ေမာင္မင္းသား ဘေလာ့ေလးမွ ၾကိဳဆိုပါတယ္ ေရာက္ ရွိလာ သူအေပါင္း က်န္းမာခ်မ္းသာၾကပါေစ။ တာခ်ီလိတ္ သတင္းလႊာမွ တာခ်ီလိတ္ ေဒသနွင့္သက္ဆိုင္ေသာ သတင္းမ်ား၊ ထူးျခားျဖစ္စဥ္မ်ားအား အခ်ိန္နွင့္တေျပးညီေဖာ္ျပ ေပးသြားပါမည္။
Showing posts with label က်န္းမာေရး. Show all posts
Showing posts with label က်န္းမာေရး. Show all posts

ပန္းသီး၏ က်န္းမာေရး စြမ္းပကား

0 comments




ပန္းသီး ရဲ႕ က်န္းမာေရး အစြမ္းထက္ပံု ေတြကို ေလ႕လာထားတဲ႔ အထဲကေန ထုတ္ႏုတ္ျပီး သူငယ္ခ်င္းေတြ
အားလံုး သိရွိ ေစရေအာင္လို႔ ဒီေန႔ ပိုပို တင္ျပေပးလိုက္ ပါတယ္။ပန္းသီး ရဲ႕ထူးျခားတဲ႔ အာနိသင္ေတြ မွာ

(၁) အ႐ုိးမ်ားကုိ ခုိင္မာေစၿပီး အ႐ုိးႏွင့္ပတ္သက္ေသာ ေရာဂါမ်ား ျဖစ္ပြားမႈမွ ကာကြယ္ေပးျခင္း။

(၂) ပန္းနာရင္က်ပ္ ေရာဂါမ်ားကုိ သက္သာေစၿပီး ျဖစ္ပြားမႈႏႈန္းကုိ ေလ်ာ့က် ေစျခင္း။

(၃) အဆုတ္၊ ရင္သား၊ အူမႀကီး၊ အသည္းတို႔တြင္ ျဖစ္ပြားႏုိင္ေသာ ကင္ဆာ ေရာဂါကုိ တားဆီး ကာကြယ္ ေပးျခင္း။

(၄) မွတ္ဉာဏ္ခၽြတ္ယြင္းျခင္း၊ အသက္ႀကီးရင့္ခ်ိန္ အတိတ္ေမ့ျခင္းစသည့္ ဇရာ ေရာဂါမ်ား ေဆာလ်င္စြာ ျဖစ္ပြားျခင္းမွ ကာကြယ္ တားဆီးေပးျခင္း။

(၅) ကိုလက္စထေရာဓာတ္ကုိ ေလ်ာ့က်ေစျခင္း။

(၆) ဆီးခ်ဳိေရာဂါကုိ ကာကြယ္ေပးႏုိင္ျခင္းႏွင့္ ျဖစ္ပြားမႈကုိ ႀကိဳတင္ကာကြယ္ ႏုိင္ျခင္း။

(၇) ခႏၶာကုိယ္အေလးခ်ိန္ကုိ ေလ်ာ့က်ေစႏုိင္ၿပီး အသားအေရ က်စ္လစ္ ေစျခင္း စသည့္ အက်ဳိးေက်းဇူး မ်ားရရွိႏုိင္ပါတယ္။

(၈)အူမႀကီးကင္ဆာကို ကာကြယ္ေပးႏိုင္ျခင္း ပန္းသီးေတြထဲမွာ ပါဝင္တဲ့ သဘာဝ အမွ်င္ဓာတ္ဟာ အူမႀကီးထဲကို ေရာက္ရွိတဲ့အခါ ကင္ဆာဆဲလ္ ျဖစ္ေပၚမႈကို တြန္းလွန္ေပးႏိုင္တဲ့ ဓာတ္ေတြ ထြက္ရွိေစပါတယ္။

(၉) ေသြးတိုးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးျခင္း ေန႔စဥ္ ပန္းသီးတစ္လံုးစားတဲ့ အရြယ္ေရာက္သူေတြမွာ ေသြးတိုးေရာဂါ ျဖစ္ႏိုင္ေျခ ၃၇ ရာခိုင္ႏႈန္း ေလ်ာ့က်မႈ ရွိပါတယ္။

(၁၀) ပန္းသီးမွာ ကြာစီတင္လို႔ေခၚတဲ့ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ ပါဝင္ေနတာေၾကာင့္ ဦးေႏွာက္ဆဲလ္ေတြ ပ်က္စီးထိခိုက္မႈကေန ကာကြယ္ေပးႏိုင္ပါတယ္။

ပန္းသီးဟာ အရသာလည္း ရွိလွသလို က်န္းမာေရးနဲ႔လည္း ညီၫြတ္မႈ ရွိတာေၾကာင့္ ပန္းသီးကေန ရရွိႏိုင္တဲ့ က်န္းမာေရး အက်ဳိးေက်းဇူးေတြအေၾကာင္း ေလ့လာထားတဲ့ ေတြ႕ရွိခ်က္ေတြကို ေဖာ္ျပေပး
လိုက္ပါတယ္။
ေပ်ာ္ရႊင္က်မ္းမာၾကပါေစ
Read more...

ကင္ဆာသင္ဘာပါသြားမယ္။ၾကိဳတင္ကာကြယ္ၾကစို ့။ သင့္က်န္းမာေရးတြက္ 5 မိနစ္ေလာက္ အခ်ိန္ေပးလိုက္ပါဦး။

0 comments

ကမၻာ့က်န္းမာေရးအဖြဲ ့ၾကီးရဲ  ့ 2011-ခုနွစ္ထုတ္ျပန္တဲ ့အစီရင္ခံစာ
အရျမန္မာနိုင္ငံဟာ ကမၻာေပၚက ကင္ဆာအျဖစ္ဆံုး (10) နိုင္ငံထဲမွာ
နံပါတ္(၂)ေနရာကို ေရာက္ေနျပီးကင္ဆာျဖစ္ေစတဲ ့ အဓိကအေၾကာင္း
အရင္းေတြကိုေျပာရရင္ေတာ့ 

ကင္ဆာေၾကာက္ရင္ ပလပ္စတစ္နဲ ့ေဖာ့ဗူးေရွာင္
          
အလြယ္ၾကိဳက္တတ္တဲ ့ ျမန္မာေတြဟာ မုန္ ့ဟင္းခါးပဲ ၀ယ္၀ယ္၊လၻက္ရည္၊ေကာ္ဖီ၊အသုပ္စံုေတြ၊ထံုခ်ဳိင္းေတြ၊အေၾကာ္စံုေတြ၊
အကင္ေတြပဲထုပ္ထုပ္ ပလပ္စတစ္ေတြ၊ ၾကြတ္ၾကြတ္အိတ္ေတြနဲ ့ခ်ည္း
ပဲသံုးေနၾကပါတယ္။ ပလပ္စတစ္ေတြထဲမွာပါတဲ ့ ပလပ္စတစ္ဆိုက္ဇာ
ဆိုတဲ ့ဓာတ္နဲ ့ စတိုင္ရင္း(Styrene)ဆိုတဲ ့ဓါတုပစၥည္း ေတြဟာအပူ
ဓါတ္နဲ ့ပဲေတြ ့ေတြ ့ ဆီပါတဲ ့ အစားအေသာက္နဲ ့ပဲေတြ ့ေတြ ့အစားအေသာက္ေတြထဲကို ဓါတ္ျပဳ
ေပ်ာ္၀င္ေတာ့ တာပါပဲ၊ ေနာက္ျပီး ခေလးနို ့ဘူးေတြျပဳလုပ္တဲ ့ PVC ပလပ္စတစ္နဲ ့ ပလပ္စတစ္ေရပိုက္ေတြမွာအိုနိုမာ (Monomer) ဆိုတဲ ့ အင္မတန္အဆိပ္ျပင္းျပီး ေၾကာက္စရာ ေကာင္းတဲ ့ ဓါတ္တစ္မ်ဳိး
ပါ၀င္တာေတြ ့ရပါတယ္။ဒီဓါတုပစၥည္းေတြ အကုန္လုံးဆိုး ရြားတဲ ့ကင္
ဆာေရာဂါေတြျဖစ္နိုင္တာမို ့ အရင္တုန္းကလို စကၠဴေတြ၊ အင္ဖက္ေတြ
ဗန္ဒါရြက္ေတြ၊စတီးခ်ဳိင့္ေတြ၊ဖန္ဘူးေတြနဲ ့ပဲအစားအေသာက္ေတြကို
ေျပာင္းလဲထုပ္အပိုးၾကပါစို ့၊ ဒန္ေပါက္ဆိုင္ေတြ စားေသာက္ဆိုင္ေတြ
မွာအသံုးျပဳေနတဲ ့ ေဖာ့ဘူးေတြဟာလည္းစတိုင္းရင္း(Styrene)ဓါတ္ပါ
တဲ ့ပလပ္စတစ္အုပ္စု၀င္ေတြျဖစ္လို ့ ေဖာ့ဘူးေတြ တစ္ခါသံုး ပလပ္
စတစ္ေတြ လံုး၀ အသံုးမျပဳဘဲ ေတာ္လွန္ဆန္ ့က်င္ေျပာင္းလဲၾကပါစို ့။

အခ်ဥ္ရည္ နဲ ့ ကင္ဆာေရာဂါ
               
အသုတ္ဆိုင္ေတြ ၊ အေၾကာ္ဆိုင္ေတြ ၊ ထံုခ်ဳိင္းဆိုင္ေတြ ၊
အကင္ဆိုင္ေတြ၊ တုတ္ထိုးဆိုင္ေတြမွာ ေန ့စဥ္လူေတြ ျမိန္ရည္၊ယွက္
ရည္စားေသာက္ေနၾကတာကေတာ့ အႏၱရယ္ရွိ တားျမစ္ဆိုးေဆး နီနီ
ရဲရဲေတြရယ္၊ ကင္ဆာေရာဂါျဖစ္စတတ္တဲ ့ ဓါတုတာရွည္ခံေဆးေတြ
ရယ္၊ အစာအိမ္မူလမ္းေၾကာင္းကင္ဆာျဖစ္ေစတတ္တဲ ့ ဆာ(လ္) ဖ်ဴရစ္အက္ဆစ္ျပင္းေရာစပ္ထားတဲ ့အခ်ဥ္ရည္လို ့ေခၚတဲ ့ အဆိပ္ေတြ
ပါပဲ ဆာ(လ္)ဖ်ဴရစ္အက္ဆစ္က နည္းနည္းေလးထည့္ရံုနဲ ့ အခ်ဥ္ရည္
အရသာကိုျဖစ္ေပၚေစျပီး ဘက္ထရီအိုးမွာသံုးတဲ ့ အက္ဆစ္ပါ၊ေရရွည္
စားသံုးရင္ေတာ့ အစာအိမ္အူလမ္းေၾကာင္းကင္ဆာ အူမၾကီးကင္ဆာ၊
အသည္းကင္ဆာေတြကို က်ိန္းေသျဖစ္နိုင္တာမို ့ လံုး၀ ေရွာင္ရွားဖို  ့
 တိုက္တြန္းလို္က္ပါရေစ။

နွာေခါင္းကင္ဆာ၊ အဆုတ္ကင္ဆာနွင့္ အသက္ရွဴ
လမ္းေၾကာင္းကင္ဆာေတြ ျဖစ္ေစတဲ ့ ျခင္ေဆးေခြ
               
 ျခင္ေဆးေခြတြင္ ဓာတုပိုးသတ္ေဆးမ်ားထဲ၌အျပင္းဆံုး
သတ္မွတ္ထားတဲ ့ S.2 ပိုးသတ္ေဆး၊ လႊစာမႈန္ ့ ၊ ဗိုင္ဒါေကာ္၊ဆိုးေဆး
နွင့္ ဓါတုအေမႊးအၾကိဳင္တို ့ပါ၀င္သည္။ ၎အျပင္ အျပင္းထန္ဆံုး
အဆိပ္တစ္မ်ဳိးျဖစ္သည့္ Benzene (ဘန္ဇိုင္း) ကာစီနိုဂ်င္တစ္မ်ဳိး
ပါ၀င္ျပီးအာရံုေၾကာမွစ၍ ရုိးတြင္းခ်ဥ္ဆီအထိအဆိပ္ျဖစ္ေစသည္။
ျခင္ေဆးေခြတစ္ေခြ၏ အဆိပ္ဓါတ္သည္ စီးကရက္ အလိပ္ ေပါင္း(၅၁)
၏လိပ္ဖြာရႈိက္သည္နွင့္ညီမွ်သည္။ျခင္ေဆးေခြတစ္ေခြမွထြက္လာသည့္ အဆိပ္ဓါတ္သည္ စီးကရက္ အလိပ္ေပါင္း (၁၃၇) လိပ္မွထြက္ရွိေသာ
အဆိပ္မႈန္ပမာဏနွင့္ ညီမွ်၍ ေ၀းေ၀းေရွာင္ၾကဖို ့ သတိေပးလိုက္ရ
ပါသည္။ အေမႊးတိုင္မ်ားသည္လည္း ျခင္ေဆးေခြကဲ ့သို ့ပင္ အႏၱရယ္
ရွိ၍လံုး၀ မသံုးအပ္ေပ။

အခ်ဳိရည္  နွင့္  ဂ်ယ္ရီမ်ား
          
အခ်ဳိရည္ဗူးမ်ားတြင္ တားျမစ္ဆိုးေဆး ၊ ကင္ဆာျဖစ္ေသာ
တာရွည္ခံေဆး ၊ သၾကားထက္အဆ ၂၀၀ မိုမို ခ်ဳိေစေသာ္ ပါ၀ါသၾကား
နွင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဖိန္း ဓါတ္မ်ားပါ၀င္၍ ခံတြင္းကင္ဆာ ၊ 
ေက်ာက္ကပ္ေရာဂါ ၊ ဆီးခ်ဳိေရာဂါနွင့္ အ၀လြန္ေရာဂါ ၊ အသည္းကင္
ဆာေရာဂါတို ့ကို ျဖစ္ပြားေစသည္။ ထို ့အတူဂ်ယ္ရီဗူးမ်ားတြင္လည္း
တရုတ္မွာလာေသာ ဂ်ယ္ရီေပါင္ဒါ ၊ ဆီထရစ္အက္ဆစ္ ၊ Sodium Benzorate ေခၚတာရွည္ခံ ေဆးပါ၀င္၍ကင္ဆာေရာဂါမ်ားကိုျဖစ္ပြား
သျဖင့္ ကေလးမ်ားကို လံုး၀မေကၽြးသင့္ ၊ မေရာင္းသင့္ပါ။

မယ္လမင္း (ဖိုက္ဘာ) ပစၥည္းမ်ား
        
၎ပစၥည္းမ်ားသည္ အပူနွင့္ ထိေတြ ့လွ်င္ ဓါတ္ျပဳ၍ ေက်ာက္
ကပ္ပ်က္စီးျခင္းနွင့္ ကင္ဆာေရာဂါမ်ားကို ျဖစ္ပြားေစသျဖင့္ လံုး၀       အသံုးမျပဳသင့္ပါ။

တရုတ္နို ့မႈန္ ့နွင့္ ၎နွင့္ျပဳလုပ္ေသာမုန္ ့မ်ား 
        
တရုတ္နို ့မႈန္ ့ကို ေဖ်ာ္၍ ေခြးေပါက္စ ၊ ေၾကာင္ေပါက္စကေလး
မ်ားကိုတိုက္ေကၽြးရာထိုေခြးကေလး ၊ ေၾကာက္ကေလးမ်ား အေၾကာ္
ဆြဲ၍ (၁၈) ေကာင္ထက္မနည္း  ေသဆံုးကုန္ေၾကာင္းေတြ ့ရွိရသည္။
ထို ့ေၾကာင့္တရုတ္ျပည္မွတံဆိပ္မ်ဳိးစံုနွင့္ တင္သြင္းေသာ ႏုိ႕မႈန္႕မ်ား
ႏွင္႕ ထိုၿဖင္႕ၿပဳလုပ္ထားေသာ မုန္႕ပဲသေရစာမ်ားကို ကေလးမ်ားကို 
လံုးဝမတိုက္ေကၽြးသင္႕ေပ။

ေကာ္ဖီမစ္မ်ား  (Coffeemix)
    
ကဖိန္း၊တာရွည္ထံဓါတုေဆး၊ေကာ္ဖီအနံ႕၊အုန္းသီးခြံအမႈန္႕
မ်ားႏွင္႕ သၾကား၊ အၿခားကုန္ၾကမ္းပစၥည္းမ်ား ပါဝင္သည္ကို ေတြ႕
ရေသာေၾကာင္႕ ေသာက္သံုးသင္႕ပါ။၎ရယ္ ဒီမိတ္ ေကာ္ဖီမ်ားကို
 ေသာက္သံုးပါကဆီးခ်ိဳေရာဂါ၊ေသြးတိုးေရာဂါ၊ေက်ာက္ကပ္ပ်က္စီးၿခင္း
၊ႏွလံုးေသြးတိုးေရာဂါ၊စိတ္က်ေရာဂါ ႏွင္႕ရင္သားကင္ဆာ၊ဆီးအိမ္
ကင္ဆာဆီးက်ိတ္ကင္ဆာ၊ပန္းကရိယကင္ဆာ ႏွင္႕ အမ်ိဳးသမီးမ်ား ပ႗ိ
သေႏၶမတည္နိုင္ျခင္းနွင့္ ကိုယ္၀န္ပ်က္က် ျခင္းတို ့ကိုျဖစ္ေစ၍ လံုး၀
မေသာက္သံုးသင့္ပါ။ ထို ့ျပင္ ေကာ္ဖီမစ္တြင္ နို ့ဆီနွင့္ နို ့မႈန္ ့အစား
အသံုးျပဳေသာ္ Creamer မွာ မေလးရွားတြင္ စားအုန္းဆီကို အဆီ
ထုတ္ျပီးက်န္ေသာ္ၾကိတ္ဖက္မ်ားကို တရုတ္နိူင္ငံမွ၀ယ္ယူ၍ မႈန္ ေန
ေအာင္ၾကိတ္ျပီး Creamer အျဖစ္ျပန္လည္ေရာင္းခ်ေၾကာင္းသိရွိရ
သည္။ ထိုက်ိတ္ဖတ္မႈန္ ့မ်ားသည္ ေသြးတိုးေရာဂါ ၊ နွလံုးေသြးေၾကာ
ပိတ္ေရာဂါ ၊ေလျဖတ္ေရာဂါနွင့္ကင္ဆာေရာ၈ါမ်ားကိုျဖစ္ပြားေစသည္။

အေရာင္ခၽြတ္ထား ေသာအစားအေသာက္မ်ား 
          
နိုင္ငံျခားတိုင္းျပည္မ်ားတြင္ သၾကားကို မူလသဘာ၀ အတိုင္း
၀ါညစ္ညစ္ သၾကားမ်ားကို စားသံုးၾကေသာ္လည္း ျမန္မာနိုင္ငံ၌ မူ
ဟိုက္ဒရုိဟုေခၚေသာ္ (Chemical) ခၽြတ္ေဆးသံုး၍ျဖဴေဖြးေသာသၾကား
မ်ားကို ေရႊးခ်ယ္စား သံုးၾက၏ ထန္းညက္သည္လည္း မူလအညိဳေရာင္
ေပ်ာက္ကာ ခၽြတ္ေဆးေၾကာင့္ ျဖဴေဖြးသြားကာ ေန ့စဥ္သံုးသည့္ အိမ္
သံုးဆားသည္ပင္လွ်င္ ဓာတုခၽြတ္ေဆးသံုး၍ ျဖဴေဖြးေအာင္လုပ္ၾက၏
ထိုဓာတုခၽြတ္ေဆးမ်ားသည္ ကင္ဆာေရာဂါကို ျဖစ္ပြားေစသျဖင့္သဘာ
၀အေရာင္ကိုေရြးခ်ယ္စားေသာက္ၾကပါစို ့။

 ေရာင္စံုဆိုးေဆးမ်ားနဲ ့အစားအေသာက္မ်ား
              
တားျမစ္အႏၱရာယ္ရွိ ဆိုးေဆးမ်ားအသံုးျပဳထားေသာ မွ်စ္နီ၊
မွ်စ္၀ါ ၊ ပုဇြန္ခ်ဥ္နီနီ ၊  အ၀ါေရာင္ဆိုးထားေသာ ငါးပုဏၰား ၊
ငါးေျမႊထိုး ၊ ေရႊငါး ၊ ၾကက္သားမ်ားနွင့္ အနီေရာင္ဆိုးထားေသာ ငရုတ္
သီးမႈန္ ့ ၊ ပုဇြန္ေျခာက္ ၊ ပတၱျမားေျပာင္းဖူး ၊ ငါးပိ ၊ ပဲနီေလး ၊ ပဲ၀ါေလး ၊ မက္မန္းသီး ၊ ဆီးထုတ္ စသည္တို ့သည္ အသည္းနွင့္ ကင္ဆာေရာဂါ
                မ်ားကို ျဖစ္ပြားေစ၍ လံုး၀ေရွာင္ၾကဥ္သင့္ပါ၏

သတိထားသင့္ေသာ အသီးအနွံမ်ား
           
ဓတုေဟာ္မုန္းေဆးမ်ား အသံုးျပဳ၍ အဆမတန္ ၾကီးထြား
ေနေသာမံုလာဥအျဖဴမ်ား ၊ အျမစ္တိုတိုအလံုးတုတ္တုတ္ နွင့္ ပဲပင္ 
ေပါက္မ်ား ၊ ပိုးသတ္ေဆးအျပင္စားအသံုးျပဳထားသည့္ ေဂၚဖီထုပ္ ၊ 
ပန္းမံုလာထုပ္ ၊ မုံညွင္းထုပ္မ်ားနွင့္ ေဆးစိမ္ေဆးဖ်န္း၍ ငွက္ေပ်ာသီး
စသည္တို ့သည္ ကင္ဆာျဖစ္ေစနိုင္သျဖင့္ ေရွာင္ရွားသင့္သည္။
          
         ထို ့အျပင္လူေသေကာင္မပုပ္ေအာင္ ျပဳလုပ္သည့္ ေဖာ္မလင္
နွင့္ အသံုးျပဳထားေသာ ပဲျပား ၊ မဲနယ္ဆိုးထားေသာ ပုဇြန္၊ ယူူရီးယား
ဓာတ္ေျမၾသဇာပါေသာ ငါးပိေရက်ဳိတို ့ကိုလည္း ကင္ဆာျဖစ္မွာ
                  ေၾကာက္လွ်င္ေရွာင္ရွားသင့္ပါသည္။ 
              
             အေစ့မပါတဲ ့စပ်စ္၊ ကီလိုမာလကာ နွင့္ ဆီးသီး ၊ မ်ဴိးရိုးဗီဇ
ျပဳျပင္ထားတဲ ့ အသီးမွန္သမွ် ကင္ဆာကိုျဖစ္ေစသတဲ ့။

            ပလတ္စတစ္ပါကင္လွလွ ၊ တံဆိပ္မ်ဳိးစံုျဖင့္ထုတ္လုပ္ေသာ 
ငါးမုန္ ့ေၾကာ္၊ အာလူးေၾကာ္၊ တို ့ဟူးေၾကာ္၊ ၾကက္သြန္ေၾကာ္ မ်ားသည္
အဟာရတန္ဖိုး လံုး၀မရွိသည့္အျပင္ ပလပ္စတစ္ဆိုက္ဇာဓာတ္မ်ားပါ
        ၀င္၍ကင္ဆာေရာဂါကိုျဖစ္ပြားေစပါသည္။

ပဲဆီ၊ နွမ္းဆီအတုမ်ား ကင္ဆာေရာဂါသတိထား 
           
အခုစား အုန္းဆီေတြထဲကို အနည္က်ေအာင္ အီလန္ ဆပ္ျပာ
မႈန္ ့၊ ဒါမွမဟုတ္ ဆပ္ျပာတစ္မ်ဳိးမ်ဳိးထည့္ျပီး၊ ဆပ္ျပာထဲက ဟိုက္ေျဒာ
ဆိုဒ္ဓာတုပစၥည္းက စားအုန္းဆီထဲက ခဲေစတတ္တဲ ့ အနည္ေတြကို 
ေအာက္မွထိုင္သြားျပီး တျခားစားအုန္းဆီေတြကို မခဲေတာ့ဘူး ဒီေတာ့
မွ (၂၇)လမ္း (၂ဂ)လမ္းက ၀ယ္ထားတဲ ့ ၂၅၀ိ/-တန္ ပဲဆီအနံံ႔၊
နွမ္းဆီအနံ႔ ဓာတုေဆးရည္ကိုထည့္ လိုက္ေတာ့ပဲဆီ၊ နွမ္းဆီအစစ္
ထက္ေတာင္ပိုေမႊးသြားေရာ။ ဒါေပမယ့္ ဆပ္ျပာထဲက ဟိုက္ေျဒာဆိုဒ္
ဓာတ္နဲ ့ အက္ဆစ္ဓာတ္ေတြက ကင္ဆာေရာဂါမ်ဳိးစံုကို ျဖစ္ေစတတ္
ပါတယ္။ ျမန္မာ့ ေစ်းေကာင္းေပး၀ယ္သြားလို ့ ျမန္မာျပည္မွာ ၾကိတ္
စရာေျမပဲဆန္ မက်န္ေတာ့ဘူး ေစ်းကြက္ထဲမွာ ၈၀%ေသာပဲဆီ
ေတြကအနံ႔ထည့္ထားတဲ ့ ပဲဆီအတုေတြလို ့ ဆီလုပ္ငန္းရွင္တစ္ဦး
ကကၽြန္ပ္တို ့ CPAM သို ့အေၾကာင္းၾကားပါတယ္။

အခ်ဳိမႈန္ ့နွင့္ ၾကက္သားမႈန္ ့မ်ား
        
အခ်ဳိမႈန္ ့တြင္ပါ၀င္ေသာ ဓာတုပစၥည္းမ်ားသည္ ဦးေနာက္နွင့္
အာရံုေၾကာထိခိုက္ေစ၍ ေလျဖတ္ ေလငန္းေရာဂါ၊ ေလးဖက္နာေရာဂါ
၊နွလံုးေရာဂါ၊ ေက်ာက္ကပ္ခ်ဳိ ့ယြင္းပ်က္စီးေစေသာေရာဂါ၊ ဆီးခ်ဳိ၊ 
ေသြးခ်ဳိနွင့္ ေသြးတိုးေရာဂါမ်ားကိုျဖစ္ပြားေစ၍ ေရွာင္ၾကဥ္ သင့္ပါသည္
ၾကက္သားမႈန္ ့တြင္လည္း အခ်ဳိမႈန္ ့နွင့္တာရွည္ခံ မႈိငတ္ ေဆးမ်ား ၊ 
ဓာတုပစၥည္းမ်ားပါ၀င္သျဖင့္ အခ်ဳိမႈန္ ့ထက္ပင္ ပိုမိုဆိုးရြားေစပါသည္။

လက္ကမ္းစာေဆာင္မွ ကူယူေဖၚျပလိုက္ပါသည္။
Read more...

ဇာျခည္ဝင္း (ေဆးတကၠသိုလ္) ၏ အလင္းေရာင္၏ သင့္က်န္းမာေရးအေပၚ အက်ိဳးသက္ေရာက္မႈ

0 comments

သင့္အိမ္မွာ၊ ႐ံုးခန္းမွာ ရရွိႏိုင္တဲ့ အလင္းေရာင္က သင့္ခံစားမႈကုိ ေျပာင္းလဲႏိုင္ၿပီး သင့္က်န္းမာေရးအေပၚ သက္ေရာက္မႈ ရွိႏုိင္ပါတယ္။  အတြင္းဂလင္းနဲ႔ ဇီဝ႐ုပ္ျဖစ္ပ်က္မႈ ေဆးပညာဆုိင္ရာ ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ သုေတသန အသစ္အရ ညဘက္ အိပ္ယာမဝင္မီ လွ်ပ္စစ္မီးအလင္းေရာင္နဲ႔ ထိေတြ႕မႈမ်ားတာက အမ်ိဳးအစား-၂ ဆီးခ်ိဳေသြးခ်ိဳေရာဂါ၊ ေသြတုိးေရာဂါနဲ႔ ကင္ဆာေရာဂါေတြ ျဖစ္ႏိုင္ေျခကို မ်ားေစပါတယ္။ ဒါေပမဲ့ သင္ထိေတြ႕တဲ့ အလင္းေရာင္ ပမာဏနဲ႔ ထိေတြ႕မႈ ၾကာခ်ိန္ေပၚ မူတည္ၿပီး သင့္က်န္းမာေရးကို ထိခုိက္ေစႏိုင္ပါတယ္။

အလင္းေရာင္က ဘာေၾကာင့္ အေရးႀကီးတာလဲ

ခႏၶာကုိယ္က မွန္ကန္တဲ့ အလင္းသိပ္သည္းဆနဲ႔ ေန႔အခ်ိန္မွာ အခ်ိန္ကိုက္ ရရွိမွသာ ခႏၶာကုိယ္ရဲ႕ ဇီဝနရီ ေျပာင္းလဲမႈေတြ မွန္ကန္မွာပါ။ မနက္မိုးလင္းခ်ိန္မွာ အလင္းေရာင္ေပၚထြက္လာတဲ့နဲ႔ အိပ္ယာက ႏုိးထလာၿပီး စြမ္းအင္ေတြ ျပည့္ဝေနေစပါတယ္။ ညဘက္မွ အလင္းေရာင္ ေမွးမွိန္သြားတာက သင့္မ်က္လံုးေတြကုိ ေမွးစင္းၿပီး အိပ္ေပ်ာ္သြားေစပါတယ္။ အလင္းေရာင္က သင့္က်န္းမာေရးႏွင့္ ေနထိုင္မႈ ဘဝအတြက္ မ်ားစြာအေရးပါပါတယ္။ ေန႔လည္ေန႔ခင္းမွာ လံုေလာက္တဲ့ အလင္းေရာင္ ရရွိတာက ႏိုးၾကားမႈ၊ စိတ္ခံစားမႈ၊ စြမ္းအင္ထုတ္လုပ္ႏိုင္မႈ၊ အိပ္စက္မႈနဲ႔ ႐ုပ္ပုိင္းဆုိင္ရာေတြကုိ မ်ားစြာ အေထာက္အကူ ျဖစ္ေစတယ္လုိ႔ Surrey တကၠသိုလ္မွ ေဒါက္တာဗစ္တုိးရီးယားရီေဗးလ္က ေျပာပါတယ္။

လူတစ္ေယာက္အတြက္ အလင္းေရာင္ လိုအပ္ခ်က္

လူတစ္ေယာက္မွာ လုိအပ္တဲ့ အလင္းေရာင္ ပမာဏက တစ္ေန႔တာ လႈပ္ရွားသြားလာမႈ အေပၚမွာ အမ်ားႀကီး သက္ေရာက္မႈ ရွိပါတယ္။ ေန႔ခင္းအခ်ိန္မွာ ေက်ာင္းသြားဖုိ႔၊ ႐ံုးသြားဖုိ႔၊ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြ လုပ္ေဆာင္ဖို႔ အလင္းေရာင္ ပမာဏမ်ားမ်ား လိုအပ္ပါတယ္။ ညေနခင္းနဲ႔ ညမွာေတာ့ အနားယူဖို႔နဲ႔ အိပ္စက္ဖို႔ပဲ ရွိေတာ့တာေၾကာင့္ အလင္းေရာင္ သိပ္မလိုအပ္ေတာ့ပါဘူး။ တစ္ေန႔ခင္းလံုးအတြက္ လံုေလာက္တဲ့ အလင္းေရာင္ ပမာဏ ရရွိဖို႔ အနည္းဆံုး အခ်ိန္ တစ္နာရီထက္မနည္း အိမ္အျပင္ ဒါမွမဟုတ္ ႐ံုးအျပင္ထြက္ေပးဖို႔ လိုပါတယ္။ ေန႔လည္စာ စားခ်ိန္မွာ အျပင္ခဏထြက္ၿပီး လမ္းေလွ်ာက္ႏုိင္ပါတယ္။ လွ်ပ္စစ္က ရတဲ့ အလင္းေရာင္က သဘာဝ အလင္းေရာင္လုိမ်ိဳး ခႏၶာကိုယ္အေပၚမွာ ထိေရာက္တဲ့ အက်ိဳးအာနိသင္ကုိ မေပးစြမ္းႏိုင္ပါဘူး။ ညအိပ္ခ်ိန္မွာေတာ့ အလင္းမွိန္မွိန္သာ ထားသင့္ပါတယ္။  အိပ္ယာမဝင္ခင္ တစ္နာရီေလာက္ အလိုကတည္းက TV ပိတ္ထားပါ။ အလင္းေရာင္ နည္းေလေလ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ႏုိင္ေလေလပါ။ ညအိပ္ယာဝင္ခါနီးမွာ အလင္းေရာင္နဲ႔ ထိေတြ႕မႈမ်ားတာက ႏုိးၾကားေနတာေၾကာင့္ အိပ္စက္မႈကို အေႏွာက္အယွက္ ျဖစ္ေစပါတယ္။

လွ်ပ္စစ္မီးအလင္းေရာင္ႏွင့္ ထိေတြ႕မႈ မ်ားလြန္းျခင္း

သင္က ညဘက္ အိပ္ယာဝင္ေနာက္က်တတ္တာေၾကာင့္ သဘာဝ မဟုတ္တဲ့ လွ်ပ္စစ္မီး အလင္းေရာင္ေတြနဲ႔ ထိေတြ႕မႈ မ်ားႏိုင္ပါတယ္။ လွ်ပ္စစ္မီးအလင္းေရာင္နဲ႔ ထိေတြ႕မႈ မ်ားတာေၾကာင့္ ဦးေႏွာက္ကေန မယ္လတုိနင္ေဟာ္မုန္း ထုတ္လုပ္မႈကို ေလ်ာ့နည္းေစပါတယ္။ မယ္လတုိနင္ ေဟာ္မုန္းအနည္း၊ အမ်ားက ပံုမွန္အိပ္စက္မႈအေပၚမ်ားစြာ အက်ိဳးသက္ေရာက္မႈ ရွိတဲ့အျပင္ ခႏၶာကိုယ္ က်န္းမာေရးနဲ႔လည္း ဆက္စပ္မႈ ရွိပါတယ္။ ဒါ့အျပင္ ခႏၶာကုိယ္ရဲ႕ ဇီဝနရီ ေျပာင္းလဲမႈကို မယ္လတုိနင္ ေဟာ္မုန္းက ထိန္းခ်ဳပ္ႏိုင္ပါတယ္။ မယ္လတုိနင္ ေဟာ္မုန္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစသလို ဦးေႏွာက္ပိုင္းမွာ ေတြးေတာဆင္ျခင္ႏိုင္မႈေတြ ရွင္းလင္းျပတ္သားတာ၊ ဇီဝနရီ၊ ေဟာ္မုန္းထုတ္လုပ္မႈ၊ ေသြးဖိအားနဲ႔ ေသြးတြင္းသၾကားဓါတ္ စတာေတြ မွန္ကန္မႈ ရွိတာေတြ ျဖစ္ေစပါတယ္။ အိပ္ေရးပ်က္မ်ားတာက ဖ်ားနာတာ၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါနဲ႔ စိတ္ဓါတ္က်တာေတြ ျဖစ္ေစပါတယ္။

သဘာဝ အလင္းေရာင္နဲ႔ ထိေတြ႕မႈနည္းလွ်င္

ရာသီဥတု ေအးလြန္းတဲ့ ေနရာေတြမွာ ေနထိုင္ရလို႔ ေနေရာင္ျခည္ကုိ ေကာင္းစြာမရႏိုင္ခဲ့ရင္၊ သင္က ေနေရာင္ကာခရင္မ္ေတြ အျမဲမျပတ္ သံုးစြဲတာေၾကာင့္ ေနေရာင္ျခည္နဲ႔ ထိေတြ႕မႈ အလြန္နည္းေနရင္၊ သင္က ႐ံုးတြင္း၊ အိမ္တြင္းမွာပဲ တစ္ေန႔ခင္းလံုး အခ်ိန္ျပည့္ ေနတတ္တာေၾကာင့္ ေနေရာင္ျခည္နဲ႔ ထိေတြ႕မႈ မရွိခဲ့ရင္ သင္ရဲ႕ ေနခင္းအခ်ိန္ေတြဟာ ႏိုးၾကားတက္ႂကြမႈ ကင္းမဲ့ႏိုင္ပါတယ္။ ဒါ့အျပင္ တခ်ိဳ႕ေတြမွာ သဘာဝ မဟုတ္တဲ့ အလင္းေရာင္ေၾကာင့္ ေခါင္းကိုက္တာ၊ ပ်ိဳ႕အန္ခ်င္တာနဲ႔ လႈပ္ရွား ေဆာင္ရြက္မႈ သာမန္ထက္ ပိုတာေတြ ျဖစ္ႏိုင္ပါတယ္။

Tip

♦ သဘာဝ အလင္းေရာင္ ရရွိႏိုင္တဲ့ ေန႔အခ်ိန္မွာ လွ်ပ္စစ္မီးေတြ ပိတ္ထားပါ။

♦ ညအခ်ိန္ မတုိင္မီ တစ္နာရီေလာက္ ခြာၿပီး မီးပိတ္ပါ။

♦ အလုပ္ေတြကုိ လွ်ပ္စစ္မီးအလင္းေရာင္နဲ႔ အိပ္ပ်က္ခံ လုပ္မယ့္အစား ေန႔ခင္းေန႔လည္မွာ ၿပီးစီးေအာင္ ေဆာင္ရြက္ပါ။

ဇာျခည္ဝင္း (ေဆးတကၠသိုလ္)

ဘေလာ့ဂါသူငယ္ခ်င္းမ်ားအားလံုးကိုအစဥ္ျမဲခ်စ္ခင္ေလးစားလၽွက္  
Read more...

ေမာင္မင္းသား တြင္အသစ္တင္ face book ေပၚတြင္ဖတ္နိုင္ရန္ like နိွပ္ သြားပါဦး