မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။
Showing posts with label photo shop နည်းပညာ. Show all posts
Showing posts with label photo shop နည်းပညာ. Show all posts

skeleton dance animation အရိုးခြောက် အော်တို ကနေတဲ့  ပုံလေး

0 comments
ဤသင်ခန်းစာကို မလေ့လာမီ ရှေ့မှာရေးသားထားသော animation သင်ခန်းစာများကို အရင်လေ့လာပါရန် ရှေးဦးစွာ တိုက်တွန်းပါသည်။
CS3 ကိုအသုံးပြုပြီး animation ပြုလုပ်တဲ့အခါမှာ animation palette ဟာနှစ်မျိုး handle လုပ်နိုင်ပါတယ်။ Frame animation နဲ့ Timeline animation တို့ပဲဖြစ်ပါတယ်၊ အခုလောလောဆယ်တော့ Frame animation ကိုပဲအသုံးပြုပါဦးမယ်၊ နောက်သင်ခန်းစာတွေမှပဲ Timeline animation အကြောင်းကို ရေးသားပေးပါ့မယ်။
Frame animation ကတော့ ရှေ့ကသင်ခန်းစာတွေမှာဖော်ပြခဲ့တဲ့ အတိုင်းလွယ်ကူပါတယ်။ တစ်ခုရှိတာက သူ့မှာ ImageReady မပါဝင်တော့ပါဘူး၊ ဒါပေမယ့် အဲဒီအစား window>animation menu ထည့်ပေးထားပါတယ်၊ ပိုအဆင်ပြေပါတယ်။ ဒီ file လေးကို download လုပ်ပြီးဖွင့်လိုက်ရင်အောက်ပါအတိုင်းမြင်ရပါမယ်။



အရိုးခေါင်းဘယ် ညာ ကြည့်နေတာနှစ်လုံး လက်လေးဘက်၊ ခြေလေးဘက်ပါဝင်ပါမယ်။ layer အသေးစိတ်ကိုတော့ layer palette မှာကြည့်ပါ။ အခုလုပ်မယ့် animation မှာကတော့ ပထမအရိုးခြောက်လေးရဲ့ ခြေ လက် ခေါင်း တွေက အောက်ပါပုံအတိုင်းနေပါမယ်။

အဲဒီပုံစံအနေအထားအတိုင်း ခုန်ဆွ ခုန်ဆွ သုံးခါလုပ်ပြီး ညာဘက်ကိုသွားမှာပါ (ဤသင်ခန်းစာတွင် အသုံးပြုသော ဘယ် ညာ စနစ်မှာ Object ဘက်မှကြည့်၍ ပြောသောစနစ်ကိုသုံးပါမည်) ။ ပြီးရင် အောက်ပါပုံအတိုင်းပြောင်းသွားပြီး ဘယ်ဘက်ကို ခုန်ဆွ ခုန်ဆွ ပြန်သွားမှာ ဖြစ်ပါတယ်။

ခေါင်းတွေ ခြေ လက်တွေကို layer တစ်ခုခြင်းစီ ပြုလုပ်ပေးထားတဲ့ အတွက် Layer visible တွေကို on / off ပြုလုပ်ပေးရင် ရပြီဆိုတာကို သင်သဘောပေါက်နေလောက်ပါပြီ။ ကဲစလိုက်ရအောင်။ Window>Animation menu ကိုနှိပ်ပြီး animation palette ကိုခေါ်ပါမယ်။

တကယ်လို့ animation palette ဟာ timeline mode မှာဖြစ်နေတယ်ဆိုရင်တော့ animation palette မှာပါတဲ့ popup menu (flyout menu) ကနေ Frame animation mode ကိုပြောင်းပေးပါ။

Toolbox ထဲကနေ move tool ကို select လုပ်ထားရအောင်၊ ဒီသင်ခန်းစာတစ်ခုလုံးမှာ Move tool ကိုပဲသုံးသွားမှာပါ။

Layer တွေအားလုံးကို Link ချိတ်ထားပါတယ်၊ ပုံမှာကြည့်ပါ။ အဲဒါကြောင့် Move လုပ်တဲ့ အခါ ခေါင်း ခြေ လက် ကိုယ်လုံး အကုန်လုံး ပါရွေ့သွားမှာပါ။

အဆင့် (၁) အနေနဲ့ frame 1 မှာမြင်ရမယ့် ခေါင်းတွေ လက်တွေ ခြေတွေကို ဖွင့်ထားပြီး မလိုတဲ့ အပိုင်းတွေကို layer palette မှာပိတ်ရအောင်။

အဆင့် (၂) animation palette ရဲ့ popup menu ကနေ New Frame ယူပါမယ်။ ဒါဆိုနောက်ထပ် frame 2 ဆိုပြီး frame အသစ်တစ်ခုရောက်လာမှာပါ။ အဲဒီမှာ keyboard ကနေ Arrow key လေးတွေကိုအသုံးပြုပြီး အပေါ်တက် ညာဘက်ရွေ့လုပ်မှာပါ။ ဒါကြောင့် Up Arrow key ကို ၅ ခါနှိပ်ပြီး Left Arrow key ကို ၁၀ ခါနှိပ်ပါ့မယ်။
အဆင့် (၃) New frame တစ်ခုထပ်ယူပါမယ်။ frame 3 ပေါ်လာတဲ့အခါမှာတော့ အောက်ဆင်း ညာဘက်ကပ်မှာပါ။ Down Arrow key ကို ၅ ခါနှိပ်ပြီး Left Arrow key ကို ၁၀ ခါနှိပ်ပါ့မယ့်။
အဆင့် (၄) မှာတော့ အထပ်မှာပြုလုပ်ခဲ့တဲ့ အတိုင်း new frame ယူပြီ ညာဘက်အပေါ်တက်ပါမယ်။
အဆင့် (၅) new frame ယူပြီး ညာဘက်အောက်ပြန်ဆင်းပါမယ်။
အဆင့် (၆) new frame ယူပြီး ညာဘက်အပေါ်ပြန်တက်ပါမယ်။
အဆင့် (၇) new frame ယူပြီး ညာဘက်အောက်ပြန်ဆင်းပါမယ်။
အဆင့် (၈) မှာ ပုံကို new frame ယူပြီး အောက်ပါပုံအတိုင်းရအောင် layer တွေကို အဖွင့် အပိတ်ပြုလုပ်ပါမယ်။

အဆင့် (၉) ကတော့ new frame ယူပြီး အပေါ်ခုန်ပြီး ဘယ်ဘက်သွားမှာပါ၊ keyboard ကနေ Up Arrow key ကို ၅ ခါနှိပ်ပြီး Right Arrow key ကို ၁၀ ခါနှိပ်မှာပါ။
အဆင့် (၁၀) new frame ယူပြီ အောက်ဆင် ဘယ်ဘက်သွားမှာပါ၊ Down Arrow key ၅ ခါနှိပ်ပြီး Right Arrow key ၁၀ ခါနှိပ်ပါမယ်။
အဆင့် (၁၁) new frame ယူပြီး ဘယ်ဘက်အပေါ်တက်ပါမယ်။
အဆင့် (၁၂) new frame ယူပြီး ဘယ်ဘက်အောက်ဆင်းပါမယ်။
အဆင့် (၁၃) new frame ယူပြီး ဘယ်ဘက်အပေါ်တက်ပါမယ်။
အဆင့် (၁၄) new frame ယူပြီး ဘယ်ဘက်အောက်ပြန်ဆင်းပါမယ်။
အဆင့်များအားလုံးပြီးရင် frame ၁၄ ခုရပါမယ် frame 1 နဲ့ frame 8 ကို frame delay time 0.3 sec ထားပြီး ကျန်တဲ့ frame တွေကိုတော့ 0.1 sec ထားပါမယ်။ frame delay time နဲ့ လှုပ်ရှားမှုများကိုတော့ အောက်ပါပုံအတိုင်း အကြမ်းပြန်ကြည့်လို့ရပါတယ်။



အခုဆိုရင်တော့ fram များအားလုံးတည်ဆောက်ပြီးသွားပါပြီ၊ File>Save for web & devices ကိုနှိပ်ပါမယ်။ အဲဒီနောက်မှာတော့ ပေါ်လာတဲ့ Dialog box မှာ အောက်ပါ setting တွေအတိုင်းရွေးပြီး Save button ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့ dialog box မှာ File နေရာရွေး နံမည်ပေးပြီး save လိုက်ရင် အောက်ပါအတိုင်း animated gif တစ်ခုကိုရရှိပြီဖြစ်ပါတယ်။

အကယ်၍ အဆင့်များပြုလုပ်ရ အခက်အခဲရှိပါက ဒီ file လေးကို download လုပ်ပြီး လေ့လာနိုင်ပါတယ်။ မိမိကိုယ်ပိုင် idea များနှင့် စမ်းသပ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။ နောက်ထပ်ပြီး timeline animation သင်ခန်းစာကိုလဲ ဖော်ပြပေးပါဦးမယ်။

ဝန်ခံချက်>>တစ်ဆင့်ကူးယူဖေါ်ပြသည်။
Read more...

photo shop မှာ မျက်လုံးကာလာ ချိန်းမယ်

0 comments

ဓါတ်ပုံပြင်သည့် နည်းစနစ်ထဲမှာလည်း အရေးကြီးသလို Photoshop မှာလည်း အခြေခံဖြစ်တဲ့ မျက်လုံး လေးတွေကို အရောင်ပြောင်း ကြည့်ရ အောင်ဗျာ…..။
1 – ပထမဆုံး ကိုယ့်ရဲ့ ပြောင်းချင်တဲ့ဓါတ်ပုံကို File -> Open မှ တစ်ဆင့် ယူပါ…။
2 - Tool Box မှ Eliptical Marquee tool ကို သုံးပြီး အခုလို လုပ်လိုက်နော်။
3 – ပြီးရင်  layer – >New adjustment layer -> Hue/Saturation, ထဲမှာ ဒီလို စိတ်ကြိုက် Setting တွေကို ချိန်လို့ ရပါတယ်…။ colorize’ box လေးကို အမှတ် ခြစ်ဖို့ မမေ့နဲ့နော်။ Ctrl + U ကိုနှိပ်လို့လည်း ရတယ်နော်…. မြန်တာပေါ့ဗျာ။
အိုကေ နဲ့ ထွက်လိုက်နော်….။
4 -  ကဲ လှသွားပြီနော်….။

တစ်ဆင့်ပြန်လည်မျှဝေလိုက်ပါသည်။
Read more...

How to make Bar Code in Photoshop ဘာကုဒ်လေးဖန်တီးရအောင်

0 comments

ဒီတစ်ခေါက်တော့ မြင်ဖူးနေကြ bar code တွေလုပ်ကြည့်ကြရအောင်။ ဒီ တျူတိုရီရယ်ကိုတော့ www.photoshopstar.com မှ ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
Bar code

  1. ပထမဆုံး 500×300 px ရှိတဲ့ file အသစ်ဖွင့်လိုက်ပါ။ ပြီးရင် Rectangular Marquee Tool ကို ယူပြီး အောက်ပါ ပုံကဲ့သို့ ဆွဲပါ။ ပြီးရင် layer အသစ်တစ်ခုခေါ်ပြီး အမည်းရောင် ဖြည့်ပါ။
    Untitled
  2. Ctrl+D နှိပ်ပြီး Deselect လုပ်ပါ။ Filter>Noise>Add Noise ကိုသွားပြီး အောက်ပါအတိုင်းလုပ်ပါ။
    Untitled1
  3. ပြီးရင် Single Row Marque Tool ကိုရွေးပြီး ပုံရဲ့ အလယ်နားလောက် ကနေ ဆွဲပါ။
    Untitled2
  4. Ctrl+T နှိပ်ပြီး အလယ် အစက်မှ အပေါ်နှင့်အောက်သို့ချဲ့ပါ။ အောက်ကပုံလို ရလာပါလိမ့်မယ်။ ပြီးရင် Enter နှိပ်ပါ။
    Untitled3
  5. Ctrl+D ဖြင့် select ဖြုတ်ပါ။ ပြီးရင် Rectangular Marquee Tool ဖြင့် အောက်ပိုင်းနားကို select မှတ်ပါ။ Delete နှိပ်ပြီးရှင်းလိုက်ပါ။
    Untitled4
  6. အောက်ဘက်နားက ကုဒ်နံပတ်တွေ အတွက် စာရိုက်ထည့်ပါတော့မယ်။ Deselect လုပ်ပါ။ Horizontal Type Tool ကိုနှိပ်ပြီး ပုံရဲ့ အောက်နားမှာ နှိပ်ပါ။ နံပတ်တွေမထည့်ခင် Window>Character ကိုသွားပါ။ အောက်ကအတိုင်းပြင်လိုက်ပါ။
    Untitled5
  7. ပြီးရင် နံပတ်တွေရိုက်ထည့်ပါ။
    Untitled6
Reference: www.photoshopstar.com
ကျေးဇူးတင်ပါတယ်။
ပြန်လည်မျှဝေပေးလိုက်ပါသည်။
Read more...

Illustrator နဲ့ CD Cover လေးတစ်ခု လုပ်ကြည့်ရအောင်

0 comments
CD cover

ပထမဆုံး Line Segment Tools နဲ့ Line ဖြောင့် တစ်ခုကို Shift Key ကိုဖိပြီး အရင်ဆွဲပါ။ Line ရဲ့  Stoke Weitght ကို 7pt လောက်ထားပါ။
1

Line ရဲ့  ဘယ်ဘက် အစွန်မှာ Alt Key ကိုဖိပြီး Click တစ်ချက်နှိပ်ပါ။ Angle ကိုတော့ 45ံ ထားထာပါမယ်။ ပြီးရင်တော့ 90,135,180,225,270,315 ဆိုပြီး စက်ဝိုင်း တစ်ပတ်ပြည့်အောင်ရိုက်သွားပါ။
2

နောက်ဆုံး တစ်ပတ်ပြည့်သွားရင်တော့ အောက်မှာပြထားတဲ့ပုံစံလေးရလာပါပြီ။
3

ပြီးရင်တော့ ToolBox မှ Selection Tool (V) ကိုယူပြီး Line တွေကို Select မှတ်ပေးပြီး Stoke Color ကို ကြိုက်နှစ်သက်ရာ အရောင်တစ်မျိုးစီ ပြောင်းပေးပါ။
4

ပြီးရင်တော့ Tool box ထဲက Blend Tool (W) ကိုယူပြီး Line တွေရဲ့  ဘယ်ဘက် အစွန်းတစ်ဖက်စီကို Click တစ်ချက်စီနှိပ်ပေးပါ။ ဒါဆိုရင် အောက်မှာပြထားတဲ့ ပုံလေးအတိုင်းရရှိလာမှာ ဖြစ်ပါတယ်။
5
6 copy


နောက်တစ်ဆင့်လုပ်ရမှာတော့ Tool Box ထဲက Elipse Tool (L) ကိုယူပြီး Shift+Alt Key ကိုဖိပြီး Center မှစက်ဝိုင်းတစ်ခုကို ဆွဲပေးပါ။
7

အဲ့ဒီနောက်မှာတော့ စက်ဝိုင်းဘေးက ပိုနေတဲ့ အသားတွေကိုဖြတ်ပစ်လိုက်ချင်တာပါ။အဲ့ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ Ctrl+A ကိုနှိပ်ပါ။ Object > Clipping Mask > Make (Ctrl+7) ကိုရွေးပေးပါ။ ဒါဆိုရင်အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းရနေပါပြီ။
8

နောက်ထပ်ပြီးတော့ စက်ဝိုင်းရဲ့  အလယ်ဗဟိုမှ elipse tool  (L)  လေးနဲ့ Alt+Shift ကိုဖိပြီး စက်ဝိုင်းအငယ်တစ်ခုကို ထပ်ဆွဲပေးပါ။ ဆွဲပြီးရင်တော့ Keyboard ကနေပြီး D Key ကိုနှိပ်ပါ။ ပြီးရင်တော့ Stoke ကို None ပေးလိုက်ပါ။ အခုလိုမျိုး CD Cover လှလှလေးတစ်ခုရပါပြီ။
9
ကဲ အခုလို လိုက်ပြီးတဆင့် ချင်းလိုက်လုပ်ရလို့ ပင်ပန်းသွားပြီနော်။
ဆက်ပြီး ကြိုးစားပါဦးမယ်။…

ပြန်လည်မျှဝေပေးလိုက်ပါသည်။
Read more...

Android Dictionary Logo ပုံလေးတစ်ခု ဆွဲကြည့်ရအောင်

0 comments
http://www.myanmartutorials.com/wp-content/uploads/2010/08/ssandrodid.jpg
ဘာ Logo လေး tutorial တင်ရင်ကောင်းမလဲ စဉ်းစားနေတုန်း Android fan ဖြစ်တဲ့ အဲမွန်က Android Dictionary Logo လေးဆွဲပါလားလို့ အကြံပေးလာပါတယ်။ ဒါကြောင့် ဒီ tutorial လေးကိုတင်ဖြစ်တာပါ။ ကိုသီဟ ပိုစ့်မှာ ပြောထားတဲ့အတိုင်း Designer ဆိုတာ ဝေဖန်ခံနိုင်ရပါမယ်။ အဲ့ဒီအတွက် Logo လေးကောင်းမကောင်း comment လေးပေးပြီး အားမနာတမ်း ဝေဖန် အကြံပြုပေးပါနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကဲ tutorial လေးစလိုက်ကြရအောင်!
ပထမဦးစွာ New Layer တစ်ခုခေါ်ပြီး Rectangular Marquee Tool ဖြင့် Rectangular ပုံလေးတစ်ခု ကိုအရင် ဆွဲရအောင်နော်။ ပြီးရင်  Gradient Tool ဖြင့် အရောင်လေးတစ်ရောင်ကို fill လုပ်ကြရအောင်။
http://www.myanmartutorials.com/wp-content/uploads/2010/08/11.jpg
Deselect မလုပ်ခင် Alt Key ကိုဖိပြီး ကိုလိုသလုပ် cut လုပ်လိုက်ပါ။
http://www.myanmartutorials.com/wp-content/uploads/2010/08/21.jpg


ပြီးရင် Ctrl + D Deselect လုပ်ပါ။ New layer အသစ်တခုထပ်ယူပါ။ ပြီးရင် Brush Tool ဖြင့် white color ကိုရွေး ၍ soft stroke လေးများကို create လုပ်ပါ။
http://www.myanmartutorials.com/wp-content/uploads/2010/08/31.jpg
အဲ့ဒီနောက်မှာတော့    Filter Menu > Distort > ZigZag ကိုရွေးပြီး၊ Amount နဲ့ Ridges ကိုအဆင်ပြေသလိုယူသုံးပါ။ Style ကိုတော့ Pond ripples ကိုရွေးပေးပါ။ ဒီလိုပုံစံမျိုးလေးပေါ့။
http://www.myanmartutorials.com/wp-content/uploads/2010/08/41.jpg
ပြီးရင်တော့ Layer ရဲ့ Opacity ကိုနည်းနည်းလျော့ပေးပါ။ နောက်ထပ် new layer တစ်ခုကို ထပ်ယူပါ။ Custom Shape Tool ကိုယူပါ။ ကိုယ်ကြိုက် နှစ်သက်ရာ ပုံ တစ်ခုကို ယူပြီးဆွဲပါ။
http://www.myanmartutorials.com/wp-content/uploads/2010/08/51.jpg
နောက်တဆင့် ကဘာလုပ်ချင်တာလဲဆိုရင် အပေါ်မှာဆွဲခဲ့တဲ့ Shape လေးကို အရိပ်ပြန်ထင်နေသလိုမျိုးလုပ်မှာပါ။
ဒီတော့ Custom Shape Tool နဲ့ဆွဲထားတဲ့ layer ကိုရွေးပြီး Duplicate Layer ယူပါ။ Edit > Transform > Flip Vertical  လို့ ပြောင်းလိုက် ရင်တော့ ဒီလို ပုံလေးရပါမယ်။
http://www.myanmartutorials.com/wp-content/uploads/2010/08/6.jpg
Type Tool ကိုယူပြီးကိုယ်လိုချင်တဲ့ စာကို ရိုက်ပါ။  ဒီ tutorial လေးမှာတော့ Tutorial လို့ဘဲရေးလိုက်မယ်နော်။
http://www.myanmartutorials.com/wp-content/uploads/2010/08/71.jpg
ပြီးရင်နောက်တဆင့် ဘာလုပ်ကြမလဲဆိုရင် Dictionary လေးရဲ့ ဘေးမှာ Dictionary title လေးကို ဒေါင်လိုက်ထည့်ပါမယ်။ အဲ့ဒီလိုမျိုး လုပ်ဖို့အတွက် Tutorial ဆိုတဲ့ layer ကို Duplicate layer ယူပါ။ Edit > Transform > Rotate 90 CCW လို့ထားပြီး စာသားလေးကို ဒေါင်လိုက် ထားလိုက်ပါမယ်။
http://www.myanmartutorials.com/wp-content/uploads/2010/08/82.jpg
ပြီးရင်တော့ အောက်ခြေနားလေးမှာ    Barcode လေးတစ်ခု ထပ်ထည့် ရအောင်နော်။ Barcode လုပ်ပုံလုပ်နည်းကတော့ tutorial လေး ရှည်သွားပြီး အီသွားမှာ စိုးလို့ ဒီ tutorial လေးမှာ မထည့်ပေးထားတော့ ပါဘူးနော်။
http://www.myanmartutorials.com/wp-content/uploads/2010/08/96.jpg
ဒီလိုနဲ့ နောက်တစ်ဆင့်ကတော့ Edit > Transform > Perspective နဲ့ ဒီလိုပုံလေးရလာအောင် ကြည့်ကောင်းသလို ချိန်ပေးပါ။
http://www.myanmartutorials.com/wp-content/uploads/2010/08/10.jpg
ကဲ အခုချိန်မှာ Dictionary လေးက ရုပ်လုံးနည်းနည်းပေါ်လာပြီပေါ့။ အဲ့ ဒီ Dictionary လေးကို အလင်းပြန် နေသလိုမျိုး ဆက်ပြီး လုပ်ကြည့် ကြတာပေါ့နော်။ Duplicate Layer ယူ Edit > Transform > Flip Vertical ဒီလိုပုံလေးကို ဖြစ်အောင်လုပ်ပါမယ်။
http://www.myanmartutorials.com/wp-content/uploads/2010/08/111.jpg
ထို့နောက်မှာတော့ အလင်းပြန်ဖို့လုပ်ထားတဲ့ layer လေးကို အနည်းငယ်စောင်းဖို့ အတွက် Edit > Transform > Skew ကိုရွေးပေးပါ။
http://www.myanmartutorials.com/wp-content/uploads/2010/08/12.jpg
Finally, Select Marquee Selection Tool ကိုယူပြီး Feather: 30px လောက်ထားပြီး Delect လုပ်ပါ။
ဒီလိုပုံလေးရလာပါလိမ့်မည်။
http://www.myanmartutorials.com/wp-content/uploads/2010/08/14.jpg

အားလုံးပြီးစီး သွားရင်တော့ အခုလိုလှပတဲ့  Logo လေးတစ်ခုရပါပြီ။
ဒီ tutorial လေးကို ကြည့်ပြီး အောက်မှာ ဆွဲပြထားတဲ့ Android Dictionary Logo လေးကိုလည်း ဆွဲတက်လိမ့်မယ်လို့ထင်ပါတယ်။


Ref: ဒီ tutorial လေးဖြစ်မြောက်ဖို့အတွက် www.photoshopstar.com မှ tutorials များကို မှီညမ်းထားကြောင်းလည်း ပြောချင်ပါသေးတယ်။
( ကူးယူဖော်ပြသည်။  )
Read more...

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး