-ဒီတစ်ခါတင်ပေးလိုက်တဲ့ Apk လေးကတော့
"Phone Spy"လို့ခေါ်တဲ့ application လေး
တစ်ခုပဲဖြစ်ပါတယ်-
-ဒီ app လေးရဲ့အသုံးဝင်မှုကတော့ မိမိဖုန်းကို
အခြားသူတစ်ယောက်ယောက်က လာကိုင်လိုက်
ရင် အဲ့ဒိသူရဲ့ပုံကို လျှို့ဝှက်ကင်မရာကနေ
ဓါတ်ပုံရိုက်ကူးထားပေးမှာပဲဖြစ်ပါတယ်-
-ဓါတ်ပုံရိုက်လိုက်တာကိုလည်း အဲဒိသူသိမှာ
မဟုတ်ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့
ဖုန်းကိုကိုင်ပြီးဖွင့်လိုက်တာနဲ့၊Flash မီးမပွင့်ဘဲ
လျှို့ဝှက်ကင်မရာကနေ၊ဓါတ်ပုံရိုက်ယူလိုက်
မှာပဲဖြစ်ပါတယ်-
-ဒီ app ကိုသုံးဖို့အတွက်ကတော့၊မိမိဖုန်း handset မှာ "front camera"ရှေ့ကင်မရာ
ပါရှိထားဖို့တော့ လိုပါမယ်။ရှေ့ကင်မရာမပါရှိ
တဲ့ ဟန်းဆက်တွေတော့ အသုံးပြုလို့မရပါဘူး။
နောက်ပြီးတစ်ခုရှိတာက ကိုယ့်ဖုန်းရဲ့ ဗားရှင်း
Android OS Version 4.0 နဲ့အထက်ရှိထား
တဲ့ဖုန်းတွေမှသာ အသုံးပြုနိုင်မှာပါ။v4.0 ရဲ့
အောက်၊v2.3.6 တို့ဘာတို့ အစရှိတဲ့ device
တွေမှာသုံးလို့မရနိုင်ပါဘူး။ဒါ့ကြောင့်ဒေါင်းလုပ်
မဆွဲမီကို မိမိဖုန်းရဲ့ဗားရှင်းနဲ့ချိန်ညှိပြီးမှသာ
ဒေါင်းလုပ်ဆွဲဖို့အကြံပြုချင်ပါတယ်-
"Apk အသုံးပြုပုံ"
၁။ပေးထားတဲ့လင့်ခ်ကိုနှိပ်ပြီးဒေါင်းလုပ်ဆွဲပါ။
၂။ဒေါင်းလုပ်ဆွဲ၌ရရှိလာတဲ့"Phone Spy"
App အား installing လုပ်ပါ။
၃။ပြီးရင် App ထဲကိုဖွင့်ဝင်ပါ။
၎။အပေါ်ဆုံးက PhoneSpy turned on ဆိုတဲ့
စာသားနေရာဘေးနာက စက်ဝိုင်းလုံးလေးနေရာ
ကို လက်နဲ့ click တချက်နှိပ်ပေးလိုက်ပါ။
စက်ဝိုင်းလုံးလေးက အစိမ်းရောင်လေးပြောင်း
သွားပါလိမ့်မယ်-
၅။ပြီးရင် Back key နဲ့ပြန်ထွက်လိုက်ပါ-
ဒါဆိုရင်ပြီးပါပြီ။မိမိဖုန်းလေးထဲမှ Spy ချထား
ပြီးသွားပါပြီ။
စမ်းကြည့်ချင်တယ်ဆိုရင် ဖုန်းကို screen
ပိတ်ပြီး၊ပြန်ဖွင့်ကြည့်ပါ။အဲ့ဒိမှာဖုန်းရဲ့
ရှေ့ကင်မရာကနေပြီး၊ဖုန်းဖွင့်သူကို လျှို့ဝှက်စွာ
Flash မီးမပွင်ဘဲနဲ့ ဓါတ်ပုံရိုက်ကူးလိုက်တယ်။
အဲ့ဒိပုံကိုကြည့်ချင်ရင်တော့၊ဖုန်း sd card ရဲ့
Pictures>>PhoneSpy ဆိုတဲ့ ဖိုဒါဖိုင်လေးထဲ
ကိုဝင်ကြည့်နိုင်သလို၊Gallary ထဲမှာလည်း
ဝင်ကြည့်နိုင်ပါတယ် ဆိုတဲ့အကြောင်းပြောကြား
ရင်းနဲ့ "PhoneSpy"ဆိုတဲ့ Application
လေးအကြောင်းကို အဆုံးသတ်လိုက်ရပါတယ်-
-Apk File Size 605KB ရှိပြီး
-Android OS Version 4.0 နှင့်အထက်ရှိထား
သောဖုန်းများမှာ ထည့်သွင်း installing ပြုလုပ်
၍အသုံးပြုနိုင်ပါတယ်-
-အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်-
(အစိမ်းရောင် Download ရဲ့အောက်က
Direct download link ဆိုတဲ့စာသား
နေရာကိုနှိပ်ပြီးဒေါင်းလုပ်ဆွဲပါ)
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
0 comments:
Post a Comment