန်းအတွက်​ဖြစ်​ပါတယ်​။
အသံကို
-Low/High Pitchလုပ်​နိုင်​ခြင်း

-Slow/Fast Speed ချိန်​နိုင်​ခြင်း

-Metal mode လုပ်​နိုင်​ခြင်း

-Amplify လုပ်​နိုင်​ခြင်း

-Echo,Chrous,Preset
ပြုလုပ်​နိုင်​ခြင်း

-မိမိပြုလုပ်ထားပြီးတဲ့အသံကို
ဖုန်းRingtoneအဖြစ်​ထားရှိအသုံးပြုနိုင်​ခြင်း

-Online Storageများ​အ​ပေါ်သို့Uploadတင်
သိမ်းဆည်းနိုင်​မယ့်​အပြင်​၊အခြား​သောSocial
Net Site များဆီသို့လည်းShare​ပေးလို့ရ​စေမှာပဲ
ဖြစ်​ပါတယ်​-

-Apk File Size 2.1MB ရှိပြီး
-Android OS Version 2.3 နှင့်​အထက်​ရှိ
ထားတဲ့ဖုန်းများမှာထည့်​သွင်းinstallလုပ်​၍အသုံးပြု
နိုင်​မှာပဲဖြစ်​ပါတယ်​-

-​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူနိုင်​ပါပြီ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★

http://www.solidfiles.com/d/2164bb2114/ChangeMyVoice-v4.0-Kozawthwin.apk


     အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)