မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

ကျပ်သိန်းပေါင်း ၁၉၆၈၀ တန်ဘိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

0 comments


တာချီလိတ်  သြဂုတ် (၃၁) ရက်

                    တာချီလိတ်မြို့ နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်ကျေးရွာအ၀င်စစ်ဆေး ရေးဂိတ်တွင်
 တာချီလိတ် (မူးယစ်)အဖွဲ့ မှ ရဲအုပ်ဇော်ဝင်းထွန်းနှင့် ရဲတပ်သားညီခမ်းတို့  တာဝန်ထမ်းဆောင်နေစဉ်
ဝှေလေလန်ကျေးရွာဖက်မှ ၀မ်ပုံကျေးရွာဖက်သို့  မူးယစ်ဆေးဝါးများသယ်ဆောင်လာမည့်သတင်းကို
ရရှိသည့်အတွက် ရဲအုပ်ဇော်ဝင်းထွန်းဦးစီးသော တာချီလိတ်(မူးယစ်)အဖွဲ့ မှ တပ်ဖွဲ့ဝင်များ၊ခရိုင်အထူး
မူခင်းနှိမ်နင်းရေးအဖွဲ့ မှ ဒုရဲအုပ်သန်းစိုး၊သတင်းတပ်ဖွဲ့ မှ ဒုရဲအုပ်အောင်ကျော်စိုး၊နယ်ထိန်းခေါင်းဆောင် 
ဒုရဲအုပ်မြင့်ထွေး၊စရဖမှ တပ်ကြပ်ကြီးကျော်မိုးဝင်း တို့ ဦးစီးသောတပ်ဖွဲ့ ဝင်များ၊ပါခုတ်ကျေးရွာ ပြည်သူ့ စစ်
ခေါင်းဆောင် ဦးတင့်ရွှေနှင့်တကွသက်သေများဖြင့်အတူပါခုတ်စစ်ဆေးရေးဂိတ်တွင် အသင့်စောင့်ဆိုင်း
နေစဉ်မွန်းလွဲ33း0မိနစ် အချိန်တွင် ကြိုတင်သတင်းရရှိထားသည့်ယဉ်အမှတ် ၄ဂ/၇၁၈၆နံပါတ်ပါ တိုယိုတာ
ဒိုင်နာအမျိုးအစား အပြာရောင်မော်တော်ယာဉ်ရောက်ရှိလာသည့်အတွက်စစ်ဆေးရှာဖွေရာယာဉ်၏
နောက်ဖက် ကိုယ်ထည်၏ကြမ်းခင်းအား 



၂ထပ်ပြုလုပ်ထားသည့် အံဝှက်အတွင်းတွင်အ၀ါရောင်တိပ်ဖြင့်ပတ်ထားပြီး မှိုင်းခံစက္ကူဖြင့်ထုပ်ထားသည့်
တစ်ထုပ်လျှင် ဆေးပြား၆၀၀၀ပါ WYစာတန်းပါပန်းရောင်စိတ်ကြွဆေးပြား ၁၆၄ ထုပ် ၊ စုစုပေါင်းဆေးပြား ၉၈၄၀၀၀ပြား ၊ အလေးချိန် ၉၈.၄ကီလို၊ ကာလတန်ဘိုးတစ်ပြားလျှင်ကျပ်၂၀၀၀နှုန်းဖြင့် ကျပ်သိန်းပေါင်း 
၁၉၆၈၀အား ရှာဖွေတွေ့ရှိရသည့်အတွက် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် တာချီလိတ်မြို့နယ်
 ဝှေလေလန်ကျေးရွာနေ အိုက်အွမ်(အသက်-၃၀နှစ်) ဘ- ဦးအိုက်ဆွေအား သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိပါသည်။



  မူးယစ်ဆေးဝါးများသိမ်းဆည်းရရှိရာသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးထွဋ်၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး ကွင်းဆက်တရားခံ
များအား ဖေါ်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Read more...

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး