-အခုကိုဇော်သွင်(သတင်းစုံ)ဆိုတဲ့ v1.2 Latest Updated ဆော့ဖ်ဝဲလ်
လေးကိုရေးသားပေးလိုက်ပါတယ်။
သတင်းနှင်ပက်သက်တဲ့ဆိုဒ်တွေကိုပဲ
Edit ပြုလုပ်ပေးထားတဲ့"သတင်းသီးသန့်"
ဆော့ဖ်ဝဲဖြစ်ပါတယ်-
✌အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူပါ✌
-ဒီဆော့ဖ်ဝဲလေးမှာတော့သတင်းဆိုဒ်များကိုပဲသီးသန့်ပြုလုပ်ပေးထား
တာဖြစ်ပါတယ်။အခြားသော သုတ၊ရဿ၊ကဗျာ၊နည်းပညာနှင့်အခြား
ကဏ္ဍအကြောင်းအရာဆိုဒ်များကိုဖြုတ်ပေးထားပြီး၊သတင်းများသီးသန့်
ကိုသာပြုလုပ်ထည့်သွင်းထားပါတယ်။
ဒါ့ကြောင့် news feeds များယူရာမှာလည်းအရင်ကထက်ပိုမိုမြန်ဆန်
လာစေမှာဖြစ်ပြီ၊သတင်းသီးသန့်ဖတ်ရှုလိုသူများအတွက်အဆင်ပြေမှာ
ပဲဖြစ်ပါတယ်။
အခုဗားရှင်းလေးမှာလည်း update မှန်မှန်မတင်ဖြစ်တဲ့သတင်းဆိုဒ်များ
ကိုဖြုတ်ထားပြီး၊အချိန်နှင့်တပြေးညီ၊တင်ပေးတဲ့သတင်းဆိုဒ်များကိုသာ
ထည့်သွင်းပေးထားတာကြောင့်၊
ပုံမှန်သတင်းများနှင့်နောက်ဆုံးရ Update
သတင်းများကို၊အချိန်နဲ့တပြေးညီ၊သိရှိဖတ်ရှုလို့ရစေမှာဖြစ်ပါတယ်-
"အသုံးပြုနည်း"
အင်တာနက်ဖွင့်ပြီးဆော့ဖ်ဝဲထဲဖွင့်ဝင်တာနဲ့ ၂၄နာရီအတွင်းတင်ထား
တဲ့သတင်းဆိုဒ်များမှ feedsများကို auto
ဒေါင်းလုပ်ဆွဲယူနေပါမယ်။
ဒေါင်းလုပ်ပြည့်/မပြည့်ကို၊မိမိဖုန်းရဲ့ notification bar ကိုဆွဲချလိုက်ပြီးကြည့်
ရှုနိုင်ပါတယ်။တစ်ရက်အတွင်းတင်ထားတဲ့သတင်းများကိုသာ auto ဒေါင်းလုပ်
ဆွဲပေးနေမှာဖြစ်ပါတယ်။
တကယ်လို့မိတ်ဆွေက၊အရင်ရက်တွေကသတင်းအဟောင်းများကိုပါဖတ်ချင်
ပါက "သတင်းအားလုံးရယူရန်နှိပ်ပါ"ဆိုတဲ့စာသားနေရာကို click နှိပ်ပေးရမှာပဲ
ဖြစ်ပါတယ်။သတင်းအားလုံးကိုဒေါင်းလုပ်ဆွဲလျှင်အချိန်အနည်းငယ်ကြာမှာ
ဖြစ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့၊photo ပုံတွေကိုပါဒေါင်းလုပ်ဆွဲနေရ
တာကြောင့်ကြာတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့်ဆော့ဖ်ဝဲဖွင့်ဖွင့်ခြင်းမှာဆိုရင်၊၂၄နာရီအတွင်းတင်တဲ့သတင်းများကို
auto ဒေါင်းလုပ်ဆွဲပေးမှာဖြစ်ပြီး၊အရင်ရက်ကသတင်းအဟောင်းများကိုဖတ်ရှု
လိုပါက"သတင်းအားလုံးရယူရန်နှိပ်ပါ"ဆိုတဲ့နေရာကိုထပ်မံ၍ click နှိပ်ပေးရ
မှာပဲဖြစ်ပါတယ်။
ဖတ်ရှုပြီးတဲ့သတင်းများကိုတစ်ပုဒ်ခြင်းစီကော၊ပို့စ်အားလုံးကိုပါဖျက်လို့ရပါတယ်
အဲ့လိုပြုလုပ်ဖို့အတွက်၊မိမိဖုန်းရဲ့ Menu နေရာကိုနှိပ်ပြီး၊ညာဘက်အပေါ်နားက
Delete all နေရာကိုနှိပ်ပြီး၊Okကိုနှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ပို့စ်တွေအရမ်းများ
နေရင် Delete all ကို၊လေးငါးခါလောက်နှိပ်ပြီးဖျက်ရပါမယ်။
သတင်းတစ်ပုဒ်ခြင်းကိုပဲရွေးပြီးဖျက်ချင်ရင်တော့၊ကိုယ်ဖျက်ချင်တဲ့သတင်းအပုဒ်
အပေါ်ကိုလက်နှင့်ကြာကြာလေး Long press ဖိပေးထားပြီး၊ပေါ်လာတဲ့ Delete
ဆိုတဲ့စာသားနေရာကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင်၊ရယူထားပြီးသားသတင်းများကို
လည်း၊တစ်ရက်ပြည့်ပါက၊သူ့အလိုလို
Auto Delete လုပ်၊ဖျက်ပေးမယ့်စနစ်ကို
လည်းထည့်သွင်းပြုလုပ်ပေးထားတာမို့
ရယူပြီးသားသတင်းများသည်တစ်ရက်ပြည့်ပါက၊သူ့အလိုလို Auto Delete ဖျက်
ထုတ်ပေးသွားမှာဖြစ်ပါတယ်။
သတင်းသီးသန့်ဖတ်ရှုလိုတဲ့မိဘပြည်သူများကြိုက်နှစ်သက်စေမယ့်ဆော့ဖ်ဝဲ
တစ်ခုဖြစ်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။
ကိုဇော်သွင်(နည်းပညာ)ရဲ့ဘလော့ဂ်ပို့စ်
0 comments:
Post a Comment