Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
နှလုံးသားနဲံ အပြုံးသမား
စူးများတဲ့ ပန်း
ငါဟာစူးများတဲ့ ပန်းကိုမှအမြတ်တနိုးပျိုခဲ့ တာပါ။ဥယျဉ်မူးလို့ တော့မဆိုချင်းပေးမဲ့ ။ငါကပေးဆပ်ချင်းသက်သက်ကျေန ပ်ပါတယ်။
ငါ့ရင်ခွင်မှာမပွင့်ချင်းနေ ပါစေ။နင်၇ှင်သန်မယ်ဆိုရင် အော်မြေကြီူးပဲဖြစ်ရဖြစ်ရ ရေစင်တစက်ပဲဖြစ်ရဖြစ်ရငါဖြည့်ဆည်းပေးပါမယ်...
ငါပျိုးတဲ့ ပန်းအစဉ်လန်းဆန်းဖို့ ....တားဆီးခဲ့သမျနင့်မွန်းကျပ်မယ်ထင်ရင်...ငါဝန်းတံခါးဖွင့်ထားပါတ ယ်။နင့်သွားနိုင်တယ်ချ...
ငါ့ရင်ခွင်မှာမပွင့်ချင်းနေ
ငါပျိုးတဲ့ ပန်းအစဉ်လန်းဆန်းဖို့ ....တားဆီးခဲ့သမျနင့်မွန်းကျပ်မယ်ထင်ရင
နောင်တ သို့ 
လောကကြီးမှာ ပြန်ပြီးမပြောင်းလဲနိုင်တာ
ပြန်ပြီး မပြုပြင်နိုင်တာ နှစ်ခုရှိတယ်
ပထမက အချိန်နဲ့
ဒုတိယက စကားပဲ
ကုန်သွားတဲ့ အချိန်ကို ပြန်မရနိုင်သလို
ပြောလိုက်တဲ့ စကားကို ပြန်ရုပ်သိမ်းလို့ မရတော့ဘူး
ကျန်ရစ်သူခံစားချက်
မတွေ့တာကြာလို့ သတိရတာ မဟုတ်ဘူး
မမြင်တာကြာလို့ လွမ်းတာ မဟုတ်ဘူး
အဆက်သွယ် မရှိလို့ မေ့နေတာ မဟုတ်ပါဘူး
တကယ်တော့
အတူရှိခဲ့တဲ့ အတိတ်ကို သတိရတာပါ
အရင်လို ပြန်မဖြစ်နိုင်တော့လို့ လွမ်းတာ
မင်းကရှောင်ပုန်းနေလို့ မေ့ချင်ယောင်ဆောင်နေရတာပါ
ရင်ခွင် ဟုခေါ်သည်။
ထို့ကြောင့် ဤအရာကို.....
အလွမ်းတွေမီးထွန်းရုံသက်သက်
အလင်းရောင် လိုအပ်တာ မဟုတ်ဘူး
ကိုယ့်အတ္တကိုယ် ဖြိုလှဲပြီးမှ
မနက်တွေကို ခင်းကျင်းခဲ့ရတာ
ကုဋေတစ်သန်း မသတ်မှတ်ချင်လဲနေ
လှမ်းလိုက်တဲ့ခြေတစ်လှမ်း
ခြေရာထင်ရင်ထင် မထင်ရင်
ရှေ့တစ်လှမ်းရောက်ချင်တာက ဆန္ဒအမှန်
ဧကံမလွဲ ဆိုတာ ငါ့အတွက်ဟာသ
ကြားဖူးနားဝရှိရုံနဲ့တင် ရီရတယ်
ပလီပလာတွေ ဂိုက်ပေးမကြမ်းတဲ့အခါ
ဇဝေဇဝါနဲ့ ငေါင်ကျန်နေခဲ့တာ ဘာဆန်းလဲ
အလှမ်းမကျယ်ပဲ အလယ်လပ်ခဲ့ရတော့
ထိုင်နေမိတဲ့အခါ ဘာမှမဖြစ်လာတော့ဘူး
ကျိုးမှန်းသိမှာစိုးလို့ မထရဲတဲ့အခါ
ချောလဲတော့လဲ ရောထိုင်မိတာပေါ့
ပိုင်ဆိုင်ခြင်းဆိုတာ မပိုင်ခင်ကတည်းက အပူမျိုး
ဆတိုးဆိုးဖို့ပဲ အမျိုးမျိုးအမြဲတွေးနေတယ်
အဝေးကဆွေးနေတော့ စူးရှတဲ့နာကျင်ခြင်း
ကြင်နာစွာ ထွေးပိုက်ငိုညည်းနေရုံပဲ
သည်းမခံနိုင်လောက်အောင်ကံကြမ္မာက
အိပ်မက်ပြောင်းပြန်နဲ့ နမိတ်ပြတယ်
မယုံရဲရဲ ယုံရဲရဲနဲ့ ရာသီကိုပြင်ရင်း
ပန်းမွေ့ယာပေါ်နင်းလဲ ဆူးကစူးတာပဲ
ရူးရူးမူးမူး ရူးချင်လို့
မိုးခါးရေ ရှာရင်းထန်းပင်ကိုမော့ကြည့်မိတယ်
မက်မက်မောမော မက်မောချင်လို့
အပြေးအလွှား ပင်လယ်ထဲ ခုန်ချချင်ခဲ့တယ်
ကြမ်းကျွံကျခဲ့တဲ့ မျက်ဝန်းစကားတွေ
သုံးစားမရတဲ့အိပ်မက်ထဲမှာ အလှဆုံးပဲ
လမ်းဖောက်ခဲ့မိတဲ့ စည်းကျော်အပြုံး
တစ်သက်စာ အရှုံးနဲ့ပဏ္ဍာရနေတယ်
ထို့ကြောင့်
အရာမရောက်သော အရာများစွာ
ခေါက်သိမ်းသိုလှောင်ထားသော ဆွေးမြည့်ဖွယ် အလွမ်းဂိုဒေါင်အား
“ရင်ခွင်” ဟုခေါ်ပါသည်
Lion Snow
ဘလော့ဂါသူငယ်ချင်းများအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်
Subscribe to:
Posts (Atom)


