မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

✔ကမ္ဘာအရပ်ရပ်မှ Hackers များအကြောင်း✔

0 comments

image


★ ကမ္ဘာအရပ်ရပ်မှ Hacker များ★

      -Hacker ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတော့ပါဘူး။  Hacker လို့ပြောလိုက်ရင် ပြေးမြင်တာကတော့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတဲ့ ကွန်ပျူတာ ကွန်ယက်တွေထဲကို ဖောက်ထွင်း ၀င်ရောက်၊ မွှေနှောက်နိုင်စွမ်းရှိသူတွေလို့ ကျွန်တော်တို့သိထားကြပါတယ်။  ဒီနေ့ အဲ့ဒီ Hacker ဆိုတဲ့ ဝေါဟရလေး အကြောင်း စိတ်ဝင်စားတာနဲ့ မွှေနှောက်ရှာရင်း Hacker အမျိုးအစားတွေနဲ့အတူ နာမည်ကြီး Hacker အကြောင်းကိုပါ ဖတ်မိပါတယ်။  ကျွန်တော့် အနေနဲ့ Hack လည်း မဟက်တတ်၊ Hacker လည်းမဟုတ်၊ ကွန်ပျူတာနဲ့ပတ်သတ်လို့ သြော်.. ဒါကြီးကို ကွန်ပျူတာလို့ခေါ်တာပါလားလေ ဆိုပြီးတော့လောက်သာ သိလေတော့ ကျွန်တော့်လိုပဲ Hacker တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်။
          Hacker တွေကို အမျိုးအစားအားဖြင့် ၈ မျိုးခွဲထားတယ်လို့ ၀ိကီပီဒီယားမှာ ဆိုပါတယ်။  ဒါတွေကတော့ White hat, Black hat, Gray hat, Elite hacker, Script kiddie, Neophyte, Blue hat နဲ့ Hacktivist ဆိုပြီးတော့ ဖြစ်ပါတယ်။

၁။ White hat
          ဒီ white hat hacker တွေကတော့ အငြှိုးအတေးနဲ့ လုံခြုံရေးကွန်ယက်စနစ်ထဲကို ၀င်ရောက်တာမဟုတ်ပါဘူးတဲ့။  သူတို့ရဲ့ လုံခြုံရေးစနစ်တွေကို ပြန်လည် စမ်းသပ်တဲ့ အနေနဲ့ ၀င်ရောက်တတ်ပါတယ်။  “White Hat”  ဆိုတဲ့ အသုံးအနှုန်းကတော့ အင်တာနက်လောကရဲ့ ဗန်းစကားတစ်ခုဖြစ်ပြီးတော့ အကျင့်စာရိတ္တကောင်းမွန်တဲ့(ethical) Hacker လို့ ဆိုရမှာ ဖြစ်ပါတယ်။  ဒီ အမျိုးအစားတွေထဲပါတဲ့ hacker တွေဟာ လုံခြုံရေးစနစ်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခြင်း (penetration test)၊ လုံခြုံရေးစနစ်ရဲ့ ခံနိုင်ရည် (vulnerability assessments) စတာတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းဘောင်အတွင်းမှာပဲ ၀င်ရောက်ပြီး hack တာဖြစ်ပါတယ်။  International Council of Electronic Commerce Consultants (EC-council) လို့ခေါ်တဲ့ အဖွဲအစည်းတွေဟာ ဒီလို ethical hacking အတွက် ထောက်ခံချက်လက်မှတ်၊ သင်တန်းတွေ၊ အွန်လိုင်း သင်တန်းတွေ ပို့ချပေးပါတယ်။

၂။ Balck hat
          ဒီ Black hat hacker တွေကတော့ White hat hacker တွေနဲ့ ပြောင်းပြန်ပေါ့လေ။  ကွန်ပျူတာ အင်တာနက် ကွန်ယက်ထဲက လုံခြုံရေးတွေကို ထိုးဖောက်ဝင်ရောက်မယ်။  အကြောင်းပြချက် တွေပေးတတ်ပေမယ့် တစ်ကယ်ကတော့ ကိုယ်ကျိုးစီးပွား ရှာလိုတာက များတယ်လို့ ဆိုပါတယ်။  ဒီလို ၀င်ရောက်ပြီးရင် အထဲမှာရှိတဲ့ သတင်းအချက်အလက် ဒေတာတွေအားလုံးကို ဖျက်ပစ်တတ်သလို၊ အက်မင်များ အသုံးမပြုနိုင်အောင်လည်း အဲ့ဒီ network ကို ဖျက်ဆီးပစ်တတ်ပါတယ်။  ဒီလို ၀င်ရောက်တဲ့အခါမှာတော့ အပိုင်း ၂ ပိုင်းခွဲပြီး hack ကြပါတယ်။ 
အပိုင်း ၁ ကတော့ Targeting ပါ။
          ဒါကတော့ hacker ဟာ ဘယ် ကွန်ယက်ကို စတင် ချိုးဖောက်ဝင်ရောက်မယ်ဆိုတာကို ဆုံးဖြတ်တာပါ။  ဒါဟာ သက်ဆိုင်ရာ hacker ရဲ့ စိတ်ဝင်စားမှု့နဲ့ သက်ဆိုင်ပါတယ်။  ဒါမှမဟုတ်အဲ့ဒီ ကွန်ယက်က တိုက်ခိုက်မှု့ကို ခံနိုင်တဲ့ အတိုင်းအတာရှိနေမယ်ဆိုရင်တော့ “Port scan” လုပ်ပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို သိအောင်လုပ်ပါတယ်။  ဒီအခါမှာ ဘယ်Port ကနေပြီးတော့ ကွန်ပျူတာဟာ network ကိုအသုံးပြုပြီး data တွေယူနေသလဲဆိုတာကို သိရှိပါတယ်။  ဒီလို open ports တွေကနေပြီးတော့ hacker တွေဟာ ဒီကွန်ယက်စနစ်ထဲကို ၀င်ရောက်ပါတယ်။

အပိုင်း ၂ ကတော့ Research and Information Gathering ပါ။
          ဒီအဆင့်ကတော့ စောစောက ကွန်ယက်စနစ်ထဲကို ၀င်ရောက်လို့ရသွားပြီဆိုတာနဲ့ Hacker ဟာ ဒီကွန်ယက်စနစ်တစ်ခုလုံးကို ထိန်းချုပ်လို့ရမယ့် vital information လို့ခေါ်တဲ့ အရေးကြီးလှတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတော့တာပါ။  ဒီလိုရရှိဖို့ အသုံးချတာကတော့ SocialEngineering ကိုပါ။  တစ်ခြားနည်းလမ်းနောက်တစ်ခုကတော့  Dumpster Diving လို့ ဗန်းစကားအရခေါ်ပါတယ်။  ဒါကတော့ အမှိုက်ပုံထဲကို ခေါင်းထိုးပြီးရှာသလိုပဲ ဒီကွန်ယက်အသုံးပြုသူတွေထဲက ဒီ ကွန်ယက် စနစ်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်နိုင်စေသော သတင်းအချက်အလက် တွေကို ရှာဖွေခြင်းဖြစ်ပါတယ်။

၃။ Grey hat
          ဒီလို hacker တွေကိုတော့ မျက်နှာ နှစ်ဖက်နဲ့လူလို့ ပြောရမလိုပါပဲ။  တစ်ခါတစ်လေမှာ တစ်ချို့ကွန်ယက်တွေ ကို ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ စသည်အားဖြင့် ခေါ်တဲ့အခါမှာ ဒီ ကွန်ယက်ကိုလည်း ပြုပြင်ပေးရင်း မသိမသာ ကွန်ယက်ထဲက သတင်းအချက်အလက်တွေကို ရောင်းတဲ့ hacker မျိုးပါ။

၎။ Elite hacker
          Hacker တွေထဲမှာတော့ Elite hacker ဆိုရင်တော့ မြန်မာလို ဆရာကြီး ဂိုဏ်းချုပ်လို့ ခေါ်ရမလိုပါပဲ။  ဒီလိုလူတွေဆီက အသစ်၊ အသစ်သော hack နီးပေါင်းစုံတွေ ထွက်လာတတ်ပါတယ်။  ဒီအထဲမှာတော့ တော်တော်နာမည်ကြီးတဲ့ အဖွဲ့နာမည်ကတော့ Master of Deception လို့ ခေါ်ပါသတဲ့။

၅။ Script kiddie
          ဒါကတော့ ဟိုးဆရာကြီး ဂိုဏ်းချုပ် တွေလောက်လည်း မတော်တဲ့ hacker တွေပါတဲ့။  နည်းပညာပိုင်းကို သေသေချာချာ မသိပဲ အခြားသူများ ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတွေကို အသုံးချပြီးတော့ ကွန်ပျူတာ ကွန်ယက်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။  သို့ပေမယ့်လည်း ဒီဆော့ဖ်ဝဲတွေရဲ့ ကျောရိုး၊ သဘောသဘာဝ၊ မည်သို့မည်ပုံ အသုံးချရမယ်ဆိုတာတွေကိုတော့ ကောင်းကောင်းသိပါသတဲ့။

၆။ Neophyte
          ဒီအမျိုးအစား hacker တွေကိုတော့ “n00b” ဒါမှမဟုတ် “newbie” လို့ခေါ်ပါတယ်။  သူတို့တွေကတော့ ပညာရပ်ပိုင်းရော၊ အတွေ့အကြုံရော မရှိပဲနဲ့ လက်တည့်စမ်းတဲ့ သဘောနဲ့ hack ကြတဲ့ hacker တွေ ဖြစ်ပါသတဲ့။

၇။ Blue hat
          ဒီ blue hat hacker တွေကတော့ ကွန်ပျူတာ လုံခြုံရေး အကြံပြုအဖွဲ့ဝင်တွေထဲကလူတွေ မဟုတ်ပါဘူးတဲ့။  သူတို့ဟာ ကွန်ယက်တစ်ခု မစတင်ခင်မှာပဲ အဲ့ဒီကွန်ယက်ထဲကို bug test အသုံးပြုပြီး ခိုဝင်နေတတ်ပါတယ်။ ဒီတော့ Security ချထားသည့်တိုင်အောင် သူတို့ဟာ ဒီကွန်ယက်ထဲမှာ လွတ်လပ်စွာ hack နိုင်ကြပါသတဲ့။  Microsoft ကုမ္ပဏီကလည်း လုံခြုံရေးဆိုင်ရာနဲ့ ပါတ်သတ်ပြီး ပြောကြားတဲ့နေရာမှာ ဒီ Blue hat ဆိုတဲ့ ဗန်းစကားကို အသုံးပြုပါတယ်။

၈။ Hacktivist
          ဒါကတော့ ဟက်ပြီးသွားရင် နည်းပညာကိုသုံးပြီးတော့ ကြော်ငြာခဲ့တာပါ။  ဘယ်သူကဖြင့်တော့ ဘယ်သူ့ဆိုဒ်ကို ဟက် ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ တစ်ခါတစ်လေ အဟက်ခံထားရတဲ့ ဆိုဒ်တွေကို ဖွင့်လိုက်ရင် ပေါ်လာတဲ့ဟာမျိုးပါ။  ဒါကိုတော့ website defacement ဒါမှမဟုတ် denial-of-service attacks တွေမှာ အသုံးများပါတယ်။

ကဲ ဒါလေးပြီးရင်တော့ ကျွန်တော့် ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကြီး ဟက်ကာတွေ အကြောင်းလေး အကျဉ်းချုံးပြီးတော့ တင်ပြချင်ပါတယ်။

image

     သူ့နာမည် အပြည့်အစုံက Kevin David Mitnick ပါ။  ၁၉၆၃ ခုနှစ်မှာ မွေးပြီးတော့ အခုတော့ ကွန်ပျူတာ အကြံပေးအနေနဲ့ရော၊ Mitnick Security Consulting မှာရော လုပ်ကိုင်နေပြီး စာရေးဆရာအဖြစ်လည်း အသက်မွေးနေပါတယ်။  သူ အသက် ၁၂ နှစ်သားမှာ Social Engineering ကို အသုံးချပြီးတော့ အမေရိကန် လော့စ်အိန်ဂျလိစ်က ဘက်စ်စကား စနစ်ကို hack ပြီးတော့ အလကား စီးပါတယ်။  အသက် ၁၆ နှစ်မှာ Digital Equipment Corporation (DEC) ရဲ့ ကွန်ယက်စနစ်ကို hack ပြီးတော့ အဲ့ဒီက Software တွေကို ကူးယူခဲ့ပါတယ်။  ဒီအတွက် နောင် ၉ နှစ်အကြာ ၁၉၈၈ခုနှစ်မှာတော့ အဖမ်းခံရပြီး ထောင်ဒဏ် ၁နှစ်အပြင် ၃ နှစ် စောင့်ကြည့်ခြင်း ခံရပါတယ်။  ၃ နှစ်စောင့်ကြည့်ချိန် ကုန်ခါနီးမှာတော့ ကီဗင်ဟာ Pacific Bell ရဲ့ voice mail computer တွေကို ထပ်မံ hack ပါတယ်။  ဒီအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။  အမေရိကန် တရားရေးရုံးရဲ့ အဆိုအရတော့ ကီဗင်ဟာ ဒီလို မဖမ်းထပ်မံ အဖမ်းမခံရတဲ့ အချိန်အတွင်းမှာ ဒါဇင်ပေါင်းများစွာသော ကွန်ပျူတာ ကွန်ယက်တွေထဲကို ၀င်ယောက်ခဲ့တယ်လို့ ဆိုပါတယ်။  သူဟာ ဖုန်းကဒ်တွေကို ပွားယူပြီးတော့ သူ့ရဲ့နေရာကို မခန့်မှန်းနိုင်အောင် ပုန်းအောင်နေခဲ့သလို၊ နိုင်ငံရဲ့ အကြီးမားဆုံးသော ကွန်ပျူတာ နဲ့ တယ်လီဖုန်း ကုမ္ပဏီတွေကို hack ခဲ့ပါတယ်။  ဒီအပြင် ကွန်ပျူတာ passward တွေ ခိုးယူခြင်း၊ အီးမေးလ်တွေထဲဝင်ရောက်ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖတ်ရှု့ခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါသတဲ့။  သူ့ကို ၁၉၉၅ ခုနှစ်မှာ FBIက ထပ်မံဖမ်းဆီးခဲ့ပါတယ်။  ဖမ်းမိတဲ့ အချိန်မှာတော့ ပွားယူထားတဲ့ ဆယ်လူလာဖုန်းတွေ၊ ပွားယူထားတဲ့ ဆယ်လူလာ ဖုန်းကုဒ်ပေါင်း ၁၀၀ ကျော်တွေ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  ၂၀၀၀ ခုနှစ်မှာတော့ ထောင်ဒဏ်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။  ဒီမှာ ထူးခြားတဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ဒါကတော့ “ပိုက်ဆံပေးဆက်လို့ရတဲ့ ဖုန်းထဲကို လေချွန်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ အနုမြူစစ်ပွဲဖြစ်သွားမယ်” ဆိုတဲ့ Kevin Mitnick ရဲ့ စကားလေးတစ်ခွန်းပါ။  ဒါကိုလည်း တရားရုံးက ယုံကြည်ခဲ့ပါတယ်။

image


      ဂါရီ မက် ကင်နွန် ကတော့ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး “တစ်သက်တာအတွက် အမေရိကန် စစ်တပ်ရဲ့ ကွန်ပျူတာ ကွန်ယက်ကို အကြီးကျယ်ဆုံး hack နိုင်သူ” ဆိုလောက်အောင် hack ခဲ့ပါတယ်။  သူဟာ ၂၀၀၁ ကနေပြီးတော့ ၂၀၀၂ ကြား ၁၃ လ ကာလအတွင်းမှာ ၉၇ အမေရိကန် စစ်တပ် နဲ့ နာဆာ ကို “Solo” ဆိုတဲ့ နာမည်သုံးပြီး Hack ခဲ့တာပါ။  သူဟာ အမေရိကန် စစ်တပ်ရဲ့ ကွန်ယက်ထဲကို ၀င်ရောက်ပြီးတော့ ၀ါရှင်တန်ရဲ့ စစ်တပ် အ၀န်းအ၀ိုင်းမှာရှိတဲ့ ကွန်ပျူတာပေါင်း ၂၀၀၀ ကျော်ကို ၁ ရက်ကြာ shutdown လုပ်ခဲ့ပါတယ်။  ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု့ပြီးတော့လည်း အမေရိကန် ရေတပ်ရဲ့ ကွန်ပျူတာ အလုံး ၃၀၀ ကျော်တွေထဲ မွှေနှောက်ပြီးတော့ US Navy ရဲ့ weapons logs တွေကို ဖျက်ပစ်ခဲ့ပါတယ်။  ဒါတွေအားလုံးကို သူဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ပြီး လုပ်ခဲ့တာပါ။  သူဒီလို ဖျက်ဆီးခဲ့တာတွေရော၊ သူ့ hack တဲ့လမ်းကြောင်းကို ရော ရှာဖွေဖို့ ဒေါ်လာ ၇ သိန်းဖိုးလောက် သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။ 

image


          ဒီ အမေရိကန် နိုင်ငံသားကိုတော့ ၁၉၈၃ ခုနှစ်မှာမွေးခဲ့တာပါ။  သူရဲ့ hack ရင်သုံးတဲ့ နာမည်ကတော့ c0mrade ဖြစ်ပါတယ်။  သူ ၁၅ နှစ်သားအရွယ် ၁၉၉၉ ခုနှစ်မှာ BellSouth လို့ခေါ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးကို hack ခဲ့သလို Miami-Dade လို့ခေါ်တဲ့ ကျောင်းရဲ့ ကွန်ယက်ကိုလည်း hack ခဲ့ပါတယ်။  နောက်တော့ သူဟာ နာဆာ ရဲ့ ကွန်ယက်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ အဲ့ဒီကနေ ဒေါ်လာ ၁.၇ သန်းတန်တဲ့ ဆော့ဖ်ဝဲကို download လုပ်ခဲ့ပါတယ်။  ဒီအတွက်ကြောင့် နာဆာဟာ သူ့ရဲ့ ကွန်ယက်ကြီးတစ်ခုလုံးကို ၃ ပတ်ကြာမျှ ပိတ်ခဲ့ရပါတယ်။  နောက်ပိုင်း ပြန်လည် ပြင်ဆင်တဲ့စရိတ်က ဒေါ်လာ ၄ သောင်း ၁ ထောင်ကျော်ကုန်ကျခဲ့ပါတယ်။  နောက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ၀န်ထမ်းတွေ အကြား ပေးပို့တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကြားဝင်ဖတ်ရှု့ခဲ့ပါတယ်။  သူဟာ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး cybercrime ပြစ်မှု့ကျူးလွန်သူအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
          ၂၀၀၇ မှာတော့ ကွန်ပျူတာ တိုက်ခိုက်ခံရမှု့တွေများလာခဲ့ပြီးတော့ ဂျိမ်းစ် ကို ဒါတွေအတွက် ထပ်မံစစ်ဆေးပါတယ်။  ဒါပေမယ့် ဂျိမ်းစ်ကတော့ ဒီတိုက်ခိုက်မှု့တွေထဲမှာ သူဘာမှ ပါဝင်ပက်သက်မှု့မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။  ၂၀၀၈ မှာတော့ ဂျိမ်းစ်တစ်ယောက် ရေချိုးခန်းထဲမှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး သတ်သေသွားခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူ မပါဝင်တဲ့ ဒီလို မျိုး ပြစ်မှု့တွေနဲ့ ပါတ်သတ်ပြီးတော့ တရားဆွဲဆို ခံနေရလို့လို့ ဆိုပါတယ်။  သူနောက်ဆုံးရေးသွားတဲ့ စာသားလေးကတော့
"I have no faith in the 'justice' system. Perhaps my actions today, and this letter, will send a stronger message to the public. Either way, I have lost control over this situation, and this is my only way to regain control."


-အားတဲ့အချိန်ဆက်လက်ဖော်ပြပေးပါမယ်


            အဆင်ပြေ ပါစေ။
                            ကိုဇော်သွင်(နည်းပညာ)

Read more...

✔CCleaner Portable 4.09.4471-Latest Version✔

0 comments

image


C Cleaner Portable v4.09.4471 နောက်ဆုံး update လေး တင်ပေးလိုက်ပါပြီ။

  -ကွန်ပြူတာထဲက temp file တွေ၊ delete fileတွေကိုရှင်းထုတ်ပေးတဲ့ software ပါ.....
ကိုယ့်ရဲ့ window os က hard disk clusters အခန်းများစွာက မလိုအပ်တဲ့ files တွေ junk ဖြစ်နေတဲ့ filesတွေ၊ပြီးတော့ window မှာဆို hard disk ကို disk clean up လုပ်တာနဲ့တူပါတယ်။Window မှာ disk clean up လုပ်တယ်ဆိုတာမှာ hard disk နဲ့ window တင်ထားတဲ့ partition ပဲ အကျူံးဝင်သွားတာပါ။

Window explorer လို့ခေါ်တဲ့ window ရှာဖွေမှုစနစ်က ဖွင့်လိုက်တဲ့ recent files၊
run ကနေရိုက်ဖွင့်လိုက်တဲ့ ဖိုလ်အချို့တွေ၊
ွwindow system ကနေ လုပ်ဆောင်ပေးလိုက်တဲ့ မလိုအပ်တဲ့ဖိုင် tempory files များ၊hardisk ရဲ့ 10%ယူထားတဲ့ recycle bin လို့ခေါ်တဲ့ အမှိုက်ပုံးထဲ ကိုဝင်လိုက်တဲ့ del (or) shift del ကီးနဲ့ကိုင်ထုတ်လိုက်တဲ့ဖိုင်လ်တွေ၊ chkdsk file fragments ဟက်လ်ဒစ်က နေစစ်ရင်းနဲ့ fragments အစီအစဉ်မကျတဲ့ဖိုင်လ်တွေ၊window ကနေ log ချလိုက်လို့ဝင်သွားတဲ့ ဖိုလ်ဒါတွေ၊ ပြီးတော့ Memory dump ဆိုတာ memory စွန့်ပစ်လိုတဲ့ files တွေရှင်းထုတ်ပေးပါတယ်။ပြီးတော့ internet explorer သုံးနေရင်နဲ့ ဖွင့်လိုက်တဲ့ url links များ history ထဲသို့ဝင်သွားတဲ့ file links တွေကိုပါ ရှင်းထုတ်ပေးပါတယ်။


Developer: Piriform | Ltd more programs

License / Price: Freeware/ $0

Size / OS:
4.6 MB / Windows 2K / XP / Vista / Vista 64 bit / 7 / 7 64 bit / 8 / 8 64 bit

Last Updated:

Category: Piriform Ltd | More programs
Freeware / $0
4.6 MB / Windows 2K / XP / Vista / Vista 64 bit / 7 / 7 64 bit / 8 / 8 64 bit / Server 2012
December 19th, 2013, 10:14 UTC

C: \ Portable Software \ Security \ Secure cleaning

-ဒေါင်းလုပ်လုပ်လို့ ရလာတဲ့ ဇစ်ဖိုင်လေးကို
Extract လုပ်ပြီး အသုံးပြုနိုင်ပါပြီ-

-အောက်က ချပေးထားတဲ့ လင့်ခ်များထဲမှ
မိမိနှစ်သက်အဆင်ပြေရာ လင့်ခ် တစ်ခုကို
click နှိပ်ပြီး ဒေါင်းလုပ်ယူသွားပါ-

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်★

CCleaner deals with a rather sensitive segment involved in computer maintenance, namely secure cleaning. It performs an in-depth analysis of almost all areas of your system and detects unused or invalid entries that clog the Windows registry, preventing it from running at its best.

CCleaner Portable is a special edition that can be carried around on a removable drive and run on any computer, without leaving a footprint in the Windows registry. Functionality and appearance are the same in both editions.

CCleaner features a clean, professional-looking interface split into four areas: Cleaner, Registry, Tools and Options. Aside from the last one, which deals with application settings, each of the other three perform different jobs in various areas of your machine.

The Cleaner section is also divided into two panels: the first one, named Windows, serves for cleaning unnecessary system files (from Internet Explorer, Windows Explorer, Recycle Bin, Cache, Memory, etc), while the second one focuses on removing leftovers from third-party software that was or still is installed on your computer.

The Registry module concentrates on repairing issues found in the Windows Registry. After a quick scan, it displays obsolete entries and allows you to fix them, offering to perform backups each time you do it. Usually, it takes more than a scan to identify all of the orphaned items, so you must repeat the operation a few times to make sure that all the issues are detected and eliminated.

Extra functionality is offered by the Tools section. It includes an uninstall manager (lists and allows you to remove installed software), a startup utility (deals with the items that load at startup - boot times can be significantly improved from this panel), a system restore feature (allows you to manage all system restore points) and a drive wiper (securely erases the contents of drives).

Other tweaks can be performed by accessing the Options panel. Here you can build a list of cookies you wish to keep, as well as set various inclusions / exclusions for the scanning process.

To sum up, CCleaner is able to clean your computer of junk files, unused entries from browsers, system files and third-party software. It keeps your computer fit and saves you the time you would spend uncluttering it manually.


   အဆင်ပြေ ပါစေ။
                   ကိုဇော်သွင်(နည်းပညာ)

Read more...

✔Scare Your Friend v5.4 Apk(fun)✔

0 comments

image


✔Scare Your Friend v5.4 Apk✔
-ဒီ apk လေးကတော့ မိမိရဲ့ ဖုန်းကို တခြားသူ
တစ်ယောက်ယောက်က ကိုင်ပြီးဖုန်းဖွင့်လိုက်
ရင် ကြောက်စရာပုံကြီးနဲ့အသံများထွက်ပေါ်
လာကာ သဲထိပ်ရင်ဖို လန့်သွားစေမယ့်
Scare Your Friend ဆိုတဲ့ Fun အမျိုးအစား
Application လေးတစ်ခုဖြစ်ပါတယ်။
-Apk File Size 1.7MB လောက်ပဲရှိပြီး၊
Android OS Version 2.1 နှင့်အထက်ရှိ
ထားသော ဖုန်းများမှာ ထည့်သွင်းအသုံးပြု
လို့ရမှာပါ။
-အောက်မှာ ဒေါင်းလုပ်လင့်ခ်များ ချထားပေး
ပါတယ်။မိမိနှစ်သက်အဆင်ပြေရာ လင့်ခ် တစ်ခုကနေ ဒေါင်းလုပ်ရယူနိုင်ပါသည်။

★One Click တချက်နှိပ်ဒေါင်းလင့်ခ်မှဒေါင်းရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image

image


    အဆင်ပြေ ပါစေ။
                    ကိုဇော်သွင်(နည်းပညာ)

Read more...

✔Note3{SM N-9005} မြန်မာစာပါတဲ့ Offical Firmware✔

0 comments

image


Note 3 {SM-N9005} မြန်မာစာပါတဲ့ Official Fireware
Update 30.10.2013 အသစ်ထွက်
N9005XXUDMJ7 လင့်ကိုထည့်ပေးထားပါတယ်။
(Credit To thetpaing730ဘလော့ဂ်ပို့စ်မှ
Copy ကူးယူသည်)

မြန်မာဖောင့်ထည့်စရာမလို root စရာမလိုပဲ

ဖန်းဝဲတင်လိုက်ရုံနဲ့မြန်မာဖောင့်မြင်ရမဲ့အပြင် ဖုန်းတခုလုံးကို

မြန် မာ လိုပါပြောင်း ပစ်လို့ရတဲ့ Singapore Official

Firmware ဖြစ်ပါတယ်။Note3 sm-n9005တွေမှာ

root ဖောက်တာတောင်မြန်မာစာထည်လို့မရနိုင်ပါ။

ဒီOffical Firmware တင်လိုက်ရင်တော့ OK သွားပါ
မယ်။

*** အထူးသတိထားရန် ဖုန်းကို ဖန်းဝဲမတင်ခင် Setting-

general-security-reactivation lock

ကိုအမှန်ခြစ်ဖြုတ်ဖို့လုံးဝ(လုံးဝ) မမေ့ပါနဲ့ ။ setting-

general-developer option-usb degubbing

ကို ON ဖို့ လုံးဝမမေ့ပါနဲ့ ***

** setting-general ထဲမှာ developer option

ကိုမတွေ့ရင် setting-about device ထဲက

Buildnumber ကို ၇ချက်လောက် ဆက်တိုက်နှိပ်ပေးပါ ။
setting-general ထဲမှာ developer option

ပေါ်လာပါလိမ့်မယ် ။ **

** တခုအရေးကြီးတာက ကွန်ပျူတာထဲမှာတော့ samsung driver ဒါမှမဟုတ် Kie ကိုအရင်အင်စတောလုပ်ပေးထားရပါမယ် ။ **

Odin နှင့်ဖန်းဝဲတင်နည်း ။
*********************
Odin ကိုဖွင့်လိုက်ပါ ထို့နောက် အိုဒင်ကAP ကိုအမှန်ချစ်ပါ။ ပြီးရင် AP ကိုနှိပ် ပီးတော့ ဒေါင်းထားပီးဇစ်ဖြည်ထားတဲ့ .tar ဖိုင်ကိုရွေးပေးလိုက်ပါ။

အဲဒါပီးသွားရင် ဖုန်းကိုပိတ်။ ပြီးရင် power+home+volume down ကိုတပြိုင်ထဲနှိပ်။ download mode ၀င်တာပြတာနဲ့ အကုန်တပြိုင်ထဲ လွှတ်လိုက်ပါ ။

ပြီးရင် volume up တချက်နှိပ် ပီး confirm ရင် download mode ready ဖြစ်ပါပီ ။ အဲဒါပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်လိုက်ပါ ။

အဲလိုချိတ်လိုက်လို့ Odin ထဲက ID:COM နေရာမှာ အရောင်လေးနဲ့ပြနေရင်ရပါပြီ။ အဲဒီကျ Start ကိုနှိပ်လိုက်တာနဲ့ သူလုပ်စရာရှိတာလုပ်ပီးရင် PASS/RESET ပြပီး ဖုန်းရီစတက်ကျပါမယ် ။ သွသူအလုပ်လုပ်နေမယ် ပြီးရင် နောက်တခါရီစတက် ထပ်ကျမယ် အာ့ဆိုပီးသွားပါဘီ။

** ဖန်းဝဲတင်နေတုန်း ကွန်ပျူတာနဲ့ဖုန်းဆက်သွယ်ထားသော usb ကြိုးမလွတ်သွားစေရန် ဂရုစိုက်ပေးပါ **
လိုအပ်မယ့် ဖိုင်များကို အောက်မှာ ဒေါင်းလုပ်
ရယူလိုက်ပါ။

★Odin v3.09 အားဒေါင်းယူရန်★

Samsung USB Driver မရှိသေးရင်ဒေါင်းပါ။

★Samsung USB Driver အားဒေါင်းယူရန်★

Samsung Kie ကိုဒေါင်းရပါမယ်။
အဲ့ဒိမှာ Note3 အတွက် Kie3 ဆိုတာကို ရွေးပြီးဒေါင်းလိုက်ပါ။

★Samsung Kie အားဒေါင်းရန်(slect Kie3)★


ပြီးရင်တော့ Firmware ကိုဒေါင်းယူပါ။

★Firmware အားဒေါင်းယူရန် လင့်ခ်★


  စာတွေကို သေချာစွာ ဖတ်ရှုပြီးမှ ပြုလုပ်ပါ
လို့ ပြောချင်ပါတယ်။


    အဆင်ပြေ ပါစေ။
                    ကိုဇော်သွင်(နည်းပညာ)

Read more...

✔Concept Kitkat HD Launcher Theme 7 1n 1 Apk v2.1✔

0 comments

image


✔Concept Kitkat HD Launcher Theme 7 in1 APK v2.1✔

-Android ဖုန်းလေးပေါ်မှာ Kitkat ရဲ့ Launcher Theme လေး တင်ထားချင်သူ
များအတွက် Concept Kitkat HD Launcher Theme
7 in 1 v2.1 ဆိုတဲ့ Application လေး
တစ်ခုကို တင်ပေးလိုက်ပါတယ်။ဒါနဲ့တွဲပြီးသုံး
နိုင်ဖို့ Launcher Pro လေးပါ တွဲတင်ပေးထား
ပါတယ်။

Apk File Size 12MB ရှိပြီး၊
Android OS Version 1.6 နှင့် အထက်ရှိထားသော ဖုန်းများမှာ ထည့်သွင်း
အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

This is Theme Concept ui KitKat HD Hd. This is an icon pack for many Populars Launcher. As Apex Launcher, Nova Launcher, ADW, Holo, Go launcher, Action Launcher, and others. Also compatible.

Works with:
Nova Launcher
Apex Launcher
ADW Launcher Ex
Go Launcher EX
free ADWLauncher
compressed HD Go Launcher (icons only)
Launcher Pro
Winterboard
Smart Launcher
Action Launcher Pro
Atom Launcher
Holo Launcher
Smart Launcher
Unicon only Icon
TSF Shell
ADW Launcher
Walpaper design and resolution

★Concept Kitkat Launcher Theme Apk အားဒေါင်းယူရန်★

★Launcher Pro Apk အားဒေါင်းယူရန်★


        အဆင်​​ပြေ ပါစေ။
                        ကိုဇော်သွင်(နည်းပညာ)

Read more...

✔ဘဏ် Apk များ✔(for android)

0 comments

image


✔လူကြီးမင်းတို့အတွက်banking နဲ့ပတ်သက်ပြီးတစ်နေရာထဲမှာရရှိစေရန် APK လေးပါ✔
(Credit To sony-samsung)

-Android ကိုင်ဆောင်ထားသောလူကြီမင်းတို့အတွက် BANK APK စုစည်းထားတာလေးပါ

Android ကိုင်ဆောင်သောလူကြီးမင်းများbanking နဲ့ပတ်သက်ပြီးအဆင်ပြေစေရန်bank apk လေးများကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်။
အောက်မှာရှိတဲ့လင့်မှာဒေါင်းပါ

~~~~~~DOWNLOAD HERE~~~~~~
ရလာတဲ့.rar ဖိုင်လေးကို extract rar ဖြည်ပြီးBANK APK လေးများအသုံးပြုနိုင်ပါပြီ

★Download From Mediafire လင့်ခ်★

image

image

image

image

Read more...

✔Quick Pdf Scanner v2.04.56 App✔

0 comments

image


Quick PDF Scanner Version : 2.04.56 (All Android)2Mb
{Credit To ဆော့ဖ်ဝဲမြို့တော် "ရန်ကုန်သား"}

-ဒီတစ်ခါကျွန်တော့်သူငယ်ချင်းတွေအတွက် Quick PDF Scanner အကြောင်းပြောပြချင်တယ်။မိမိဖုန်းမှာ
ဒီကောင်လေးကတော်တော်အသုံးဝင်ပါတယ်။များသောအားဖြင့် ကျောင်းသား ၊ ရုံးစာရေးနဲ့အထွေထွေ
မှတ်တမ်းသမားအတွက်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ မိမိလိုအပ်တဲ့ဓါတ်ပုံတွေ စာရွက်စာတမ်းတွေကိုဓါတ်ပုံ
ရိုက်ပြီးရင် PDF format အဖြစ်ပြန်လည်ကြည့်လို့ရပါတယ်။ export and share လည်းရပါတယ်။စာရွက်
စာတမ်းနှင့်အခြားသင်ခန်းစာတွေကိုလည်း ကင်မရာဖြင့် scan လုပ်ပြီးတာနဲ့ PDF file အဖြစ် output
လုပ်ပေးပါတယ်။  zoom ကိုလည်းလိုသလိုချဲ့နိုင်တယ်။Camera grid ကိုလည်းလိုသလို switched on or off လုပ်လို့ရပါတယ်။ picture sizes တွေရဲ့အမျိုးအစားမတူညီမှုတွေကိုလည်းချိန်ညှိပေးချင်းဖြင့် supported လုပ်ပေးတယ်ခင်ဗျာ။လိုချင်တဲ့ color effects တွေကိုလည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Import အဖြစ်နဲ့လည်း BMP, GIF, PNG, WEBP and JPEG image formats တွေရပါတယ်။
 Import images တွေကိုလည်း Facebook, Picasa, Google+ နှင့်အခြားသော Gallery albums စသည်
တို့ကနေတိုက်ရိုက်ခေါ်ယူသုံးဆွဲနိုင်တယ်ခင်ဗျာ။ ကိုယ်လိုချင်တဲ့ page size ဥပမာ-A4 စသည်ဖြင့် formats လုပ်ပေးနိုင်တယ်။ Pages တွေကိုလည်း delete, add, copy and move လိုသလိုလုပ်ဆောင်
နိုင်တယ်။ ပြီးတော့ ဘယ်လို Sharing လုပ်ချင်လဲ email or Bluetooth , Google Drive , Dropbox, Evernote and SkyDrive ကြိုက်သလို Sharing လုပ်ဆောင်နိုင်ပါတယ်။ သူ့ကိုတော့ Android : 2.2 အ
ထက်မှာစပြီးအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ ဟောဟဲ...ဟောဟဲ..ဟောဟဲ....

★ဒီအောက်ကလင့်ခ်မှဒေါက်းယူလိုက်ပါ★

★ DOWNLOAD HERE(rar file)★


   အဆင်ပြေ ပါစေ။
                   ကိုဇော်သွင်(နည်းပညာ)

Read more...

✔Angry birds Go for Android Game✔

0 comments

image


✔Angry Birds Go! (For Android) ✔

Angry birds တွေ ကားမောင်း ပြိုင်ကြမယ်
Data ရော ပိုက်ပိုက်ပါ ပါပြီးသားပါ။

အောက်က လင့်ခ်မှာ ဒေါင်းလုပ်ရယူပါ။

★DOWNLOAD HERE★


Angry Birds Go! is a new free-to-play kart racing game by Rovio Entertainment, and the newest installment in the Angry Birds line of games. Angry Birds Go! features the angry birds and bad piggies we have grown to love over the past few years. The gameplay and mechanics are very similar to Mario Kart and other kart racers, and the learning curve is quite low for kart racing novices.

Players will be thrown into Piggy Island, which is the first colorful 3D world in the Angry Birds game series. Players have the option of either tilt or touch controls for steering. Tilt controls are very reminiscent to Mario Kart Wii, where players must tilt their iOS device left or right to steer. Touch controls allow players to press either ends of the screen to steer. When beginning the game, players will be guided through a short series of tutorials before jumping into proper tracks.

Read more...

♥ဖူးစာရှင် Apk(for android)♥

0 comments

image


♥ဖူးစာရှင် Apk♥(for android)
-ဒီ application လေးကတော့ ကိုယ်နဲ့
ကိုယ့်ချစ်သူတို့ လက်ထပ်ပေါင်းသင်းနေထိုင်
နိုင်ဖို့အတွက် ဘယ်လောက်ရာခိုင်နှုန်းအထိ
သေချာသလည်းဆိုတာကို အဖြေရှာပေးမယ့်
"ဖူးစာရှင်"ဆိုတဲ့ apk လေးတစ်ခုဖြစ်ပါတယ်။
မူရင်း apk ဖြစ်တဲ့ finger print love test
ဆိုတဲ့ ဆော့ဖ်ဝဲကိုမြန်မာမှုပြုထားတာပါ။
ဆိုဒ်တစ်ခုကတွေ့လို့ဒေါင်းယူုပြီး ပြန်လည်
ဝေမျှပေးလိုက်ပါတယ်။
apk အသုံးပြုပုံက လွယ်ကူပါတယ်။
-apk ကို install လုပ်ပြီးဆော့ဖ်ဝဲထဲဝင်ပါ။

-အပေါ်ဆုံးကအကွက်မှာ ကိုယ့်နာမည်ကို
ရေးပါ။

-အောက်ကအကွက်ထဲမှာ ကိုယ့်ချစ်သူရဲ့
နာမည်ကိုရေးလိုက်ပါ။

-ပြီးရင် အောက်ဆုံးက မြှားနတ်မောင်ကိုစစ်
ဆေးခိုင်းမယ် ဆိုတဲ့စာသားနေရာလေးကို
click တချက်နှိပ်လိုက်ပါ။

နောက်တစ်မျက်နှာမှာလက်ဗွေရာထည့်ရ
ပါမယ်။
-ဘယ်ဘက်ကအကွက်ထဲမှာ ကိုယ့်လက်ဗွေရာ တစ်ခုနှိပ်ပါ။scan ဖတ်ပြီး
သည်အထိကြာကြာလေးဖိပေးထားပါ။

-ညာဘက်ကအကွက်ထဲမှာ ကိုယ့်ချစ်သူရဲ့
လက်ဗွေရာ နှိပ်ပေးရပါမယ်။

-ခဏစောင့်ပေးနေပါ။သင်နဲ့သင့်ချစ်သူတို့ရဲ့
ဖူးစာဆုံဖို့ ဖြစ်နိုင်ခြေကို စစ်ဆေးနေပါပြီ။

-ခဏကြာရင်တော့ ဖူးစာဆုံဖို့ ဖြစ်နိုင်ခြေကို
ရာခိုင်နှုန်းနဲ့ ဖော်ပြပေးပါလိမ့်မယ်။

အောက်မှာတော့ ကျနော်နဲ့ကျနော့ချစ်သူရဲ့
ဖူးစာရှင်အခြေအနေတွက်ချက်ထားပုံလေး
ပါတင်ပေးထားပါတယ်။
Apk File Size 1MB လောက်ပဲရှိပြီး
Android OS Version 2.1 နှင့်အထက်ရှိ
ထားသောဖုန်းများမှာ ထည့်သွင်းအသုံးပြု
နိုင်ပါပြီ။
နှစ်သက်အဆင်ပြေရာ လင့်ခ် တစ်ခုကနေ
ဒေါင်းလုပ်ရယူသွားပါ။

♥One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်♥

♥Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်♥

♥Box လင့်ခ်မှဒေါင်းလုပ်ရယူရန်♥

♥Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်♥

♥Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်♥

image

image

image

image


   အဆင်ပြေ ပါစေ။
                   ကိုဇော်သွင်(နည်းပညာ)

Read more...

✔Video Cinverter MP3 v1.1.7✔

0 comments

image


✔Video Converter MP3 v1.1.7✔

video file များကို mp3 အဖြစ် convert
ပြောင်းချင်သူများအတွက် video converter
mp3 ဆိုတဲ့ app တစ်ခုတင်ပေးလိုက်ပါတယ်

Apk File Size 8MB ရှိပါတယ်။
အောက်က နှစ်သက်ရာ လင့်ခ် တစ်ခုမှ ဒေါင်းလုပ်ရယူ နိုင်ပါတယ်။

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image

image

image


    အဆင်ပြေ ပါစေ။
                    ကိုဇော်သွင်(နည်းပညာ)


Description
This App allow you convert video to mp3.
Supported format: 3gp, mp4, mpeg, vob, and many other less known formats.
You can convert music videos or videos to mp3 with two or three clicks.
Advanced settings supported:
Setting bitrate: 8Kbit/s, 16Kbit/s, 24Kbit/s, 32Kbit/s, 64Kbit/s, 128Kbit/s, 192Kbit/s, 256Kbit/s.
Set target directory to save your converted video to mp3.
Easy to use, click on select button than your file, just last click on convert and your video to mp3 convert started.
This version is free

keywords: video converter, video converter mp3
video to mp3 use LGPL ffmpeg and libmp3lame libraries as codec.

Read more...

✔Unrar App v1.0.3(for android)✔

0 comments

image


✔Unrar App v1.0.3✔

Android ဖုန်းမှာ rar file တွေဖြည်ဖို့အတွက်
အသုံးဝင်တဲ့ Unrar ဆိုတဲ့ application လေး
တစ်ခုတင်ပေးလိုက်ပါတယ်။
တချို့ apk များကို ချုံ့ပြီးတော့ rar ဖိုင်အဖြစ်နဲ့
တင်ထားတတ်ကြပါတယ်။
file size သေးသွားတော့ ဒေါင်းလုပ်ဆွဲရာမှာ
လွယ်ကူစေဖို့အတွက်ပါ။
အဲ့လို rar ဖိုင်မျိုးတွေကိုဒေါင်းယူပြီး အခုတင်ပေးလိုက်တဲ့ ဒီ unrar ဆိုတဲ့ apk
နဲ့ အဆင်ပြေပြေ rar ဖြည်ထုတ်လို့ရပါမယ်။
လိုအပ်အသုံးပြုလိုပါက အောက်မှာဒေါင်းလုပ်
လင့်ခ်များ ချထားပေးပါမယ်။
မိမိနှစ်သက်အဆင်ပြေရာ လင့်ခ် တစ်ခုကနေ
ဒေါင်းလုပ်ရယူနိုင်ပါပြီ။
Apk File Size 952KB ရှိပြီး
Android OS Version 1.6 နှင့်အထက်
ရှိထားသော ဖုန်းများမှာ ထည့်သွင်းအသုံးပြု
နိုင်မှာ ဖြစ်ပါတယ်။

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image


    အဆင်ပြေ ပါစေ။
                    ကိုဇော်သွင်(နည်းပညာ)

Read more...

✔Unzip App v1.0.3(for android)✔

0 comments

image


✔Unzip App v1.0.3✔

Android ဖုန်းထဲကနေ zip file တွေကို လွယ်ကူလျှင်မြန်စွာ ဖြည်ပေးမယ့်
unzip ဆိုတဲ့ application လေးတစ်ခု တင်ပေးလိုက်ပါတယ်။
တချို့ apk တွေကို ဇစ်ဖိုင်အနေနဲ့ တင်ထား
တတ်ပါတယ်။အဲ့လိုအခါမျိုးမှာ ဒီ app လေးက ဇစ်ဖိုင်ကို လွယ်ကူစွာ ဖြည်ထုတ်ပေး
ပါလိမ့်မယ်။
အသုံးလိုပါက အောက်မှာ ဒေါင်းလင့်ခ်များ
ချထားပေးပါမယ်။မိမိအဆင်ပြေမယ့် လင့်ခ်
တစ်ခုကနေဒေါင်းလုပ်ရယူနိုင်ပါပြီ။
Apk File Size 503KB ပဲရှိပြီး
Android OS Version 1.6 နှင့်အထက်ရှိထားသော ဖုန်းများမှာ အသုံးပြု
နိုင်ပါတယ်။

★One Click တချက်နှိပ်ဒေါင်းလင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှ ဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image

image


      အဆင်ပြေ ပါစေ။
                      ကိုဇော်သွင်(နည်းပညာ)

Read more...

♣Sea Game အုပ်စုမှထွက်ခဲ့ရပြီး နည်းပြချုပ် ပတ်ဆောင်ဟွာနှင့်မြန်မာအသင်း လမ်းခွဲ♣

0 comments

image


♣ဆီးဂိမ်း အုပ်စုမှ ထွက်ခဲ့ရပြီး နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် မြန်မာအသင်း လမ်းခွဲ

အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ 

ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။ 

"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။ ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သရေရပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန် ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စုအဆင့်မှပင် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။ 

နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှားကို ရင်ဆိုင်ခဲ့သည်။ ပတ်ဆောင်ဟွာ၏ အသင်းသည် ပွဲချိန် ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။ 

ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ၏ အဆိုပါ အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့် ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ၏ အဆိုပါ ပြောဆိုမှုမှာ ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။ 

Source by : Soccer Myanmar 

Read more...

✔မိမိဘယ်နေ့သေမှာလည်း သိချင်ရင်✔

0 comments

image


♕မိမိ ဘယ်နေ့သေမှာလည်း♕
ဆိုတာကို တွက်စစ်ကြည့်လိုပါသလား?

-ဟုတ်ကဲ့ ကျနော်တို့တတွေဟာ စီးပွါးရေး၊
လူမှုရေး၊စားဝတ်နေရေးနဲ့ မိမိဝါသနာပါရာ
ရေးရာကိစ္စတွေမှာ လှုပ်ရှား လုံးပန်း ရုန်းကန်
နေရတော့ ကိုယ်ဘယ်နေ့သေမှာလည်းဆို
တာမျိုးကို မေ့လျော့နေတတ်ကြပါတယ်။
သတိမရတတ်ပါဘူး။မစဉ်းစားချင်တာမျိုး
လည်းပါမှာပေါ့လေ။-
-အဲ.တစ်ကယ်လို့ အားလပ်တဲ့အချိန်ခဏမျိုး
လေးမှာများ "ငါဘယ်လောက်ထိနေရမှာလည်း
ဘယ်အချိန်လောက်ဆိုသေရမှာလည်း"
ဆိုတာမျိုးများ စဉ်းစားမိခဲ့အခါမှာ မိမိသေရ
မယ့် နေ့၊လ၊ရက်၊ခုနှစ် ကို တွက်ချက်ပေးမယ့်
website link နေရာလေးတစ်ခုကို မျှဝေပေး
လိုက်ပါတယ်။

ဒီအောက်က လင့်ခ် လေးကိုနှိပ်ပြီး သွားရောက် စစ်ဆေးလို့ရပါတယ်။

http://www.deathclock.com/ဒီလင့်ခ်ကိုနှိပ်ပါ

image

image

image

★စစ်ဆေးတွက်ချက်ပုံကတော့★

အဲ့ဒိ page ရောက်ရင် အပေါ်ဆုံးက ကွက်လပ်လေးထဲမှာ မိမိရဲ့မွေးရက်ကို ဖြည့်ပါ
ပြီးရင်သူ့အောက်ကအကွက်မှာ
ကိုယ့်ရဲ့ မွေးခုနှစ်ကို ဖြည့်ပါ။
ပြီးရင် အောက်က ကွက်လပ်မှာ
male လား female ကျား/မ ရွေးပေးပါ။
ပြီးရင် အောက်ကကွက်လပ်မှာ
Mode နေရာမှာ Normal ပဲထားပေးပါ။
ပြီးရင်သူ့အောက်ကကွက်လပ်ထဲမှာ
BMI* မှာ <25 ပဲထားပေးပါ။
ပြီးရင် Smoking Status: ဆိုတဲ့နေရာမှာ
ဆေးလိပ်သောက်သူဆိုရင် Smoker ရွေးပါ
ဆေးလိပ်မသောက်တဲ့သူဆိုရင် No Smoker
ကိုရွေးပေးပါ။
အားလုံးပြီးသွားရင်တော့ အောက်ဆုံးက
Check Your Death Clock ဆိုတဲ့နေရာကို
Click  နှိပ်ပေးလိုက်ပါ။
Tab နောက်တစ်မျက်နှာကိုရောက်သွား
ပါမယ်။အဲ့ဒိမှာ-
Your Personal Day of Death is...
ဆိုတဲ့အောက်မှာတော့ မိမိသေရမယ့်-
နေ့၊လ၊ရက်၊ခုနှစ်၊စတာတွေကို ဖော်ပြပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။
နောက်ပြီး-Seconds left to Live...
ဆိုတဲ့နေရာမှာ မိမိလူ့ပြည်မှာဆက်လက်
အသက်ရှင်ဖို့ ဘယ်နှစ်နာရီမျှပဲ နေရတော့
မယ်ဆိုတာကိုပါ ဖော်ပြပေးထားတာကို
ထပ်မံတွေ့မြင်ရပါလိမ့်မည်။

-တစ်ခုရှိတာက လူတစ်ယောက် ဘယ်အချိန်
သေမှာလည်း ဆိုတာကို သိဖို့ဆိုတာက
အင်မတန်ခဲယဉ်းတဲ့ကိစ္စမျိုးပါ။မဖြစ်နိုင်တဲ့
ကိစ္စမျိုးလို့ပြောလို့လည်းရတာပေါ့လေ။
ကျနော်တို့ရဲ့ ကိုးကွယ်အားထားရာဖြစ်တဲ့
ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်တော်တောင်မှ
ပုထုဇဉ်လူသားတို့ကို ဘယ်နေ့ဘယ်အချိန်
သေဆုံးရမည် လို့ဆိုတဲ့ ဟောကိန်းမျိုး တရားတော်မျိုး ထုတ်ခဲ့ ဟောခဲ့ဖူးတာမျိုး
မရှိခဲ့ပါဘူး။
အဲ့ဒိတော့ အခုဒီတွက်ချက်စစ်ဆေးကြည့်မှု
ဟာ ကွန်ပြူတာနည်းပညာ တွက်ချက်မှုမျိုး
သာဖြစ်ပါတယ်။
ကွန်ပြူတာဆိုတာကလည်း လူသားက တီထွင်ထားတာပဲဖြစ်ပါတယ်။အဲ့ဒိတီထွင်ခဲ့တဲ့ လူသားတွေဆိုကကော သူတို့ကိုယ်သူတို့
ဘယ်နေ့သေမှာလည်းဆိုတာကိုမှာမဟုတ်
ပါဘူး။အဲ့ဒိတော့ အမှန်လို့လည်းယူဆလို့မရ
နိုင်သလို၊မမှန်ဘူးလို့လည်း ပြောဖို့လွယ်နိုင်ပါ
ဘူး။ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကံ ကံ၏အကျိုး
ကြောင့် အသက်ရှင်နေထိုင်ရဆဲကာလဖြစ်တဲ့
လူ့ဘဝရဲ့ အားလပ်တဲ့အချိန်ခဏမျိုးလေးမှာ
အပျင်းပြေသဘောမျိုးပဲဖြစ်ဖြစ်၊တကယ်
သိချင်လို့ပဲဖြစ်ဖြစ်၊သိချင်လို့ စစ်ဆေးတွက်စစ်
ကြည့်လို့ရအောင် ဒီ post လေးကို ရေးသား
တင်ဆက်လိုက်ရခြင်း ဖြစ်ကြောင်းပြောကြား
ရင်းနဲ့ "မိမိဘယ်နေ့သေမှာလည်း" ဆိုတဲ့
ပို့စ်လေးကို ဒီနေရာမှာပဲ နိဂုံးချုပ် အဆုံးသတ်
လိုက်ရပါပြီ။

      အဆင်​​ပြေ ပါ​စေ။
                     ကို​ဇော်​သွင်​(နည်းပညာ)

https://m.facebook.com/?_rdr#!/profile.php?id=187700948034339&__user=100004580891372

Read more...

✔Advanced Download Manager Pro Premium(for android)✔

0 comments

image


♣ANDROID DEVICES တွေအတွက် DOWNLOAD MANAGER (ADVANCED DOWNLOAD MANAGER PRO [PREMIUM] V3.2.1)
(Credit To "ဝင်းကမ္ဘာကျော်")♣

☆Android Devices တွေကနေ မြန်မြန် ဆန်ဆန် ဒေါင်းယူနိုင်ဖို့အတွက် နောက်ဆုံးထွက် Download Manager လေးပါ ...။☆

Advanced Download Manager Pro [PREMIUM] v3.2.1

***Instructions***

JUST INSTALL THE APK AND ENJOY

NO HACK... JUST FULL PREMIUM APK

Features:
- download up to three files simultaneously;
- accelerated download by using multithreading (9 parts)
- interception of links from the browser and clipboard;
- icon of the program and downloading progress in the notification panel;
- backup list of downloads and settings on SD card;
- completion notification by sound and vibration;
- resume after reconnection or program restart;
- save different file types in different folders;
- built-in browser for sites with registration;
- plan files download on a schedule;
- widget on your home screen;
- site manager;
- NO ADS

Add links from browser:
- press on link and from the window "Complete action using" select ADM (supported by Stock Browser, Dolphin, Boat Browser, Chrome)
- long press on a link to display the context menu, press "Share link" and from the window "Share via" select ADM (supported by Firefox, Skyfire, Stock Browser, Dolphin, Boat Browser)
- copy the link and the service will intercept the link (supported by Maxthon)

Controls:
- press on the download to start/stop the process;
- press on the completed download to open the file;
- long press on download to display the context menu.

အောက်က လင့်ခ် ကိုနှိပ်ပြီးဒေါင်းလုပ်ယူပါ။

★Download From Zippyshare လင့်ခ်★

Read more...

✔Facebook ကို ဖောက်ထွင်းနိုင်တဲ့ Hacker ဒေါ်လာ$11000 ကျော်ရရန် သေချာ✔

0 comments

image


✔Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ✔

နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသား ထားသည်။

ထိုဆုငွေများကို ရှာရီသာအား Facebook က ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှု များကို ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။

BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ ချီးမြှင့်ရန် Facebook ကို တိုက်တွန်း သော်လည်း ငြင်းဆန်ခဲ့သဖြင့် အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင် တစ်နေ့တည်း ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အလှူရှင်ပေါင်း ၁၉၉ ဦးထံမှ ရှာရီသာ အား ချီးမြှင့်ရန် ငွေသားပေါင်း ၁၁,၃၀၅ ဒေါ်လာ ရရှိနေပြီဖြစ်ကြောင်း GoFundMe အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။
ဆုချီးမြင့် ရခြင်းနှင့် ပတ်သက်ပြီး မိုက်ဖရက်က လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်နေသူတွေကိုလည်း သတိထားဖို့ လိုကြောင်း နည်းပညာ ကုမ္ပဏီ များ အနေဖြင့် ဤသို့သော လူငယ်များကို ချီးမြှင့် မြှောက်စားရန် လိုကြောင်း၊ တစ်ရက်တည်း ဒေါ်လာ သောင်းချီပြီး လှူဒါန်းကြသည့် အားပေး မြှောက်စားမှုကိုလည်း အသိအမှတ်ပြုရန် လိုကြောင်း ပြောကြား ခဲ့သည်။

ရှာရီသာသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့ပြီး Facebook Timeline က တစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပြီး Facebook နှင့် မိတ်ဆွေဖွဲ့ မထားသူများထံသို့ပင် ယင်းဗိုင်းရပ်စ် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် လုံခြုံရေးအတွက် စိတ်ချရပါသည် ဆိုသော Facebook အပေါ် သံသယဝင်စရာများ ဖြစ်လာခဲ့သည်။

Facebook သည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒေါ်လာ ၂၀,၀၀၀ ပေးမည်ဟု ဆုငွေ ထုတ်ထားသော်လည်း ယနေ့အထိ ဒေါ်လာ ၅၀၀ ခန့်သာ ချီးမြှင့်ပေးမှု ရှိခဲ့ကြောင်း Facebook စာမျက်နှာ တစ်ခုတွင်လည်း ရေးသား ဖော်ပြထားသည်။ Facebook က မိမိအပေါ် အသိအမှတ် မပြုခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ရှာရီသာ ကလည်း ပြောကြားသည်။

Ref ; The Voice

Read more...

✔Little Photo v7.1.0 App✔

0 comments

image


✔Little Photo v7.1.0 App✔
ဆိုတဲ့ android ဖုန်းသုံး apk လေးတစ်ခု
တင်ပေးလိုက်ပါတယ်။
ဒီ apk ရဲ့ စွမ်းဆောင်နိုင်မှု features တွေကတော့
ကိုယ်ရိုက်လိုက်တဲ့ဓါတ်ပုံတွေကို စိတ်ကြိုက်
color effects ကိုပြောင်းလဲချိန်ညှိပြီးတော့
ကိုယ့်ဖုန်းရဲ့ sd ထဲကို save လုပ်ပြီး သိမ်းထားလို့ရပါတယ်။ပြီးတော့ ကိုယ်ရိုက်ထားပြီးသား၊ကိုယ့်မှာရှိထားပြီးသား
gallery ထဲက photo ပုံတွေကိုလည်း
retouch လုပ်ပြီး စိတ်ကြိုက် effects တွေနဲ့
edition လုပ်ပြီးတော့လည်း sd ထဲမှာ save
လုပ်ထားလို့လည်း ရပါသေးတယ်။
original photo ပုံတွေကိုလည်း sd ထဲကို
save ထားနိုင်ပါတယ်။
အသုံးပြုနိုင်တဲ့ color effect theme ပေါင်း.၇၀ ကျော်ပါရှိပါတယ်။
apk file size ကလည်း 1MB လောက်ပဲရှိ
တာကြောင့် ပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်နဲ့ အဆင်ပြေပြေ အသုံးပြုနိုင်စေမှာပါ။
Apk File Size 1.3MB ရှိပြီး၊
Android OS Version 1.6 နှင့်အထက်ရှိ
ထားသော ဖုန်းများမှာ ထည့်သွင်းအသုံးပြု
လို့ရစေပါပြီ။
လိုအပ်အသုံးပြုလိုပါ အောက်မှာ ဒေါင်းလုပ်
လင့်ခ် များ ချထားပေးလိုက်ပါမယ်။
မိမိနှစ်သက်ရာ လင့်ခ် တစ်ခုကနေ ဒေါင်းလုပ်
ရယူသွားနိုင်ပါပြီ။

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image

image

image

image

image

image

image

image


Little Photo Description;

Little Photo: Add film and retouch effects to your photos.
This is free.
New effects will be added in updates.
Over 70 effects and tools.
Developed by someone who love photography very much :)
Try and stack different effects to create your style!
Enjoy !

Guide
-------
* Photos save at your SD card
/mnt/sdcard/Little Photo *

------
Little Photo contains about 95% free functions. If you want to unlock ALL functions, please buy "Little Photo Plug-in"
( brightness, contrast, exposure, skin smoothing, front camera, etc)
https://play.google.com/store/apps/details?id=com.littlephotoplugin&feature=search_result#?t=W251bGwsMSwxLDEsImNvbS5saXR0bGVwaG90b3BsdWdpbiJd
On the other hand, if you want to process large photo (eg: from DSLR, around 3-4 MB each), you may consider "Little Film" , another professional app.


       အဆင်ပြေ ပါစေ။
                       ကိုဇော်သွင်(နည်းပညာ)

Read more...

✔Youtube က video တွေကိုဒေါင်းလုပ်ဆွဲဖို့အတွက် Tubemate မြန်မာVersion New✔

0 comments

image


✔Youtube က Video တွေ ကို Download ဆွဲဖို့ အတွက် TubeMate မြန်မာ Version (NEW)✔
(Credit To "Sony&Samsung)

-TubeMate ဆိုတဲ့ Application လေးကို လူတော်တော် များများ သိကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့ သူတွေ အတွက် ဘယ်လိုနေရာတွေမှာ သုံးတဲ့ Application လေးလဲ ဆိုတော့ .. Android ဖုန်းက နေ Youtube က Video တွေကို Download ဆွဲရာမှာ အသုံးပြုတဲ့ Application လေးတစ်ခုပါပဲ။
အခု ဒီ TubeMate လေးကို December 11 ရက်နေ့ ကထွက်ရှိလာပြီးတော့ Version 2.0.9.525 ဖြစ်ပါတယ် မြန်မာလိုရပြီး အရင်က Download Button မပေါ်တဲ့ ပြသနာကိုရှင်းထားပေးပါတယ်။-

အသုံးပြုလိုပါက အောက်က လင့်ခ် မှာ ဒေါင်းလုပ် ရယူနိုင်ပါပြီ။

★မူရင်းလင့်ခ် Mediafire မှ ဒေါင်းလုပ်ယူရန်★

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ယူရန်★


     အဆင်ပြေ ပါစေ။
                     ကိုဇော်သွင်(နည်းပညာ)

Read more...

✔Paper Camera v3.7.0 App(for android)

0 comments

image



✔Paper Camera v3.7.0 App(for android)✔

မိမိရိုက်ပြီးသား/ရိုက်လိုက်တဲ့ photo ပုံလေး
တွေကို ခဲခြစ်ပန်းချီပုံစံမျိုးပြောင်းလဲ ဖန်တီး
ပေးနိုင်တဲ့ Paper Camera ဆိုတဲ့ Android
ဖုန်းသုံး App လေးတစ်ခုပါ။
Apk File Size 12MB ရှိပြီး
Android OS Version 2.1 နှင့် အထက်ရှိထားသော ဖုန်းများမှာထည့်သွင်း.အသုံးပြုနိုင်ပါပြီ။

အောက်က နှစ်သက်ရာ လင့်ခ် တစ်ခုကနေ
ဒေါင်းလုပ်ရယူနိုင်ပါတယ်။

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image

image

image

image

image


Paper Camera Description
Real time cartoon and painting effects displayed on your camera feed! See the world through a new, original, stylish and captivating lens, have a wonder in your own home and discover how cool is now your world in cartoon!
This is the ultimate collection of cartoon/sketch/comic book/half tone/noir/neon and many other effects painted directly in your camera, no more boring post-effects, it's all real time, you simply won't stop wandering, wherever you are, having a look at things and cartoon-ize them!
You can wave your phone around and see the world change before your eyes, take pictures using any of the stylish cartoon effects or apply them to your existing photos.

REFUNDS:
Please contact us if you have any issues with this App, we will give you a refund and later notify you once we've fixed the problem.

FAQ:
● I’ve purchased the App, but I can’t download it.
Please check that you have good Internet connectivity and retry. If the problem persists, please contact us and we will provide a solution.
● I have a Samsung device, and the gallery doesn’t open sometimes.
Please allow a couple of seconds after taking a picture before clicking the gallery button, on Samsung devices the gallery can’t be open while running the media scanner.
● Why do you require the NFC and INTERNET permissions?
NFC is required to support Android Beam and INTERNET is required for the Facebook, Twitter and YouTube integration.

VIDEO FAQ:
● How can I play Paper Camera videos on my PC?
Using any WebM player. We recommend Firefox or Chrome, however you might be able to use Windows Media Player or Internet Explorer if you install the right plugins.
● I can't play Paper Camera videos on my standard device gallery.
You require Android 4.0 or higher for this to work, on older versions you can use the in-app video player.
● I can't record video with Paper Camera on my new device, why?
We've only enabled this feature on devices that we know can support it properly. However you can still try using unofficial video recording support.
● How do I enable unofficial video recording support?
In the settings menu. Let us know if this works properly on your device and we will officially enable it in future versions. Please note that you will have to be running Android 2.3.3 and have support for NEON instructions for this to work at all.
● I've unlocked unofficial video support but I cannot playback my videos in Paper Camera, why?
This is a known limitation on some devices, there are 3 workarounds for this:
- You can playback videos on your PC.
- You can use MX Video Player, if you enable software mode.
- Hopefully when your device will receive a 4.0 upgrade this issue will be fixed.

     အဆင်ပြေ ပါစေ။
                     ကိုဇော်သွင်(နည်းပညာ)

Read more...

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး