-ဂစ်တာဝါသနာရှင်များအတွက် မိမိတို့
Android ဖုန်းလေးပေါ်ကနေ၊ဒီ apkကို
အသုံးပြုပြီး၊shorten solo lesson scales တွေကိုလေ့လာသင်ကြားလို့ရစေမယ့်
" Guitar Shred v4.4"ဆိုတဲ့ Application
လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါပြီ-
-ဒီဆော့ဖ်ဝဲကိုအသုံးပြုဖို့အတွက် အင်တာနက်
လိုင်းရှိထားဖို့တော့လိုပါတယ်-
-ဒီပို့စ်လေးကို၊စာအုပ်အဖြစ်ဖတ်ရှုသိမ်းယူထား
လိုပါက၊pdf ပြုလုပ်ပေးထားပါတယ်။စာအုပ်ထဲ
မှာပုံတွေနှင့်တကွရေးသားပေးထားပါတယ်။
စာအုပ်အားအောက်ကလင့်ခ်မှာဒေါင်းယူပါ-
★စာအုပ်ဒေါင်းယူထားရန် လင့်ခ်★
Guitar Shred v4.4 Apk အား၊အောက်က
လင့်ခ်ကိုနှိပ်၍ဒေါင်းလုပ်ယူလိုက်ပါ
★ Guitar Shred v4.4 Apk အားဒေါင်းရန်★
-သင်ခန်းစာများကို Tab notes များ၊
musical theory များ၊video HD ရုပ်ထွက်နဲ့ပါ၊နားဆင်ကြည့်ရှု
လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
sound quality ကောင်းမွန်ခြင်း၊lesson တစ်
ပုဒ်၏လက်ကွက်များ၊နုတ်စ်များ၊position များ
ကို၊ပုံမှန် normal speed အပြင်၊တကွက်ခြင်း၊
ဖြည်းဖြည်းခြင်းလေ့လာကြည့်ရှုသင်ယူလို့
ရစေရန်အတွက်၊Slow down mode ဆိုတဲ့၊
feature ပါရှိတာဟာလည်း၊learn user များ
အတွက်အတော်ကိုအဆင်ပြေစေမှာပါ-
-သင်ကြားလို့ရမယ့်lesson techniques
အမျိုးအစားတွေကတော့...................
-Legato
-Tapping
-Two hands Tapping
-Polyrythmic Tapping
-Chicken
-Picking
-Alternate picking
-Sweeping
-Tril
-Natural Harmonics
-Artificial Harmonics
-Chromatisms
-String jumping
-Combinated techniques...
စတာတွေပဲဖြစ်ပါတယ်-
-Level(1)မှာ၊lesson 9 မျိုး
-Level(2)မှာ၊lesson 10 မျိုး
-Level(3)မှာ၊lesson 9 မျိုး
-Level(4)မှာ၊lesson 8 မျိုး ပါရှိသင်ကြား
လေ့လာလို့ရစေပါတယ်။
-Data ဖိုင်များကို၊တစ်ခါမျှအင်တာနက်ဖွင့်၍
ဒေါင်းလုပ်ဆွဲထားလိုက်ပြီးပါက၊နောက်ပိုင်းတွင်
အင်တာနက်မလိုပဲ offline အနေနဲ့ video များ
ကိုလေ့လာကြည့်ရှုလို့ရစေတာဟာလည်း၊
နှစ်သက်စရာအချက်တစ်ခုပဲဖြစ်ပါတယ်-
-ဆက်လက်ပြီး app အသုံးပြုပုံကိုပြောပြပေး
သွားပါမယ်-
★Apk အသုံးပြုပုံ★
၁။အရင်ဆုံးအင်တာနက်လိုင်းဖွင့်ထားပြီး၊
အောက်ကလင့်ခ်ကိုနှိပ်၌ Guitar Shred v4.4
Application အားဒေါင်းလုပ်ရယူလိုက်ပါ-
၂။ဒေါင်းလုပ်ဆွဲပြီးလျှင် Apk အား၊မိမိရဲ့
ဖုန်းပေါ်ကို installing လုပ်လိုက်ပါ-
၃။ပြီးရင် apkထဲကိုဖွင့်ဝင်လိုက်ပါ-
၎။အဲ့ဒိမှာ Levels လေးခုတွေ့ရပါမယ်။
Level တစ်ခုစီမှာ lesson ခွဲတွေပါရှိပါတယ်။
အဲ့ဒိတော့ Level 1 ထဲကို၊click နှိပ်ဝင်လိုက်ပါ-
၅။အဲ့ဒိမှာမိမိလေ့လာသင်ယူလို့ရမယ့်
သင်ခန်းစာတွေ ၈မျိုး/၉မျိုးလောက်တွေ့
ပါလိမ့်မယ်။ကိုယ် ပြုလုပ်လေ့လာလိုတဲ့
lesson name ထဲနှိပ်ဝင်လိုက်ပါ-
၆။အဲ့ဒိမှာ၊အောက်နားက Telecharger ဆိုတဲ့
စာသားနေရာကိုနှိပ်လိုက်ပါ။၁၀စက္ကန့်မျှဒေါင်း
လုပ်ဆွဲပြီးလျှင် Tab notes တွေကိုမြင်တွေ့
ရပါမယ်။
၇။ပြီးရင်အပေါ်က၊၃ခုနေရာမြောက်က၊
အစိမ်းရောင်မြှားနေရာလေးကိုထပ်နှိပ်လိုက်ပါ။
Movie ကိုဒေါင်းလုပ်ဆွဲနေပါလိမ့်မယ်။
movie ဒေါင်းနေချိန်ဟာ၊လိုင်းကျနေချိန်ဆိုရင်
၅မိနစ်ခန့်ကြာနိုင်ပြီး၊လိုင်းအားကောင်းချိန်မှာ
ဆိုရင် ၃မိနစ်ခန့်၊ကြာမှာဖြစ်ပါတယ်-
၈။ပြီးရင်၊မိတ်ဆွေက၊တကွက်ခြင်း
Slow down အနေနဲ့ကြည့်ရှုနားဆင်လိုတယ်
ဆိုပါက၊သူ့ရဲ့ဘေးနားက၊နာရီပုံပါတဲ့၊အစိမ်း
ရောင်မြှားနေရာလေးကိုထပ်မံ၍clickနှိပ်ပါ။
Slow down mode အတွက်ထပ်မံ၍ဒေါင်းလုပ်
ဆွဲနေပါလိမ့်မယ်။ပြီးသွားရင်တော့ slow ကြည့်
လို့ရပါပြီ။
ဒေါင်းလုပ်ဆွဲထားပြီးသား videoတွေကို၊ဖုန်းရဲ့
SD ထဲမှာ data cache အနေနဲ့ auto save
ပေးထားတာကြောင့်၊နောက်တကြိမ်ဝင်ကြည့်
လျှင်အင်တာနက်လိုင်းမလိုပဲ၊offline အနေနဲ့
ကြည့်ရှုနားဆင်လေ့လာနိုင်မှာပါ။
ကိုယ် save ချင်တဲ့ storage ကိုလည်း
internal sd(or)external sd နေရာကိုလည်း
မိမိစိတ်ကြိုက်ရွေးခြယ်ပြီး save နိုင်ပါတယ်။
အဲ့လို save မယ်ဆိုရင်တော့ ဒီ apk ထဲက
Download ဆိုတဲ့စာသားနေရာကိုနှိပ်ဝင်ပြီး၊
ရွေးခြယ်ပေးထားရမှာဖြစ်ပါတယ်-
၉။Level 1,2,3,4 နဲ့ lesson များကိုဒေါင်းယူ
ကြည့်ရှုနည်းက၊အပေါ်ကအဆင့်အတိုင်းပါပဲ
ပြုလုပ်နည်းအတူတူပဲဖြသ်ပါတယ်။
၁၀။တကယ်လို့ Level အားလုံးနဲ့သင်ခန်းစာ
တွေအကုန်လုံးကို၊အားလုံးတခါထဲဒေါင်းယူ
ချင်တယ်ဆိုရင်၊apk ထဲဝင်၊Download နေရာ
ကိုနှိပ်ဝင်၊ပြီးရင်နောက်တမျက်နှာမှာ၊အစိမ်း
ရောင် button နဲ့Download ဆိုတဲ့နေရာကို
ထပ်မံ၍ clickနှိပ်ပေးလိုက်ပါက၊အားလုံးကို
ဒေါင်းလုပ်ဆွဲနေမှာပဲဖြစ်ပါတယ်။
ဒေါင်းလုပ်ဆွဲချိန်ကတော့၊လိုင်းကောင်းချိန်မှာ
တစ်နာရီခန့်ကြာမှာဖြစ်ပြီး၊လိုင်းကျနေချိန်မျိုး
မှာတော့ ၁:၄၅ မိနစ်လောက်ကြာမှာပဲဖြစ်ပါတယ်။
-Apk File Size 1MB လောက်ပဲရှိပြီး
-Android OS Version 2.1 နှင့်အထက်ရှိသော
ဖုန်းများမှာထည့်သွင်း install လုပ်၍ အသုံးပြု
နိုင်မှာပဲဖြစ်ပါတယ်-
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
Facebook Page တွင် Like လုပ်ထားရန်
https://m.facebook.com/profile.php?id=187700948034339
Facebook Group တွင် Joined ရန်
https://m.facebook.com/groups/549676211789420
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)
0 comments:
Post a Comment