-မိမိတို့ android ဖုန်းလေးကနေ၊ဒီ app ကို
အသုံးပြုပြီး၊"ဝှက်စာ"တွေကိုဖော်ပေးမယ့်
ဆော့ဖ်ဝဲလေးတစ်ခုကိုတင်ပေးလိုက်ပါပြီ-
-Base64 ရဲ့ Coding စနစ်ကိုအသုံးပြုပြီး
ပြုလုပ်ရေးသားထားတဲ့"ဝှက်စာ"တွေကိုဖော်
ပေးနိုင်ပါတယ်။
(ဥပမာ) 4YCZ4YCC4YGk4YCc4YCs4YCb4YC94YCt4YCV4YCr4oCL4YCx4YCF
အဲ့လိုရေးသားထားတဲ့"ဝှက်စာ"ကိုပြန်ဖြည်
ကြည့်လိုက်မယ်ဆိုရင်(မင်္ဂလာရှိပါစေ)
ဆိုပြီးရေးသားထားတာကိုတွေ့ရပါမယ်-
-ဒီ app ကိုအသုံးပြုပြီး မိမိကိုယ်တိုင်လည်း
"ဝှက်စာ"များကိုဖန်တီးရေးသားနိုင်သလို၊
တဖက်သူရေးသားထားတဲ့"ဝှက်စာ"တွေကို
လည်းအဓိပ္ပါယ်ပြန်ဖော်နိုင်မှာပဲဖြစ်ပါတယ်-
-တချို့နိုင်ငံခြား website တွေနဲ့၊blogging
ဆိုဒ်တချို့တွေမှာ အခုလိုမျိုး"ဝှက်စာ"တွေ
နဲ့ရောပြီးတင်တတ်ပါတယ်။အဲ့ဒိစာမျိုးတွေကို
Copy ယူ၊Paste ချပြီး၊ဘာသာပြန်ဖတ်လို့
ရရှိစေမှာပါပဲ-
★Apk အသုံးပြုပုံ★
၁။ပေးထားတဲ့လင့်ခ်ကိုနှိပ်ပြီးapkကိုဒေါင်းပါ။
၂။ပြီးရင်apk အားဖုန်းပေါ်သို့installingလုပ်ပါ။
၃။Apkထဲကိုဖွင့်ဝင်ပါ။
၎။Enter Text နေရာမှာကိုယ်ရေးချင်တဲ့စာသား
တွေကိုရေးပါ။ဒါမှမဟုတ်လည်း Copy
ကူးထားတဲ့စာတွေကို အဲ့ဒိနေရာမှာ Paste
ချပေးလိုက်လည်းရပါတယ်။
၅။အားလုံးရေးပြီးသွားရင်တော့ သူ့အောက်က
Encode ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ပါ။
၆။အဲ့ဒါဆိုရင်နောက်တစ်မျက်နှာမှာ ကိုယ်ခုနက
Enter Text နေရာမှာရေးခဲ့တဲ့ စာတွေကို
"ဝှက်စာ"အနေနဲ့ပြောင်းလည်းရရှိစေပါပြီ။
၇။အဲ့ဒိပြောင်းလည်းသွားတဲ့"ဝှက်စာ" code
တွေကို၊အောက်က Copy ဆိုတဲ့နေရာကို
နှိပ်လိုက်ပြီး၊Clipboard သို့ Copy ကူးယူ
လိုက်ပါ။
၈။အဲ့ဒိကိုယ်လုပ်ထားတဲ့"ဝှက်စာ"ကိုသိမ်းထား
ချင်တယ်ဆိုရင်၊မိမိဖုန်းရဲ့ notepad
ဆော့ဖ်ဝဲ(ကျနော်ကတော့ color notepad
ဆိုတာကိုသုံးတယ်) ထဲကိုဝင်ပြီး Paste
ချပေးပြီး၊သိမ်းမှတ်ထားကာ၊Gmail တို့၊
Facebook တို့၊Website တို့၊အစရှိတဲ့
Social net တွေဆီသို့ Share လို့ရစေ
ပါတယ်။
၉။"ဝှက်စာ"တွေကိုအဓိပ္ပါယ်ဖော်မယ်ဆိုရင်
အဲ့ဒိ"ဝှက်စာ"နဲ့ရေးသားထားတဲ့ Code တွေ
ကို Copy ကူးယူလိုက်ပါ။
ပြီးရင်အခုဒီဆော့ဖ်ဝဲလေးထဲဝင်လိုက်ပြီးရင်
Enter Text ဆိုတဲ့နေရာထဲကို လက်ကလေး
နဲ့ long press ကြာကြာဖိထားပေးထားကာ
Paste ကိုနှိပ်ပေးပြီး Paste ချပေးလိုက်ပါ။
ပြီးရင်သူ့အောက်ဆုံးက Decode ဆိုတဲ့နေရာ
ကိုထပ်နှိပ်ပေးလိုက်ရင်၊နောက်တစ်မျက်နှာ
မှာ "ဝှက်စာ"code တွေကို၊အဓိပ္ပါယ်ဖော်ပေး
ထားတာကိုတွေ့ရမှာဖြစ်ပါတယ်..ဆိုတဲ့
အကြောင်းပြောကြားရင်းနဲ့
" Base64 Encoder/Decoder" အသုံးပြုပုံ
ကိုနိဂုန်းချုပ်၍အဆုံးသတ်လိုက်ပါတယ်။
-Apk File Size 1.3MB လောက်ပဲရှိပြီး
-Android OS Version 2.2 နှင့်အထက်ရှိတဲ့
ဖုန်းများမှာ ထည့်သွင်း installing ပြုလုပ်၍
အသုံးပြုနိုင်ပါတယ်။
-အောက်ကလင့်ခ်ကိုနှိပ်၍Apkအားဒေါင်းယူပါ-
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
★DOWNLOAD ဆွဲရန် လင့်ခ်★
Description
Base64 Encoder Decoder
===================
This is a very simple but very useful application both for programmers and non-programmers.
If you want to send a encoded message to someone, just paste the text and get it encoded, ask the receiver of the message to decode it using this app.
Features :
- Simple, Clean UI
- Encode/Decode text.
- Copy Encoded/Decoded text to ClipBoard.
- Share text on Social Media.
- Email Text.
- SMS/Text Message Text.
Additional information
Updated
26 February 2014
Size
1.3M
Installs
500 - 1,000
Current Version
1.2
Requires Android
2.2 and up
Content Rating
Low Maturity
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)