မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

✔XnSketch PRO v1.20 နောက်ဆုံးထွက်ဗားရှင်း Apk✔(for android)

0 comments

image


✔XnSketch Pro v1.20 Apk နောက်ဆုံးထွက်ဗားရှင်း for android✔

-photo ဓါတ်ပုံတွေကို ခဲခြစ်ပန်းချီဒီဇိုင်း
အသွင်အပြင်ကို ဖန်းတီးလုပ်ဆောင်ပေးမယ့်
"XnSketch Pro v1.20" ဆိုတဲ့ Android
ဖုန်းသုံး နောက်ဆုံးထွက် version application လေးတစ်ခုကို တင်ပေးလိုက်
ပြန်ပါပြီ-

-ဒီ App လေးက ကိုယ်ရိုက်လိုက်တဲ့ ဓါတ်ပုံ
တွေ(သို့မဟုတ်) မိမိဖုန်းရဲ့ ablum/gallery ထဲမှာ ရှိထားတဲ့ ပုံတွေကို ကျွမ်းကျင်တဲ့ ပန်းချီ
ပညာရှင်တစ်ယောက်က ဆွဲလိုက်တဲ့ ခဲခြစ်
ပန်းချီလက်ရာပုံစံကို ခံစားရှုမြင်ရစေမှာပါ-

-ရေးဆွဲလိုက်တဲ့ ခဲခြစ်ပုံစံဒီဇိုင်းကိုလည်း မိမိစိတ်ကြိုက် နှစ်သက်မယ့်
လှပတဲ့ အခြား color effect အရောင်မျိုးစုံကို
လည်း ထပ်မံပြီး ပြောင်းလည်းပစ်လို့ရတာ
ဟာလည်း ဒီ application လေးရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်နိုင်ရည် တစ်မျိုးလို့
ဆိုလို့ရပါတယ်-

-ကိုယ်ဖန်တီးထားပြီးတဲ့ photo လေးတွေကို
အခြား social များသို့ fb/twitter/web: etc.
လည်း share လုပ်လို့ရပါသေးတယ်-

-photo တွေကို ခဲခြစ်ပုံစံဖန်တီးကြည့်လိုသူ
များအတွက်တော့ ဒီ app လေးကို နှစ်သက်
အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်-

-Google Play Store မှာ ဝယ်ယူသုံးစွဲမယ်
ဆိုရင်တော့ $1.29 ပေးရမှာဖြစ်ပြီး အခုဒီမှာ
တော့ Free Download အနေနဲ့ ရယူအသုံး
ုပြုလို့ ရမှာပဲ ဖြစ်ပါတယ်-

-Apk File Size 2.8MB လေးပဲရှိပြီး
  Android OS Version 2.2 နှင့်အထက်
ရှိထားသော ဖုန်းအမျိုးအစားများမှာ ဒီ app
ကို ထည့်သွင်းအသုံးပြုလို့ရမှာဖြစ်ပါတယ်-

-အောက်မှာ ဒေါင်းလုပ်လင့်ခ်များချပေးထား
ပါတယ်။မိမိနှစ်သက်ရာအဆင်ပြေမယ့် လင့်ခ်
တစ်ခုကနေ ဒေါင်းလုပ်ရယူသွားနိုင်ပါပြီ-

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Copy လင့်ခ်မှဒေါင်းလုပ်ရယူရန်★


♨Play Store လင့်ခ်♨

★ https://play.google.com/store/apps/details?id=com.xnview.XnSketchPro★

Description
The paid, ad-free version of the free XnSketch app.
Turn your photos into drawing, cartoons or sketch images in one click to create instant works of art.
Different effects easy to use with full control. Save your creations and share them with your friends through Facebook, Twitter, and Email.
----- What people are saying -----
+ Fantastic! Absolutely love what this program does. The effects are really beautiful.
+ This app is very well done
+ Make it more beautiful I think this is absolutely awesome. Thank you!
-----
Features:
★ Different effects (black strokes, white strokes, pastel, pencil sketch, color sketch, cartoon, stamp, halftone, hatching, ...)
★ Edge strength, and opacity adjustement
★ Contrast, brightness, saturation adjustement
★ Save or share the result with your friends via Twitter, Facebook, Email, ...
★ No registration is required, and there are no watermarks, no limitations.
Please help us to improve XnView Sketch by sending your bugs or requests on http://newsgroup.xnview.com or contact@xnview.com
Keywords: watercolor, photography, sketch free, sketch me, pencil sketch, paper camera, cartoon camera, photography, photo effect, photo editor, camera effect

image

image

image

image

image

image

image

image

image

image

image


  အဆင်ပြေ ပါစေ။
                  ကိုဇော်သွင်(နည်းပညာ)

Read more...

Power DVD Mobile Apk v4.1.21508✔ နောက်ဆုံးထွက်ဗားရှင်း

0 comments

image


✔Power DVD Mobile Apk v4.1.21508
Android ဖုန်းကိုင်ဆောင်အသုံးပြုသူများ
အတွက် "Power DVD Mobile"ဆိုတဲ့
Media Player Application လေးတစ်ခုကို တင်ပေးလိုက်ပါပြီ။
နောက်ဆုံးထွက် ဗားရှင်းလေး ဖြစ်ပါတယ်။

-movies တွေ၊photo တွေကိုရှင်းလင်းပြတ်
သားစွာ ကြည့်ရှုနိုင်ပါတယ်။video နဲ့ photo
တွေကို slide show လုပ်ပေးပါသေးတယ်-
-music song တွေကိုလည်း ကောင်းမွန်
ခိုင်မာတဲ့ audio အသံထွက်ပိုင်းဆိုင်ရာ
များကို ဖော်ထုတ်စွမ်းဆောင်ပေးနိုင်တာက
လည်း နှစ်သက်စရာ အချက်တစ်ခုပါ-
-movies-photo-music တွေကိုလည်း သူ့အပိုင်းနဲ့သူ အကန့်လေးခွဲပြီး select လုပ်ပေးထားကာ ဗီဒိုလေးသဖွယ် စီထည့်ထားနိုင်ခြင်းဟာလည်း လှပတဲ့ဒီဇိုင်း
နဲ့ ရိုးရှင်းတဲ့အမြင်ကိုခံစားစေနိုင်တာဟာ
လည်း သူ့ရဲ့ စွဲဆောင်မှုတစ်ရပ်နဲ့အားသာတဲ့
အချက်တစ်ချက်တစ်ခုလို့ သုံးသပ်မိပါတယ်။

- Screen Resolutions: 800x480, 854x480, 960x540, 1024x600, 1280x800, 1920x1080, 2560x1600 အထိ Video Formart များကို  Support လုပ်ထားပါတယ်-

-Google Play Store မှာဝယ်ယူသုံးစွဲမယ်ဆို
ရင် $19.99 ပေးရမှာဖြစ်ပြီး အခုဒီမှာတော့
Free Download ရယူနိုင်ပါပြီ-

-Apk File Size 12MB ရှိပြီး၊
Android OS Version 2.3 နှင့်အထက်ရှိ
ထားသော ဖုန်းအမျိုးအစားများမှာ ထည့်သွင်း
အသုံးပြုလို့ ရမှာဖြစ်ပါတယ်-

-အောက်က နှစ်သက်အဆင်ပြေရာ လင့်ခ် တစ်ခုကနေ ဒေါင်းလုပ်ရယူနိုင်ပါပြီ-

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★


♨သတိ-မြန်မြန်ဒေါင်းယူထားပါ။
    လင့်ခ်သေသွားတတ်သည်♨

image

image

image

image

image

image

image


Description
*For PowerDVD 13 Pro & Deluxe, PowerDVD 12 Pro & Deluxe users, please purchase PowerDVD Mobile here
Enjoying multimedia on-the-go has never been so easy. PowerDVD Mobile brings the award-winning features of CyberLink PowerDVD to Android tablets and smartphones so that you can watch movies, view photos, and listen to music in the best quality, wherever you are!
PowerDVD Mobile is the perfect companion app to the PowerDVD 13 desktop product. When you're on the move, PowerDVD Mobile lets you take your multimedia entertainment along.
Easy access from all your devices
Connect your media and your devices wirelessly with PowerDVD and PowerDVD Mobile. Access all your content, no matter on which device it is stored or on which device you play it. Take video on the go without worrying about complicated file conversions.
All-in-one Media Player for Movies, Photos, Music and Video
PowerDVD Mobile is also a powerful universal media player for enjoying all your media. Play back movies, music, photos and videos on your mobile device. Even improve your camera shots with easy one-click enhancements.
System Requirements
Android Version
- Operating System: Android 2.3 and above version, including 4.2 (Jelly Bean)
- Processor: Minimum 1GHz
- RAM: Minimum 512MB
- Supported Screen Resolutions: 800x480, 854x480, 960x540, 1024x600, 1280x800, 1920x1080, 2560x1600 (Nexus 10)
Format Support
- Format/Codec support is dependent on the capabilities of each Android device
- PowerDVD Mobile is designed for portable devices and does not support optical disc drives


     အဆင်ပြေ ပါစေ။
                     ကိုဇော်သွင်(နည်းပညာ)

Read more...

✔အင်တာနက်သုံးစွဲခြင်း၏အကျိုးကျေးဇူးနှင့်အန္တရယ်အကြောင်း✔

0 comments

image


Internet သုံးစွဲမှု အကျိုးကျေးဇူးနှင့် အန္တရာယ်

၁။ ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေး ဆက်သွယ်မှုပုံစံရပ်သည် သတင်းအချက်အလက် နည်းပညာရပ်များအားအသုံပြု၍ တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့ပြောင်းလဲတိုးတက်စေရန် အဓိကလုပ်ဆောင် လာသောအရာမှာ အင်တာနက်ပင်ဖြစ်ပါသည်။ အင်တာနက်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာအသုံးပြုသူများအား ချိတ်ဆက်ပေးထားသည့် ကွန်ရက်စနစ်ပင်သည်။ အင်တာနက်မတိုင်မီတွင် Main Farme Computer အား ဗဟိုပြုထားသော ကွန်ရက်စနစ်အငယ်စားများသာ ရှိခဲ့ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်မှစတင်၍ ကွန်ပျူတာသုတေသနပညာ ရှင်များဖြစ်ကြသော Levi C. Finch နှင့် Robert W. Taylor တို့မှ ဦးဆောင်၍ Packet Switching ဟုခေါ်ဆိုသော စနစ်တရပ်အား တီထွင်၍ တစ်ကွဲတစ်ပြားစီဖြစ်နေသော ကွန်ရက်များအား ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနှင့် ၁၉၇၀ ပြည့်လွန် နှစ်တွင်မှု ARPANET စနစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၄င်း ARPANET စနစ်အား အမေရိကန်တပ်မတော်မှ ဖော်ထုတ်အသုံးပြုခဲ့ကြပါသည်။ ထိုကွန်ရက်စနစ်အား နည်းပညာဆိုင်ရာ၊ စစ်ရေးနှင့် သုတေသနလုပ်ငန်းအတွက်သာ ကန့် သတ်အသုံးပြုခဲ့ကြပါသည်။ ARPANET သည် အင်တာနက်၏ ရှေ့ပြေးကွန်ရက်စနစ်ဖြစ်ရာ နောင်တွင် အင်တာနက်အဖြစ်သို့ ပြောင်းလဲထွက်ပေါ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းအထိ အင်တာနက်သည် အစိုးရထိပ်တန်းကန့်သတ်ထားသော နည်းပညာရပ်ဖြစ်ခဲ့ပါ သည်။ စစ်ရေးနှင့် သုတေသနလုပ်ငန်းအတွက်သာ အသုံးပြုခွင့်ရှိကာ အမေရိကန်အမျိုးသားသိပ္ပံ ဖောင် ဒေးရှင်း (National Science Foundation) မှ ကြီးကြပ်ခဲ့ပါသည်။ ထို့နောက် ၁၉၉၀ ခုနှစ် အစောပိုင်းကာလမှ စတင်၍ အင်တာနက်သည် ကမ္ဘာအရပ်ရပ်ရှိ လူသားအားလုံးအတွက် ဖြစ်ပေါ် လာခဲ့ပါသည်။
၂။ အင်တာနက်အသုံးပြုမူသည် စတင်ပေါ်ထွက်လာသည်မှစ၍ အချိန်နှင့်တပြေးညီ ကြီးမားကျယ်ပြန့် လာခဲ့ပါသည်။ ယုခုဆိုလျှင် အင်တာနက်သည် တစ်ကမ္ဘာလုံးရှိ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများ၊ ရုံးများနှင့် စာကြည့်တိုက်များ သို့ပါရောက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းနှင့် စစ်ဘက်ရေးရာကာ ကွယ်ရေးအတွက်ပါ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အင်တာနက်အားအသုံး ပြု၍ ဖိုင်များလွှဲပြောင်းခြင်း၊ အီးမေးများပို့ခြင်းနှင့် USENET ဟုခေါ်ဆိုသော Fourm မှ တဆင့် သတင်းအချက်အလက်များပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါသည်။ ထို့ နောက် HTTP (Hypertext Transfer Protocol) တိုးတက်ကျယ်ပြန့်လာပြီး စာသား၊ ရုပ်ပုံ၊ အသံဖိုင်များကိုပါ ပို့ဆောင်နိုင်သော Webpage ဟုခေါ်ဆိုသော Hyperlinked Electronic Document မှတစ်ဆင့် အင်တာနက်အသုံးပြုသူများအချင်းချင်း ဖိုင်များ အား ပို့ဆောင်နိုင်လာကြပါသည်။ ယခုအခါတွင် အင်တာနက်အသုံးပြုမူသည် ကမ္ဘာပေါ်ရှိ လူများအချင်းချင်း ဆက်သွယ်ရေး၊ ဖျော် ဖြေရေးအတွက်ပါ အသုံးပြုလာကြပြီဖြစ်ပါသည်။ ပညာရပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသမျှအားလုံးကို အင်တာ နက်စာမျက်နှာပေါ်တွင် ရှာဖွေလေ့လာနိုင်သဖြင့် ကျောင်းသားလူငယ်များနှင့် သုတေသနပညာရှင်များအတွက် အလွန် အမင်းပင် အကျိုးကျေးဇူးဖြစ်ထွန်းပါသည်။ အင်တာနက်အသုံးပြု၍ တစ်ဦးနှင့်တစ်ဦးဆက်သွယ်နိုင်ခြင်း၊ သုတေသန လုပ်ဆောင်နိုင်ခြင်း၊ ပို့ချခြင်းနှင့် သင်ရိုးညွှန်းတမ်းများ ဖြန့်ဝေနိုင်ခြင်း၊ သုတေသနရလဒ်စာတမ်းများနှင့် ဆောင်းပါးများကို ထုတ်ဝေဖြန့်ဝေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်လာပါသည်။
၃။ အင်တာနက်အား ကုမ္ပဏီများ၊ အဖွဲ့အစည်းများသည် တစ်ဦးချင်းစီအထိ နည်းလမ်းအမျိုးမျိုးနှင့်အသုံးပြုကြပါသည်။ ကုမ္ပဏီများသည် ကြော်ငြာခြင်း၊ ရောင်းဝယ်ခြင်း၊ ကုန်စည်ဖြန့်ဖြူးခြင်းနှင့် ဖောက်သည် ၀န်ဆောင်မူပေးခြင်းတို့ပါဝင်သော အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေး (E-Commerce) အတွက် အင်တာနက်ကို အသုံးပြုကြပါသည်။ Oline သတင်းနှင့် မိုးလေ၀သသတင်းအတွက်သာမက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များအတွက်ကိုပါ အသုံးပြုလာနိုင်ကြပါသည်။ အင်တာနက်အားအသုံးပြု၍ Chatting ပြုလုပ်ခြင်းနှင့် Email ပို့လွှတ်ခြင်း အားဖြင့် အလိုရှိသည့်အချိန်တွင် ဆက်သွယ်မူများအား လုပ်ဆောင်လာနိုင်ခဲ့ပါသည်။ ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်မူနှင့် သတင်းအရင်းအမြစ်များရရှိမူ (Business- to- Transaction) တို့အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။ အဖွဲ့အစည်းများသည် လည်း ဆက်သွယ်မူပြုလုပ်ရာတွင်လည်း Video Conference ပြုလုပ်နိုင်သည်အထိ အင်တာနက်အား အသုံးပြုလာနိုင်ကြပါ သည်။ တစ်ဦးချင်းအနေဖြင့်လည်း ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ အချက်အလက်ရှာဖွေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မူများကို ရောင်းဝယ်ရေးတို့ အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။

၎။ အင်တာနက်အသုံးပြုမူများအား လေ့လာမည်ဆိုပါက အောက်ဖော်ပြပါ အကြောင်းအရာများ အား လေ့လာတွေ့ရှိ ရမည်ဖြစ်ပါသည်။ အင်တာနက်သို့ ၀င်ရောက်ရန်အတွက် Internet Browser ကိုဖွင့်ပြီးနောက် စတင်ထည့်သွင်းရသည့် စာလုံးမှာ WWW ပင်ဖြစ်ပါသည်။ ၎င်း WWW သည် World Wide Web ၏ အတိုကောက်ပင်ဖြစ်ပြီး Web ဟုလည်း ခေါ်ဆို ကြပါသည်။ Web သည် အင်တာနက်အား အသုံးပြုသော နည်းလမ်းများအထဲမှ တစ်ခုဖြစ်သော်လည်း အင်တာနက် အကြောင်းပေါ် ရှိ ၈၀% သည် Web များပင် ဖြစ်ပါသည်။ ၎င်း Web ကြောင့်ပင် အင်တာနက်သည် ပိုမိုထင်ရှားလာခဲ့ ခြင်းဖြစ်ပါသည်။ World Wide Web အား ဗြိတိသျှလူမျိုး ရူပဗေဒ ကွန်ပျူတာသိပံ္ပပညာရှင် Timotty Beaners Lee မှ ၁၉၈၉ ခုနှစ်တွင် တီထွင်ဖော်ထုတ် ခဲ့ခြင်းဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နျူကလီးယား သုတေသနဆိုင်ရာ ဥရောပအသင်း (CERN) တွင် သုတေသန လုပ်ဆောင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် ဩဂုတ် ၆ ရက်နေ့တွင် Web အား အများပြည်သူနှင့် စတင် မိတ်ဆက်နိုင်ခဲ့ပါသည်။ အင်တာနက်အသုံးပြုမူအား ပိုမို၍ လွယ်ကူစေသော ၀န်ဆောင်မူတစ်ရပ်မှာ Web လမ်းညွှန်း Search Engine ပင်ဖြစ်ပါသည်။ ၁၉၉၄ ခုနှစ် တွင် ကျောင်းသားတစ်ဦးဖြစ်သော Jerry Yang Yahoo Search Engine အား ဖော်ထုတ်နိုင်ခဲ့ပါသည်။ Yahoo Search Engine ပြီးနောက် ပေါ်ထွက်လာသော Search Engine မှာ Google Search Engine ပင်ဖြစ်ပါသည်။ Google Search Engine အား စတန်းဖိုဒ့်တက္ကသိုလ်မှ လာရီပေ့ခ်ျ နှင့် ဆာဂျီ ဘရင် ကျောင်းသားနှစ်ဦးတို့မှ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

၅။ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များရှာဖွေရန် Search Engine အသုံးပြုခြင်း သာမက တစ်ဦးချင်းနှင့် အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများအား ဆက်သွယ်ရန် အင်တာနက်အား မဖြစ်မနေ အသုံးပြုနေသော နည်းပညာတစ်ရပ်မှာ Email နှင့် Chatting ပင်ဖြစ်ပါသည်။ မိမိ ဆက်သွယ်လိုသော သူများအား အချိန်မရွေး၊ နေရာမရွေး Email မှ တစ်ဆင့် ချက်ခြင်း ဆက်သွယ်နိုင်မည့် ဖြစ်ပါသည်။ ကိုယ်ပိုင် Mail Account နှင့် Chatting Account အား အလွယ်တကူရရှိနိုင်ခြင်းနှင့် ၎င်းတို့အား အသုံးပြုနိုင်ရန်အတွက် ကိုယ်ပိုင်ကွန်ပျူတာမလိုအပ်ဘဲ အင်တာနက်ချိတ်ဆက်ထားသည့် မည်သည့် ကွန်ပျူတာ မှမဆို အသုံးပြုနိုင်ခြင်း တို့အတွက်ကြောင့် အင်တာနက်နှင့် Email Chatting အသုံးပြုမူသည် အရှိန်အဟုန်ပိုမို ကြီးမားလာ ခဲ့ပါသည်။

၆။ ယနေ့ခေတ်ကာလတွင် အင်တာနက်အား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေးရူ ဒေါင့်တွင် ကြီးမားသော အခန်းကဏ္ဍ အနေဖြင့် တည်ရှိနေလေသော အကြောင်းအရာများ မှာလည်း Fourum Blogss နှင့် Social Network များပင်ဖြစ်ပါသည်။ အင်တာနက် Fourum များတွင် အကြောင်းအရာမျိုးစုံကို ဆွေးနွေးနိုင်ပြီး မိမိလိုချင်သည့်အကြောင်း အရာခေါင်းစဉ်ကို တင်ပြ နိုင်ပါသည်။ ထို့အတူ အခြားသူများ၏ မှတ်ချက်များနှင့် တုံ့ပြန်မူများကို Fourum တွင်ဝင်ရောက်ဖတ်ရူနိုင်ပါသည်။ သို့ဖြစ်ပါ၍ အင်တာနက် Fourum သုံးစွဲမူသည် အင်တာနက်အသုံးပြုသူများ သတင်းအချက်အလက်ရှာဖွေရန်အတွက် အထူးပင် ရေပန်းစား အသုံးများလာခဲ့ပါသည်။ အခြားထင်ရှားရေပန်စားလာသော အင်တာနက်အသုံးပြုမူတစ်ရပ်မှလည်း Bolgs များ ပင်ဖြစ်ပါသည်။ မူလအစတွင် Blogs သည် စာသားများ၊ ရုပ်ပုံများနှင့် အခြားသော မီဒီယာများ ကို ဖော်ပြရန် ဖန်တီသူအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သော Web စာမျာက်နှာ (Static Webpage) များပင်ဖြစ်ပါသည်။ အင်တာနက်အသုံးပြုမူ ပိုမိုလွယ်ကူလာစေခြင်းနှင့် Website တစ်ခုလုံး ဖန်တီး ခြင်းထက် မိမိအတွေး (Idea) များကိုသာ ဝေမျှချင်ကြသည့်အတွက် Blogs သို့မဟုတ်၊ Web Blogs များသည် ထင်ရှားလာခြင်းဖြစ်ပါသည်။ Blogs သည် တစ်ဦးခြင်း သို့မဟုတ်၊ အသင်းအဖွဲ့များ မှနေ၍ အခြားတစ်စုံတစ်ဦးထံသို့ ဆက်သွယ်စေနိုင်ပါသည်။ Blogs နှင့် Forum များမှတစ်ဆင့် သဘောထားမှတ်ချက်များ၊ သတင်းများ၊ ခံယူချက်များ ဝေမျှနိုင်ပါသည်။ ထိုကဲ့သို့ မိမိတို့အတွေး၊ အဘောထား၊ ခံယူချက်များကို အင်တာနက်ပေါ်တွင် ဝေမျှရာတွင် အသုံးပြုသော အခြားဆန်းသစ်သည့် နည်းလမ်းတစ်ရပ်မှ Social Network လူမူရေးကွန်ရက် များပင်ဖြစ်ပါ သည်။ အင်တာနက်ပေါ်ရှိ လူမူရေးကွန်ရက်များသည် အင်တာနက်အသုံးပြုသူတစ်ဦးချင်းစီ ၏ နေ့စဉ်ဘ၀အတွင်းသို့ ထည် ထည့်ဝင့်ဝင်း ၀င်ရောက်နေရာယူလာပြီဖြစ်ပါသည်။ ၎င်းလူမူရေးကွန်ရက်များတွင် တစ် ဦးချင်စီ၏ ကိုယ်ပိုင်စာမျက်နှာများ ဖွင့်လှစ်နိုင်ကြပြီး အဆွေခင်ပွန်းဖွဲ့မူကိုလည်း လွယ်ကူစွာပြုလုပ်နိုင်ကြပါသည်။ ထင်ရှားကျော်ကြားသော လူမူရေးကွန်ရက် နှစ်ခုမှာ Facebook.com နှင့် Myspace.com တို့ ဖြစ်ကြပါသည်။ Social Network၊ Forum နှင့် Blogs များ၏ အားသာချက်များမှ ကမ္ဘာအရပ်ရပ်ရှိ မိမိတို့နှင့် သဘောထားအကြိုက်တူ ညီသောသူများအား တစ်နေရာတည်းတွင် စုစည်းတွေ့ရှိနိုင်ပြီး အဆွေခင်ပွန်း တိုးပွားစေခြင်းပင်ဖြစ်ပါသည်။ ထိုသို့သာမက online Dating ကဲ့သို့သော ၀န်ဆောင်မူအား အသုံးပြု၍ ဘ၀လက်တွဲဖော်ရှာဖွေရာတွင်လည်း အထူးပင်အကြိုးကျေးဇူးရရှိစေပါသည်။ Social Network Blogs နှင့် Forum များအား အသုံးပြု၍ Knowledges Sharing ကြောင့် သာမန်လူများအား အသိပညာ အတက်ပညာရပ်များကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တက်ကျွမ်းလာကြပါသည်။ သူတစ်ပါးအား မှီခိုအားထားမူပြုနေရခြင်း သည်လည်း လျော့နည်းလာပြီး မီဒီယာ ၏အခန်းဏ္ဍသည်လည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတောက်ပြောင်လာခဲ့ပြီး အရည်အချင်းမြင့်မာသော နိုင်ငံသားများ ဖြစ်ပေါ်လာစေခဲ့ပါသည်။

၇။ အင်တာနက်အသီးအပွင့်များကို ခံစားနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြ ရ ငွေကြေး ၀န်ဆောင်မှု၊ အေဂျင်စီလုပ်ငန်းများ အများအပြားပေါ်ထွက်လာခဲ့ကြပါသည်။ ယခုအခါ တွင် လေယာဉ်လက်မှတ်ဝယ်ရန်၊ စာအုပ်ဝယ်ရန်၊ ငွေလွှဲရန်၊ လောင်းကစားပြုလုပ်ရန်၊ ဈေးဝယ် ရန်၊ ကြော်ငြာထည့်ရန်နှင့် ကြင်ဖက်ရှာဖွေရနစ်သော လူမူရေး၊ စီးပွား ရေးကိစ္စရပ်များ အတွက် အင်တာနက်အား အသုံးပြုလာပြီ ဖြစ်ပါသည်။ နိုင်ငံရေးအနေဖြင့်လည်း သတင်းများထုတ်ပြန်ခြင်းနှင့် ဆိုက်ဘာ တိုက်ပွဲဟုခေါ်ဆိုရသော သတင်း အချက်အလက်စစ်ပွဲအတွက် အင်တာနက်အား အသုံးပြုကြပါသည်။ Internet အသုံး ပြုမူ တနေ့တခြား များပြားခြင်းနည်းတူ ရင်ဆိုင်ကြုံတွေ့နေရသော နည်းပညာစိန်ခေါ်မူ တစ်ရပ်မှာ သတင်းအချက်အလက် လုံခြုံမူပင် ဖြစ်သည်။ Hacker များ၏ တရားမ၀င်ခိုး ယူဝင်ရောက် သုံးစွဲမူနှင့် ၎င်းတို့ ဖန်းတီးထားသည Virus များကြောင့် သတင်းအချက် အလက်လုံခြုံမူသည် ပိုမိုရူပ်ထွေးလာခဲ့ရပါသည်။ ဈေးကွက် Company ကြီးများသည် ဖောက်သည်များ၏ ကိုယ်ရေးအချက်လက်များအား မှတ်တမ်းတင်ထားရှိပြီး ပုံမှန်ရောင်းချနိုင်ခွင့်ရရှိရန် ကျိုးပမ်းကြပါသည်။

အစိုးရနှင့် လူမူ အဖွဲ့စည်းများမှ စုဆောင်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို တိုင်းတာလေ့လာရေး၊ ကုန်စည်တိုးမြုင့်ရေး နှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များအတွက် အသုံးပြုကြ ပါသည်။ ၎င်းအချက်အလက်များသည် မသမာသူများလက်သို့ ရောက်ရှိသွားသောအခါတွင်မူ မလိုလား အပ်သော ပြဿနာရပ်များစွာ ပေါ်ပေါက်လာရပါတော့သည်။

၈။ Intrenet ခေတ်သို့ ရောက်ရှိလာသောအခါ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေး ကိစ္စရပ်အ၀၀တို့တွင် အရာရာ အဆင်ပြေတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့ တိုးတက်လာခြင်းနည်းတူ ဆိုးကျိုးများသည်လည်း ပေါ်ပေါက်လာခဲ့ရပါသည်။ ယခုအခါ Internet Chatting သည် အလွန် အသုံးပြုများ Internet သုံးစွဲမူတစ်ရပ်ပင်ဖြစ်ပါ သည်။ တစ်ဦးနှင့်တစ်ဦး မဆုံတွေ့ဘူးသူများသည် Internet ပေါ်တွင် မိတ်ဖွဲ့၍ ဆက်သွယ်ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ကောင်းမွန်စွာ ဆက်သွယ်မှု ပြုလုပ်ခြင်း နည်းတူ Internet ရာဇ၀တ်မူပြုလုပ်ခြင်းကိုလည်း တွေ့ရှိရပါသည်။ ထိုရာဇ၀တ်ပြုလုပ်ပုံအား ဥပမာအနေဖြင့် ဖော်ပြရမည်ဆိုလျှင် တိုက်ခိုက်မည့်သူမှ ပစ်မှတ်အား Chatting နှင့် Email မှတဆင့် ရင်နှီးမူရရှိအောင် ပထမ ဦးစွာ မိတ်ဖွဲ့လေ့ရှိကြောင်းတွေ့ရှိရပါသည်။ ပစ်မှတ်ယုံကြည်မူအား ရရှိအောင်တည်ဆောက်ပြီး မိမိအလိုရှိရာသို့ သိမ်သွင်း၍ရ အောင် ကြိုးပမ်းလေ့ရှိပါသည်။ ပစ်မှတ်အနေဖြင့် ယုံလွယ်တက်ခြင်း၊ Internet လုံခြုံမူဆိုင်ရာ ဗဟုသုတနည်းခြင်း၊ စပ်စု တက်ခြင်းနှင့် လောဘအစရှိသော သဘောသဘာဝများရှိပါက တိုက်ခိုက်သူမှာ ထိန်းချုပ်မူရရှိစေရန် ပိုမိုလွယ်ကူစေ ပါသည်။ ပစ်မှတ်၏ ယုံကြည်မူရရှိပြီးသောအခါ တိုက်ခိုက်သူမှာ အတွင်းရေး အစရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းပါသည်။ ထို့နောက် ထိုအချက်အလက် များ ကိုအသုံးချ၍ ခြိမ်းခြောက်ခြင်း၊ မိမိအလိုရှိရာသို့ခိုင်းစေခြင်း အစရှိသည့်တို့ကို ပြုလုပ်လေ့ရှိပါသည်။ ထင်ရှားသော အဖြစ်ပျက်တစ်ရပ်မှာ Online မှတဆင့် မိတ်ဖွဲ့၍ Internet ရာဇ၀တ်မူ ကြောင့် မိမိကိုယ်ကို သတ်သေသွားသော Korea ရုပ်မြင်သံကြား သရုပ်ဆောင်မင်းသမီး Jeong Da Bin နှင့် ပေါ့အဆိုတော် Yuni တို့၏ အဖြစ်အပျက်များပင် ဖြစ်ပါသည်။

၉။ Internet အသုံးပြုတိုက်ခိုက်မူပုံစံများသည် တစ်ဦးချင်းကိုယ်ကျိုးအတွက် တိုက်ခိုက်လေ့ရှိရာမှ ယခုအခါတွင်မူ နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးကိစ္စရပ်များတွင်ပါ အကျိုးအမြတ်ရရှိအောင် အသုံးပြုလာကြောင်းတွေ့ရှိရပါသည်။ Google Internet Company၊ PC World၊ New York Time သတင်းစာများနှင့် အခြင်းသတင်းဌာနများ၏ သတိပေးချက်အရ တရုတ် နိုင်ငံ၏ Cyber ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဆန့်ကျင် ဘက်အဖွဲ့အစည်းများနှင့် အခြားသူများ Online မိတ်ဖွဲ့မူအား အသုံးပြု၍ အချက်အလက်များစုဆောင်းကြောင်း (CNN) သတင်းဌာနမှ သတင်းထုတ်ပြန်ကြောင်း သိရှိရပါသည်။ ၎င်းစုဆောင်းရရှိသော အချက်အလက်များအားအသုံးပြု၍ ပစ်မှတ်များ၏ Email များအတွင်းသို့ ၀င်ရောက်ကာ သတင်းအချက် အလက်စုဆောင်းပြီး ရောင်းစားခြင်း ပြုလုပ်သည်ဟု သိရှိရပါသည်။ Ghost Net ဟုခေါ်ဆိုသော Internet သူလျှို ကွန်ရက် အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင်ရှိသော အစိုးရ၊ သံရုံး၊ နေတိုးအဖွဲ့၊ သတင်းမီဒီယာ အချို့နှင့် နိုင်ငံတကာအဖွဲ့ အစည်းပိုင် သော Computer တစ်ထောင်ကျော်အတွင်းသို့ ၀င်ရောက်ပြီး သတင်းအချက်အလက်များ ရယူခဲ့ကြောင်း ဗြိတိန်၊ အမေရိကန် နှင့် ကနေဒါနိုင်ငံ ပညာရေးအဖွဲ့အစည်းများ၏ သုတေသီများ မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုသတင်းအချက်အလက် စုဆောင်းရေး သူလျှိုပြုလုပ်မူ ပုံစံအား လေ့လာရာတွင်လည်း ပစ်မှတ်အဖွဲ့အစည်းများရှိ လူပုဂ္ဂိုလ်များအား Online Chatting၊ Datting၊ Social Website နှင့် Blogss များမှတဆင့် ရင်းနှီးမူရအောင် ပထမဦးစွာ ပြုလုပ်ြ ကကြောင်း တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်များ၏ Computer များမှတဆင့် ပစ်မှတ်အဖွဲ့အစည်း အတွင်းရှိ Computer များတွင်ရှိသော အချက်အလက် များနှင့် Email များသာမက Vedio Camera များနှင့် Microphone အသုံးပြု၍ စကားပြောသော အကြောင်းအရာများကို ရယူသွား ကြောင်း သိရှိရပါသည်။ ထိုကြောင့် Nato အဖွဲ့သည် Internet အားစစ်မြေပြင်တစ်ခုအနေဖြင့် သိမြင်လာကြပြီး စစ်နည်း ဗျူဟာတစ်ခု ကျင့်သုံးဖို့လိုကြောင်း အဘောပေါက်လာကြခြင်း ဖြစ်ပါသည်။

၁၀။ ယခုအခါတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကိစ္စအရပ်ရပ်များသည် Internet ကွန်ရက်ပေါ် မှီခိုအားထားလာရ သည် ဖြစ်သဖြင့် မသမာသူ ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှနေ၍ Internet တိုက်ခိုက်မူနည်းလမ်းများအား အသုံးပြု၍ အမျိုးမျိုး အနှောက်အယှက်ပေးလာကြောင်းသိရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံနှင့် ဂျာမနီ အပါအ၀င် နေတိုးအဖွဲ့ဝင် နိုင်ငံများသည် အတွင်းစည်း Cyber လုံခြုံရေး ဗဟိုဌာနတစ်ခု Estonia နိုင်ငံ Tallin မြို့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၎င်းဌာနတွင် ၀န်ထမ်းပေါင်း ၃၃ ဦးရှိပြီး Internet ပေါ်မှတဆင့် တိုက်ခိုက်နိုင်သော Computer Virus များ၊ အန္တရယ်ရှိသော Social Network အသုံးပြုသူများနှင့် Meeting ပြုလုပ်မူများအား စဉ်ဆက် မပြတ် လေ့လာဆန်းစစ်ကာ သတိ ထုတ်ပြန့်မူများနှင့် ကာ ကွယ်မူများ ပြုလုပ်လေ့ ရှိကြောင်း သိရှိရ ပါသည်။

၁၁။ တရုတ်နိုင်ငံတွင်လည်း ၎င်း၏တပ်မတော်သားများအား Blogs ရေးသားခြင်း၊ Social Network များ အသုံးပြု၍ Online Dating နှင့် Chatting ပြုလုပ်ခြင်းများအား တားမြစ်ထားသည့် စည်းကမ်းချက်များ ထုတ်ပြန့်ထားကြောင်းလေ့လာ သိရှိရပါသည်။ တရုတ်နိုင်ငံတပ်မတော်ရှိ တပ်မတော်သား ၂.၃ သန်းကျော်အား သတင်းပေါက်ကြားမူ ထိန်းသိမ်းရန် Internet မှတဆင့် ချိန်းဆို ဆက်သွယ်မူပြုလုပ်ခြင်း အား တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ် တရုတ်သတင်း စာနှင့် Media များတွင် တွေ့ရှိရပါ သည်။ ထိုတားမြစ်ပိတ်ပင်ရာတွင် ကိုယ်ပိုင် Blogss များ ရေးသားခြင်း၊ Chatting ပြု လုပ်ခြင်း၊ Socail Website များသို့ ၀င်ရောက်အသုံးပြုခြင်း၊ Forum များသို့ ၀င်ရောက် ဆွေးနွေးခြင်း၊ Message များ ပေးပို့ခြင်းနှင့် Internet Cafe များသို့ သွားရောက်အသုံး ပြုခြင်းတို့အား တားမြစ် ထားကြောင်း တွေ့ရှိရပါသည်။ အဘယ် ကြောင့်ဆိုသော် အထက်ပါ Internet အသုံးပြုမူများမှတဆင့် မိမိတို့၏ Online မှအသိမိတ်ဆွေများအား မိမိတို့ တပ်ဖွဲ့အကြောင်းများ၊ သွားရောက်ရမည့်နေရာ၊ အသုံးပြုသောယာဉ်များ၊ ကိုင်ဆောင်ရသော လက်နက်များ နှင့် တပ်တည်နေရာ အစ ရှိသော စစ်ရေးဆိုင်ရာ သတင်းများကို Internet မှ ဆက်သွယ်အသုံးပြုရာတွင် အမှတ်တမဲ့ ပြောဆိုမိတက် ကြသေ ကြောင့် ဖြစ်ပါသည်။ ၎င်းအချက်များကိုအခွင့်ကောင်းယူ၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ အကျိုးအမြတ်ရယူသွားခြင်းကို ကာကွယ် ရန်အတွက် ပိတ်ပင်ခြင်း ဖြစ်ကြောင်းယူဆရပါသည်။

၁၂။ အထက်ပါ အချက်အလက်များပေါ်မူတည်၍ အသင်းအချက်အလက်နည်းပညာ ပြိုင်ဆိုင်မူများနှင့် ထပ်မံပေါ်ပေါက် လာသော နည်းပညာရပ်များအား မိမိတို့အနေဖြင် အချိန်နှင့်တပြေးညီ သိရှိရမည့်နည်းတူ လုံခြုံရေးအသိ ရှိရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။ Internet အသုံးပြုမူ လုံခြုံရေးနှင့် ပတ်သက်၍ လေ့လာရာတွင် အခြေခံအချက် အနေဖြင့် ၄ ပိုင်းတွေ့ရှိရပါ သည်။ ၎င်းတို့မှာ
၁။ Network Security Policy
၂။ Administrator’s Skill
၃။ Realtime Monitoring
၎။ အသုံးပြုသူများ၏ လုံခြုံရေးအသိဟူ၍ ဖြစ်ပါသည်။
၁၃။ Network Security Policy အနေဖြင့် မိမိအဖွဲ့အစည်း၏ လုံခြုံရေးအန္တရယ်ဖြစ် စေနိုင်သော Oline ဆက်သွယ်မူများ ပြုလုပ်မူနှင့် Social Network များအား အသုံးပြုမူများအား မိမိ Network အတွင်းတွင် အသုံးပြုခွင့် မရရှိစေရန် ပိတ်ပင်ထား ခြင်းအား ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း အသုံးပြုသူ၏ အမှန်တကယ်လိုအပ်ချက် ပေါ်မူတည်၍ အဆင့်သတ် မှတ်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ အမှန်တကယ်အားဖြင့် Network Security Policy သည် သက်ဆိုင်ရာဌာန၏ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်ပေါ်တွင်သာ မူတည်ပါသည်။ Administrator ၏ ကျွမ်းကျင်မူမှာလည်း Internet လုံခြုံမူဆိုင် ရာ အစိတ်အပိုင်းတွင် အရေးကြီးသောအပိုင်းမှ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာဌာန၏ ချမှတ်ထားသော လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များအား အကောင်အထည်ဖော် လုပ်ဆောင်ရသောသူ ဖြစ်သောကြောင့်ဖြစ်ပါသည်။ Realtime Monitoring ပြုလုပ်၍ မိမိ Networkအတွင်းရှိ Internet အသုံးပြုမူအား စဉ်ဆက် မပြတ် လေ့လာစောင့်ကြည့်ပြီး အန္တရယ်ရှိသော ဆက်သွယ်မူများအား ပိတ်ပင်ရန် Security Group အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်မှာလည်း အင်မတန်မှ အရေး ကြီးလှပါသည်။ မည်သို့ပင် လုံခြုံရေးတင်းကြပ်သော Network Security ပိုင်းဆိုင်ရာ တားမြစ်ချက်များ ချမှတ်ထားစေကာမူ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာ ဗဟုသုတနည်းပါးလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် လာနိုင်ပါသည်။ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာရှိမူသည် Network Administrator ပေါ်တွင် မူတည်ပါသည်။ Network Administrator အနေဖြင့် မိမိ Network အတွင်ရှိ Internet အသုံးပြုသူများအား လုံခြုံရေးဆိုင် ရာအသိပညာရရှိစေရန် ဟောကြားခြင်း၊ ညွှန်ကြားခြင်း အစရှိသည့်တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။ မိမိ တို့၏ Network တွင် အန္တရယ်ရှိသော Internet သုံးစွဲမူ မရှိစေရန်အတွက် Content Filtering၊ Instant Messaging Interception System၊ Mail Filter System နှင့် Interception System အစရှိသည့်တို့အား သုံးစွဲထားသင့်ပါသည်။ လုံခြုံရေးအသိရှိစွာ ဖြင့် Internet အား အသုံးပြုမည်ဆိုပါက Internet သည် အသုံးပြုသူအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပါ သည်။ ထို့ကြောင့် Intetnet အသုံးပြုမူဆိုင်ရာ လုံခြုံရေးအသိရှိစေရန် ကြိုးစားသင့်ပါသည်။

★စာအုပ်အဖြစ်ဒေါင်းယူရန် လင့်ခ်★

Read more...

✔Computer တစ်ခုလုံးကို Recover လုပ်နည်း✔

0 comments

image


✔ကွန်ပျူတာ တစ်ခုလုံးကို recover ဘယ်လိုလုပ်မှာလဲ✔ဲ

မီးအား မမှန်တာကြောင့် ဖြစ်ဖြစ်၊ virus တွေကိုက်လို့ ပြန်ဖွင့် မရတော့တာကြောင့် ဖြစ်ဖြစ် ကွန်ပျူတာကို ဘယ်လိုမှ ဖွင့်လို့ မရတော့ဘူး၊
အထဲမှာလဲ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။

သေချာတာတော့ အဲဒီကွန်ပျူတာကို format ချရတော့မှာပဲ။ မချခင် တစ်ချက် စဉ်းစားပါအုံး၊ လုပ်လို့ရတဲ့ နည်းလမ်းလေးရှိတယ်။

အဲဒါကတော့ Redo Backup and Recovery ဟာ Backup Software လေးပေါ့။ ဒီဟာလေးကို CD နှင့် ဖြစ်ဖြစ် Stick နှင့် ဖြစ်ဖြစ် ဆောင်ထားရင် လိုအပ်တဲ့အခါ အချိန် ၁၀ မိနစ်အတွင်း အရေးကြီးတဲ့ data တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ Backup လုပ်ပြီးသား ဖြစ်မှာပါ။ RB & R က Bootable ဖြစ်တယ်။ Windows OS ဖြစ်ဖြစ် Linux OS ဖြစ်ဖြစ၊် ဘယ် OS နှင့်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ် ပြီးတော့ GPL လိုင်စင်နှင့် ထုတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ပဲ သုံးသုံး၊ လုပ်ငန်းမှာ အခကြေးငွေ ယူပြီးတော့ပဲ သုံးသုံး တရားဝင် software ဖြစ်တယ်။

RB & R ဟာ install လုပ်စရာမလိုဘူး ထည့်လိုက်ပြီး စက်ဖွင့်တာနှင့် Computer ရဲ့ Hard disk ထဲကို ပြန်တင်လို့ ရတယ်။ ကွန်ပျူတာကို Network ချိတ်လို့ရသလို CD နှင့် USB လည်း ထည့်လို့ရတယ်။ Internet ပါ သုံးလို့ရတယ် ဖျက်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့ရသလို ပြန်ကူးထားလို့ရတယ်။

ဒီ software ဟာ 75 MB ပဲရှိတဲ့အတွက်ကြောင့် USB နှင့်ဖြစ်ဖြစ်၊ CD နှင့်ဖြစ်ဖြစ် သိမ်းထားပြီး ယူသွားလို့ရတယ်။

ဘာကြောင့် တခြား Backup Software တွေထက် ကောင်းရသလဲဆိုတော့ GPL လိုင်စင်နှင့်ဖြစ်တာရယ်၊ လိုင်စင်အတွက်ကြောင့် ကန့်သတ်တာမျိုး မရှိတာရယ်၊ ဘယ် OS နှင့် မဆို အသုံးပြုနိုင်တာရယ်၊ Hard disk ထဲကို username တွေ password တွေ မလိုဘဲနဲ့ ၀င်လို့ရတာရယ်၊ ပြီးတော့ အချိန် ၁၀ မိနစ်လောက် နှင့် backup လုပ်လို့ ရနိုင်တာကြောင့်ဖြစ်တယ်။

Read more...

✔Shwebook Dictionary Pro v3.1.1✔

0 comments

image


✔Shwebook Dictionary Pro v3.1.1✔
-မြန်မာ၊အဂ်လိပ်၊တရုတ်၊သုံးဘာသာ လေ့လာနိုင်တဲ့ "Shwebook Dictionary Pro" ဆိုတဲ့ Android ဖုန်းသုံး Application
လေးတစ်ခု တင်ပေးလိုက်ပါပြီ။
-Apk File Size 4.6MB ရှိပြီး
-Android OS Version 2.2 နှင့်အထက်ရှိ
ထားသော ဖုန်းများမှာ ထည့်သွင်းအသုံးပြု
လို့ရမှာ ဖြစ်ပါတယ်။
-အောက်က နှစ်သက်ရာ လင့်ခ် တစ်ခုကနေ
ဒေါင်းလုပ်ရယူနိုင်ပါပြီ။

★One Click တချက်နှိပ်တိုက်ရိုက် လင့်ခ်★

★Mediafire လင့်ခ်★

image

image

image

image


Description
Shwebook Dictionary Pro is the first application that translate from Burmese to English and Chinese.
Shwebook Dictionary Pro is forever free for use. Shwebook Dictionary Pro have more than 50,000 offline definitions for English to Myanmar and Chinese words. Shwebook Dictionary Pro is compatible with Android Version 2.1 and above.
You can define or add your definition to Shwebook Dictionary Pro as well. Easily synchronize with the most updated database from server to your android mobile phone.
The application is optimized for high resolution screens with sizes of 4.8 inches and higher. More information, please visit to www.shwebook.com/pro.
Key Features,
- English - Myanmar - Chinese Dictionary
- Speech to English and Chinese
- User Friendly Mobile User Interface
- Real-Time data synchronization
- Bookmark your favorite definition
- Add your definition to Shwebook Dictionary Pro.


   အဆင်ပြေ ပါစေ။
                   ကိုဇော်သွင်(နည်းပညာ)

Read more...

✔Easy Unrar Unzip & zip premium v2.9✔ နောက်ဆုံးထွက် Version✔

0 comments

image


✔Easy Unrar Unzip & zip premium v2.9 နောက်ဆုံးထွက် version✔
♕Android ဖုန်းတွေမှာ Zip File တွေ၊Rar
File တွေကို လွယ်ကူစွာ Extract လုပ် ဖြည်ပေးမယ့် Application လေးတစ်ခု တင်ပေးလိုက်ပါတယ်။
♕Apk File Size 961KB လေးပဲရှိပြီး
    Android OS Version 1.6 နှင့်အထက်ရှိ
    ထားသော ဖုန်းများမှာ ထည့်သွင်းအသုံးပြု
    နိုင်မှာ ဖြစ်ပါတယ်။
♕အောက်က နှစ်သက်အဆင်ပြေရာ လင့်ခ်
    တစ်ခုကိုနှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

★One Click တချက်နှိပ်လင့်ခ်မှဒေါင်းယူရန်★

★Mediafire လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Box လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★Dropbox လင့်ခ်မှဒေါင်းလုပ်ရယူရန်★

★180 upload လင့်ခ်မှဒေါင်းလုပ်ရယူရန်★

image

image

image

image

image

image

image

image

image

image

image


   အဆင်ပြေ ပါစေ။
                   ကိုဇော်သွင်(နည်းပညာ)

Read more...

✔PDF MAX v2.5.0 Apk✔ (for android)

0 comments

image


✔PDF MAX v2.5.0 Apk✔
-Android ဖုန်းနဲ့ pdf file တွေကို ကြည်လင်
ပြတ်သားစွာနဲ့ ဖတ်ရှုလို့ရစေတဲ့ application
လေးတစ်ခု တင်ပေးလိုက်ပါတယ်-
-File တွေကိုလည်း Edit လုပ်လို့ပြီး၊Tip ပေးထားကာ လိုအပ်သည့်အခါမှာ ဆွဲထုတ်ဖတ်ရှုလို့လည်းရပါတယ်-

-တခြားအသုံးဝင် features ပေါင်းများစွာကို
ထည့်ပေးထားခြင်းဟာ အသုံးပြုသူတို့ အကြိုက်တွေ့စေနိုင်ပါလိမ့်မယ်-

-စာအုပ်တွေမှာ voice record မှတ်ထားလို့်
ရစေတာဟာလည်း သူ့ရဲ့ကောင်းကွက်တစ်ခု
လို့ဆိုရမှာပါပဲ-

-အောက်က လင့်ခ် မှာဒေါင်းယူပါ-
-Apk File Size 12MB ရှိပြီး
Android OS Version 2.2 နှင့်အထက်ရှိ
ထားသောဖုန်းများမှာ ထည့်သွင်းအသုံးပြု
လို့ရမှာ ဖြစ်ပါတယ်-

★DOWNLOAD HERE★

image

image

image

image

image

image

image

image

image

image



Description
*** 80% OFF FOR THE XMAS PLUS CELEBRATING THE NEW RECORDING FEATURE ***
PDF Max is the 5-star rated, full-featured PDF reader used by millions of iPhone/iPad users world-wide and now available for your Android. It was designed for those people who’re looking for a full-featured, touch-based optimization & professional PDF application with all features you need for an everyday PDF app in one place so that you do not need to spend extra money for other apps.
PDF Max features include:
[PROFESSIONAL PDF READER]
TEXT REFLOW: PDF Max includes an Amazing Text Reflow feature that helps you read your PDF easily with any kind of PDF. Forget the tedious pan & zoom steps, you now just enjoy reading your documents.
TEXT TO SPEECH: Don't keep your eyes on the screen all the time, Let the superb TTS feature in PDF Max does the work: It read PDF documents for you.
FAST RENDERING: PDF Max equips a super-fast rendering engine worked smoothly on all Android Phones/Tablets with Android 2.2 or newer.
FAST SCROLLING: PDF Max is the best PDF app that allows continuous vertical scroll through an entire document. You can also set the option to view one page at a time, it's your choice.
SMART ZOOM: Double-tap on text blocks and PDF Max will zoom the touched text block to fit the screen. Simple & efficient reading.
UI & NAVIGATE: The Navigation Panel lets you interact with your documents by thumbnails, bookmarks, annotations, PDF outline, Search or other common actions.
LARGE PDFs: PDF Max opens large PDFs easily without any problem. The maximum file size is only depending on the file size supported by the device itself.
[HIGH-END FORM FILLER]
Highly advanced form-filling features that support complex form field validations & calculations are on hand within the app to help users handle filling out many different documents such as AcroForm & Static XFA forms among others.
[FULL-FEATURED PDF ANNOTATOR]
ZOOM-IN WRITING:
Experience the handwriting capabilities like never before, only in PDF Max.
TYPE ON YOUR PDF:
PDF Max lets you insert text into your PDF by creating FreeTexts (a.k.a TypeWriter).
DRAW WITH YOUR FINGER:
Use your finger or a stylus to take handwritten notes or highlight text in books, whether normal PDF or scanned. Eraser is of course also included to help you correct and refine your handwriting.
MARK UP TEXT:
Mark important things in books, journals or documents using Highlight, Underline, Cross-out and Squiggly tools.
CREATE NOTES AND CONVERSATIONS:
Add comments anywhere in the document. PDF Max even supports thread-conversations to help you collaborate with others like never before.
CREATE VOICE ANNOTATIONS
Record and embed voice annotations within the PDF document.
DRAW ANY SHAPE:
Draw, position and resize a multitude of shapes, including Rectangles, Lines, Ovals, Polylines, and Polygons with intelligent snapping.
MANAGE PDF PAGES, BOOKMARKS:
You can INSERT/REORDER/COPY/PASTE/EXTRACT/DELETE/EMAIL pages. PDF Max also supports manage PDF Bookmarks.
[EASY TO USE AND POWERFUL FILE MANAGER]
Manage your own PDF library or all your PDFs on your devices easily with an intuitive File Management Interface. Dropbox is supported, more storages will be supported in the next updates.
We can't bring more and better features without your help, so please rate us five stars to encourage faster updates!
Follow us on Facebook at www.facebook.com/mbr.pdfmax for supports and updates, and feel free to email us at support@mobeera.com for any inquiry. Now, Let's go annotate!
------
Keyword: acrobat, adobe, annotate, annotating, contract, documents, excel, expert, fill, filler, form, foxit, goodreader, google, handwrite, iannotate, microsoft, nitro, office, outlook, pdf, powerpoint, quickoffice, read, reader, sign, speech, tts, voice, word, excel, powerpoint, annotator, signature, type, signeasy, reader, sign, contract, view, read, emails, ipad, field, iphone, s-pen, samsung, htc, drive, one


    အဆင်ပြေ ပါစေ။
                    ကိုဇော်သွင်(နည်းပညာ)

Read more...

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး