မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။
✔iPhone/Pad/Pod touch များတွင် မြန်မာယူနီကုဒ်ဖောင့် နှင့်ကီးဘုတ်သွင်းနည်း✔
0 comments
image
iPhone/Pad/Pod touch များမှာ မြန်မာယူနီကုဒ်စနစ် Font နှင့် Keyboard ထည့်သွင်းပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
iPhone/Pad/Pod touch များမှာ မြန်မာယူနီကုဒ်စနစ် Font နှင့်ကီးဘုတ်ထည့်သွင်းရန် iDevice ကို Jailbreak လုပ်ထားရန်မလိုပါဘူး။ ဒါပေမယ့် မြန်မာယူနီကုဒ် ဖောင့်နှင့်ကီးဘုတ်သွင်းရန် iPhone/Pad/Pod touch ကို iOS 8 နှင့်အထက်တင်ထားရပါမယ်။
Font နှင့် Keyboard သွင်းရန်လိုအပ်သော ဖုန်း application နှစ်ခုကို မိမိတို့ရဲ့ iPhone/Pad/Pod touch များမှာသွင်းထားရန်လိုအပ်ပါတယ်။ အောက်က link နှစ်ခုမှာရယူပါ။
★MyFont – Myanmar Font for iPhone/Pad/Pod touch ​ဒေါင်းရန်​★
https://itunes.apple.com/app/myfont-myanmar-font/id855256130?mt=8
★ttKeyboard – Myanmar Keyboard for iPhone/Pad/Pod touch ​ဒေါင်းရန်​★
https://itunes.apple.com/app/ttkeyboard/id919884616?mt=8
application နှစ်ခုစလုံးကိုသွင်းထားပြီးပြီဆိုရင်တော့ မြန်မာဖောင့် နှင့်ကီးဘုတ်ကို စထည့်ပါမယ်။
(ဒီနေရာမှာ သတိပေးချင်တာက iPhone/Pad/Pod touch မှာဇော်ဂျီ Font Profile သွင်းထားပြီးသားဆိုရင် ယင်း Zawgyi Font Profile ကိုအရင်ဖြုတ်ပါ။ iOS ရဲ့ setting > general > profile ထဲကိုဝင်ပါ။ Zawgyi-One.ttf ထဲကိုဝင်ပါ။ Delete Profile နှိပ်ပြီး Profile ကိုဖျက်လိုက်ပါ။ အကယ်၍ ဖျက်ပြီးပြီ ၊ ဇော်ဂျီဖောင့်မသွင်းထားသေးဘူးဆိုရင် အောက်က အဆင့်ကိုဆက်သွားလို့ရပါပြီ)
မြန်မာဖောင့်သွင်းရန် MyFont application ထဲကိုအရင်ဝင်ပါ။ Unicode Fonts ဆိုတဲ့ကဏ္ဍအောက်မှာ မြန်မာယူနီကုဒ်စနစ်ကိုလိုက်နာတဲ့ Font တွေကိုဖော်ပြထားတာတွေ့ရမှာပါ။ ယင်း Font တွေထဲကကြိုက်နှစ်သက်ရာ Font တစ်ခုကိုနှိပ်လိုက်ပါ။(ပုံ-၁)
image
Font သွင်းရန် Install Profile ကဏ္ဍပေါ်လာပါမယ်။ Install ဆိုတာကိုနှိပ်ပါ။
(ပုံ-၂)
image
Install ဆိုတာကိုနှိပ်ပါ။(ပုံ-၃)
image
ပြီးလျှင် Done ကိုနှိပ်ပါ။(ပုံ-၄)
image
ဒါဆိုရင် မြန်မာယူနီကုဒ်စနစ်ကိုလိုက်နာတဲ့ Font တစ်ခုကိုသွင်းပြီးသွားပါပြီ။
မြန်မာယူနီကုဒ်ကီးဘုတ်သွင်းရန် Setting > General ထဲကိုဝင်ပါ။ Keyboard ထဲကိုဝင်ပါ။
(ပုံ-၅)
image
Keyboard ကဏ္ဍထဲကိုရောက်ပြီဆိုရင် Keyboard ဆိုတာကိုထပ်ဝင်ပါ။(ပုံ-၆)
image
Add New Keyboard ကိုနှိပ်ပါ။(ပုံ-၇)
image
ခုနတုန်းကသွင်းထားခဲ့တဲ့ ttKeyboard ကိုတွေ့ရပါမယ်။ ယင်း ttKeyboard ဆိုတာကိုနှိပ်လိုက်ပါ။(ပုံ-၈)
image
MyanSan ဆိုတာလေးကို On လိုက်ပါ။ ပြီးရင် Done ကိုနှိပ်ပါ။(ပုံ-၉)
image
ဒါဆိုရင်တော့ မြန်မာယူနီကုဒ် ကီးဘုတ်လည်း သွင်းပြီးသွားပါပြီ။
Font နှင့်ကီးဘုတ်ကိုစမ်းသပ်ရန် စာရိုက်လို့ရတဲ့တစ်နေရာကိုသွားပြီး ကီးဘုတ် က ကမ္ဘာလုံးပုံလေးကိုနှိပ်ပြီး မြန်မာကီးဘုတ်ကိုပြောင်းပါ။ မြန်မာလိုရိုက်ကြည့်ပါ။(ပုံ-၁၀)
image
အားလုံးပဲအဆင်ပြေကြပါစေ။
Credit,
သက်နိုင်စိုး (Myanmar Mobile App Store)
Read more...
✔ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ✔
0 comments
image
အပိုင်း (၁)
ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)
(က) မြစေတီ
၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ် ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက် ၊ မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင်အထည် ဖော်ရေး အဖွဲ့များ စတင် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာetrademyanmar.com
တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။
ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်အား တစ်ပြည်လုံး ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရေး အတွက် နေရာတိုင်းတွင် အခမဲ့ ဖြန့်ဝေခွင့်ပေးခြင်း၊ အသုံးပြုနည်းများ၊ ပိုမို ကောင်းမွန်သော ဗားရှင်းများ အတွက် ထပ်မံ တိုးတက် (Develop) ထုတ်လုပ်နိုင်ရန် အခြေခံ သီအိုရီများ ဖြန့်ဝေ ပညာပေးခြင်း၊ ထိုမှ တစ်ဆင့် ပထမဆုံးသော မြန်မာယူနီကုဒ် ဖြစ်သည်နှင့် အညီ မြစေတီအား အနည်းဆုံး ပြည်တွင်း အဆင့် ခိုင်မာတိကျသော စံသတ်မှတ်ချက် တစ်ခုဖြစ်လာအောင် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပဲ ဦးစွာ စီးပွားရေး လုပ်ငန်းသုံးရန် အဓိကထား ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း တို့သည်ကား မြစေတီ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ထို အတွက် ထင်သာမြင်သာ ရှိလှသော ဥပမာ တစ်ခုကား “လယ်သမား ကောင်းဟူသည် လယ်မြေကို ညက်စွာ ထွက်ယက်ပြီးမှ မျိုးစေ့၊ မျိုးပင် တို့ကို စနစ်တကျ စိုက်ပျိုးအပ်ခြင်း” ဟူသော ဥပမာ ဖြစ်ပေလိမ့်မည်။ မြန်မာတို့ အတွက် အလွန့်အလွန် အခြေခံကြီးဖြစ်သော၊ လယ်မြေနှင့် တူသော မြန်မာစာ အတွက် ယူနီကုဒ်စနစ် ကို မှ အားလုံး အကျွမ်းတဝင် ကြေညက်စွာ အသုံးမပြု နိုင်ကြသေးမှီ ၎င်းမှ ထပ်မံ ပေါက်ရောက် ထွက်ရှိ လာမည့် သီးပင်၊ စားပင် တို့အား အောင်မြင်စွာ သီးပွင့် ဆွတ်ခူးရန် အတွက် မျှော်လင့်ခြင်း ပြုနိုင်အံ့ မထင်ပေ။
(ခ) မြန်မာ - ၁၊ ၂၊ ၃ (Myanmar1, 2, 3)
မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ၏ ကြီးကြပ်မှုဖြင့် မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့ (Myanmar Unicode and National Language Processing Research Center – MyanmarNLP) အား ၂၀၀၂-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MyanmarNLP အဖွဲ့မှ Myanmar1, Myanmar2 နှင့် Myanmar3 ယူနီကုဒ် ဖောင့်ထ် များကို အများပြည်သူတို့ အခမဲ့ သုံးစွဲရန် အတွက် အဆင့်ဆင့် တီထွင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ် ယူနီကုဒ် ဗားရှင်းမှာ ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ (၁၄.၁၂.၂၀၀၇) တွင် ဖြန့်ချီခဲ့သော Myanmar3 ဖြစ်သည်။ ၎င်း Myanmar3 ဖောင့်ထ် အား နိုင်ငံတကာ စံပြုအဖွဲ့အစည်း (ISO) ၏ စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထားသည်ဟု သိရပြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စနစ်၊ ပန်းသီး ၏ OS စနစ်နှင့် Linux စနစ်များတွင်ပါ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားကာ မြန်မာ ကွန်ပြူတာ အသုံးပြု သူများ အတွက် ထပ်မံ စောင့်ကြည့် လေ့လာရမည့် ယူနီကုဒ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၏။
Myanmar NLP မှ ထုတ်လုပ်ဖြန့်ချီသော ဖောင့်ထ် ဒီဇိုင်းနှင့် လက်ကွက်များကို အသုံးပြုရန် မြန်မာ-၁၊ မြန်မာ-၂ နှင့် မြန်မာ-၃ တို့ အတွက် ကိုယ်ပိုင် Open Type ဖောင့်ထ် များနှင့် လက်ကွက်မြေပုံဖိုင် တစ်ခုစီ ကိုယ်ပိုင် တီထွင် ပါရှိပြီး နောက်ဆုံးထုတ် မြန်မာ-၃ ဖောင့်ထ် ကို မိမိ ကွန်ပြူတာ တွင်ထည့်သွင်းပြီး လက်ကွက် အသုံးပြုနိုင်ရန် အတွက် Tavultesoft Keyman (Home Free Version) ကို အသုံးပြုထားသည်။ လက်ရှိ နောက်ဆုံးထုတ် Myanmar3 ဖောင့်ထ် သည် ယူနီကုဒ်၏ နောက်ဆုံး စံသတ်မှတ်ချက် ၅.၁.၀ နှင့် ကိုက်ညီအောင် ပြုပြင်ထားသည် ဟုသိရှိရပြီး Myanmar NLP ၏ ဝဘ်ဆိုဒ်တွင်မူ ပထမဦးဆုံးထုတ် ဗားရှင်းဖြစ်သော မြန်မာ-၁ ကိုသာလျင် Standard Version အဖြစ် ဖော်ပြထားသေးသည် ကို တွေ့ရှိရသည်။
ယူနီကုဒ်၏ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိပြီး အစိုးရမဟုတ်သော၊ မြန်မာ ယူနီကုဒ်ကို လေ့လာဖွံ့ဖြိုးမှုများ ပြုလုပ်နေသော အဖွဲ့များ အနက် တာဝန်အရှိဆုံး ဖြစ်သော အမျိုးသား စီမံကိန်း အဖွဲ့တစ်ခုမှ ထုတ်ဝေသော အခမဲ့ ဗားရှင်း ဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ နှင့် ၃ ဖောင့်ထ် တို့ကို အသုံးပြုသူ နည်းပါးခဲ့ကြ၏။ အကြောင်းရင်းမှာ အဆိုပါ ယူနီကုဒ် စနစ်၏ (ယူနီကုဒ် စနစ်ကို အတိအကျ လိုက်နာထားသော စနစ်ဖြစ်သည့် အလျောက်) အသုံးပြုရာတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါရှိနေခြင်း ၊ ဗားရှင်း တစ်ခုနှင့် တစ်ခု အပြောင်းအလဲများ ကြားတွင် စံပြုသတ်မှတ်မှုများ ကွာဟချက် ကြီးမားနေခြင်း၊ ဖောင့်ထ် ပုံစံ သေသပ်မှု အနည်းငယ် လိုအပ်နေခြင်း နှင့် နောက်ဆုံး Myanmar NLP ကိုယ်တိုင် အဆိုပါ Myanmar 1, 2, 3 Font များကို အသုံးပြုသူများ မြန်ဆန်စွာ လက်ခံ အသုံးပြု လာနိုင်စေရေး အတွက် ကျယ်ပြန့်စွာ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရသည်။ (မြန်မာ-၁ [၂၀၀၆] မထွက် မှီ ဇော်ဂျီ-၁ [၂၀၀၅] ထွက်ရှိခဲ့ပြီး တွင်ကျယ်ခဲ့မှု ကလည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ဖွယ် ရှိသည်။)
အငြင်းပွားဖွယ် ပြဿနာများ ရှိနေသော်ငြားလည်း လက်ရှိ Myanmar 1,2,3 Unicode Font များသည် ယူနီကုဒ် အကျိုးတူ အဖွဲ့အစည်း ကြီးမှ သတ်မှတ်ထားသော ကမ္ဘာသုံး ယူနီကုဒ် စနစ်၏ မြန်မာစာ အတွက် စံနှုန်းများကို အတိကျနိုင်ဆုံး ဖြစ်အောင်နှင့် မြန်မာစာ ရေးထုံးများအတိုင်း လိုက်နာပြီး ရေးသား အသုံးပြုနိုင်ရန် တီထွင်ဖန်တီး ထားသည်ကို တွေ့ရှိရကာ (ဥပမာ - န ငယ် ၂-မျိုး၊ န နှင့် န၊ ရ ရစ် ၄-မျိုး၊ြြြြ ၊ တစ်ချောင်းငယ်၊ နှစ်ချောင်းငယ် ၂-မျိုးစီ၊ုူ စသည်တို့ သတ်မှတ်ထားခြင်း မရှိပဲ အသုံးပြုသော စကားလုံးနှင့် အသုံးပြုပုံ ကိုလိုက်၍ ကီးတစ်ခုတည်းကို ရိုက်နှိပ်ရုံဖြင့် အလိုအလျောက် ပြောင်းလဲအောင် ဖန်တီးထားခြင်း . စသည်&hellip တရားဝင် အနေအထား တစ်ခုအတွက် အသုံးပြုရန် မူရင်း ဆော့ဖ်ဝဲ ကို မြန်မာဘာသာသို့ ပြန်ဆို ရေးသားသူများ၊ ဝဘ်ဆိုဒ် ဖန်တီး ရေးသားသူများ စသူတို့ အနေဖြင့် ပြည်တွင်းမှု ပြုခြင်း (WordPress & Joomla စသည့် အခြေခံ ဆော့ဖ်ဝဲရ် အထုပ်များကို မြန်မာဘာသာ ဖြင့် အလွယ် အသုံးပြုနိုင်ရန် ပြန်ဆိုခြင်း စသည်&hellip၊ အခြားသော မြန်မာဘာသာသို့ ပြန်ဆိုခြင်း (Officially Localizations For Software & Web Development ) စသည့် လုပ်ငန်း ဆောင်တာတို့အတွက် အလွယ် တစ်ကူ အခမဲ့ ရရှိနိုင်သော မရှိမဖြစ် နှင့် မသုံးမဖြစ် သုံးရမည့် မြန်မာ ယူနီကုဒ် ဖောင့်တစ်ခု ဖြစ်သည် ဆိုခြင်းကိုမူ ငြင်းပယ်ဖွယ် မရှိပါချေ။
(ဂ) ဇော်ဂျီ (ZawGyi )
လက်ရှိ မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှုအများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ်စနစ် (ZawGyi Myanmar Unicode Font) ကို မြန်မာ့ အိုင်တီ နယ်ပယ်မှ ပညာရှင် ငါးဦး ပါဝင်သော ဇော်ဂျီ အဖွဲ့ နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ် တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်။ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် ကို အသုံးပြုထားပြီး ပြုပြင်မှုများ၊ အသစ်ထပ်မံ ထုတ်လုပ်မှုများ အဆင့်ဆင့် နှင့် မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (အထူးသဖြင့် ဘလော်ဂါများ) လောကဝယ် လွယ်လင့်တစ်ကူ၊ ထိထိရောက်ရောက် ၊ အခမဲ့ အသုံးချနိုင်ခြင်း တည်းဟူသော အချိန်အခါ၏ လိုအပ်ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇော်ဂျီ မြန်မာယူနီကုဒ် သည် ၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association) Excellent Award ဆုကို ရရှိသည် အထိ အောင်မြင်ခဲ့သည်။
ဇော်ဂျီ ယူနီကုဒ် ကို ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်းသည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း မရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာဖောင့်ထ် သည် အသုံး ပြုရန် လွယ်ကူမှု ရှိခြင်း နှင့် ဖောင့်ပုံစံ သေသပ် လှပခြင်းတို့မှ အပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ်မှတ်ထားချက် များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပမာအားဖြင့် ဆိုရလျင် ဇော်ဂျီသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ(End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။
ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ အရေးကြီး အဆင့်အတန်း သတ်မှတ်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ်လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ်၏ စံသတ်မှတ် ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများနှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက် ထုတ်လုပ်ရန် သာဖြစ်သည်။ ထိုအချက်များ မပါရှိပဲ ဆက်လက်ထွက်ရှိမည့် ဗားရှင်း အသစ်များသည်လည်း ယခုအတိုင်းသာ ဖြစ်နေပါက ရေရှည်တွင် ကွန်ပြူတာသုံး မြန်မာစာ စနစ်အတွက် ကြီးမားသော အခက်အခဲ နှင့် အဟန့် အတား တစ်ခုအဖြစ် ပေါ်ပေါက်လာရန် မရည်ရွယ်ပဲ အားထုတ်နေမိ သကဲ့သို့ ရှိနေပေလိမ့်မည်။
ပုံ (၄) ယူနီကုဒ် ၅.၁.၀ တွင် သတ်မှတ်ထားသော မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
Myanmar Characters in Unicode 5.1
Positions of Myanmar Characters in Unicode 5.1
ပုံ (၅) လက်ရှိ အသုံးပြုနေသော ဇော်ဂျီ မြန်မာ ယူနီကုဒ် ၏ မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
Zawgyi Font Character Map
Character Map of Zawgyi Font
ပုံများ- ယူနီကုဒ် ၅.၁.၀ စံသတ်မှတ်ချက်များ နှင့် ဇော်ဂျီတို့၏ အသုံးပြုပုံ ကွဲလွဲနေခြင်းအား သရုပ်ပြပုံ
ယခုလက်ရှိ အနေအထားတွင်မူ ဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိက သတင်း ဝဘ်ဆိုဒ်ကြီးများ ကိုယ်တိုင် အလေးထား သုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင် လတ်တလော အနေဖြင့် အလွန့်အလွန်မှပင် အဆင်ပြေလျက် ရှိနေခြင်းမှာ အငြင်းပွားဖွယ် မရှိသော အချက်ဖြစ်သည်။ သို့သော် အမှန်တစ်ကယ် အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များ အတိုင်း လိုက်နာထားသော လူသုံးများ ဆော့ဖ်ဝဲရ်များ၊ ပင်မ မောင်းနှင်စနစ်များ (Operating Systems)၊ ဝဘ်ဆိုဒ် ဖွံ့ဖြိုးခြင်း နည်းပညာများ (Web Development) ၊ ဘာသာစကား အဘိဓာန်များ (Lexicon)၊ အလိုအလျောက် ဘာသာပြန်ဆိုခြင်း(Machine Translation) လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ကား လွန်စွာမှ အလှမ်းဝေးလျက် ရှိပြီး လက်ရှိ ဇော်ဂျီကို အသုံးပြုနေသော ဝဘ်ဘလော့ဂ်များ၊ သတင်းဆိုဒ်ကြီးများ၊ တစ်ကိုယ်ရေ အသုံးပြုသူများ အနေဖြင့် မိမိ၏ လတ်တလော အဆင်ပြေမှုထက် ကျော်လွန်၍ ဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ် ကာလအထိ စဉ်းစားရန်မှာ လွန်စွာမှ ပြုလုပ်သင့်သော အချက်တစ်ခု ဖြစ်သည်။ ထင်သာမြင်သာ အရှိဆုံး နှင့် အခြေခံ အကျဆုံး ဥပမာ ပေးရလျင် ယခု ကျွန်ုတို့ အနေဖြင့် ဂူဂဲယ်လ် ဘာသာပြန် စာမျက်နှာ သုံးပြီး ယူနီကုဒ် စံသတ်မှတ်ချက် အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာများအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာ ပြောင်းလဲ ကြည့်ရှုနိုင်၏။ မကြာတော့သော ကာလတွင် ယူနီကုဒ် ၅.၁.၀ ကိုလိုက်နာသော မြန်မာစာ စနစ်အား အဓိက ဆော့ဖ်ဝဲရ် ကုမ္ပဏီကြီးများ ထည့်သွင်း အသုံးပြုလာကြပြီး သကာလတွင် လက်ရှိ ဇော်ဂျီသုံး ဝဘ်စာမျက်နှာများ အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ လူများ ထိုသို့ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ခွင့် ရပါမည်လော။ စဉ်းစားဖွယ် ဖြစ်၏။
×××××××××××××××××××××
ဆက်လက် ဖော်ပြပါမည်…
ရည်ညွှန်း ကိုးကား
(က) မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)
(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha Mandalay, UniBurma Project, UniMM, KeyMagic Project, MMLT Progects )
From…..http://nweminthit.blogspot.com/2009/05/blog-post_8518.html
ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၂)
အပိုင်း (၂)
ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)
(ဃ) မိုင်မြန်မာ (MyMyanmar)
Technomation Studio ဟု အမည်တွင်သော တက်ကြွသည့် လူငယ်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ အိုင်တီကုမ္ပဏီ တစ်ခုမှ ၂၀၀၅- ခုနှစ်တွင် မိုင်မြန်မာ ယူနီကုဒ် စနစ် ၄.၁ (MyMyanmar Unicode System 4.1)ကို တီထွင်ဖန်တီး နိုင်ခဲ့သည်။ ကိုယ်ပိုင် ဖောင့်ထ်၊ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် တို့ဖြင့် သားသားနားနား ထွက်ရှိလာခဲ့သော မိုင်မြန်မာသည် ယူနီကုဒ် ၏ ထိုအချိန်က စံနှုန်းများကိုလည်း အတိအကျ လိုက်နာထားကြောင်း သိရှိရပြီး အခမဲ့ နှင့် ရောင်းချသော ဗားရှင်း ဟူ၍ ၂-မျိုး ရှိခဲ့သည်။ စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည့် အသုံးပြုသူများအား မိုင်မြန်မာ၏ ထိုစဉ်က အခမဲ့ဗားရှင်းက ကွန်ပြူတာ အတွင်း ထည့်သွင်း အသုံးပြုပြီး ပြန်လည် ထုတ်ပယ်ရန် ခွင့်မပြုခြင်း၊ ရယူ အသုံးပြုရန် လွယ်ကူမှု မရှိခြင်း ဟူသော အချက်များနှင့် ပြန်လည် တုံ့ပြန်ခဲ့သဖြင့် ကွန်ပြူတာ အသုံးပြုသူတို့ မြန်မာ ယူနီကုဒ် စနစ်တစ်ခု အပေါ် မျှော်လင့်ချက်များ ညှိုးမှိန်ကာ တစ်ဖန် လက်မှိုင်ချ ခဲ့ကြရ၏။
မြစေတီ ပြီးနောက် မြန်မာ လူမျိုးများ ဖန်တီးသော ယူနီကုဒ် စနစ်များထဲတွင် အသပ်ရပ်ဆုံး နှင့် ကိုယ်ပိုင် အဖြစ်ဆုံး ယူနီကုဒ် ဖြစ်သော်လည်း မိုင်မြန်မာသည် အထက်တွင် ပြဆိုခဲ့သော မြစေတီယူနီကုဒ် မှ အမှားကိုပင် ထပ်မံ သယ်ဆောင် လာခဲ့ပြန်၏။ ၎င်းကား စီးပွားရေး လုပ်ငန်းသုံးများ အတွက်သာ အဓိက ရည်ရွယ်ထားခြင်း ဟူသော အချက် ဖြစ်သည်။ ၂၀၀၇- ခုနှစ်တွင် ထပ်မံ ထွက်ရှိလာခဲ့သော မိုင်မြန်မာ ဒုတိယမျိုးဆက် (MyMyanmar2G) သည် မြန်မာ စကားလုံးများ စစ်ဆေးခြင်း၊ ဘားဂလစ်ရှ် အဘိဓာန် ( မြန်မာစာအသံထွက်ကို အင်္ဂလိပ် စာလုံးဖြင့် ပေါင်းပြီး ရှာဖွေ အသုံးပြုနိုင်သော စနစ် )၊ ကိုယ်ပိုင် ကီးဘုတ်၊ ကိုယ်ပိုင်ဖောင့် နှင့် ကီးဘုတ်တွင် ရိုးရိုးလက်ကွက် တစ်မျိုး၊ စာလုံးများအား အသံထွက် အလိုက် ရိုက်နိုင်သော ပန်းသီး ကွန်ပြူတာသုံး လက်ကွက် တစ်မျိုး စသဖြင့် တိုးတက် ထည့်သွင်း ပါရှိခဲ့သော်လည်း ယခင်ဗားရှင်း အတိုင်းပင် ထည့်သွင်းပြီး ပြန်လည် ဖြုတ်ချ မရသော ပြဿနာများ ၊ အခြား ယူနီကုဒ်များ နှင့် ယှဉ်တွဲ အသုံးပြုမရသော ပြဿနာများ၊ စီးပွားရေး သုံးအတွက်သာ အဓိက ရည်ရွယ်ထားခြင်း စသော ပြဿနာများဖြင့် အသုံးပြုသူများ ကြားတွင် စိတ်မသက်သာဖွယ် ဖြစ်ခဲ့ရ ပြန်သည်။
(င) အခြား မြန်မာ ယူနီကုဒ်များ နှင့် မြန်မာယူနီကုဒ် ဖွံ့ဖြိုးရေး ပရောဂျက်များ (Other Myanmar Unicode Fonts & Myanmar Unicode Development Projects)
ထိုသို့ မြန်မာယူနီကုဒ် ကို တည်တည်တံ့တံ့နှင့် မြန်မာအားလုံး အလွယ်တစ်ကူ အသုံးပြုလာနိုင်ရေး ကြိုးပမ်းမှုများ တွင် အောက်ပါ မြန်မာ ယူနီကုဒ် များ နှင့် အဖွဲ့အစည်းများလည်း မိမိနည်း မိမိဟန်ဖြင့် ပါဝင်ကြိုးပမ်း ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။
၁။ ပိတောက် မြန်မာယူနီကုဒ် ဖောင့်ထ် - မြန်မာ လူမျိုး မဟုတ်သော Martin နှင့် Debbi Hosken တို့မှ ဖန်တီး ထုတ်လုပ်ပြီး ယူနီကုဒ် ၅.၁.၀ နှင့် ကိုက်ညီမှုရှိကာ Keyman Keyboard အသုံးပြုထားသော စီးပွားရေး လုပ်ငန်းသုံး အတွက် ပိုမို ရည်ရွယ်ထားသည့် ပိတောက်ဖောင့်ထ် ကို သံလွင့်ဆော့ဖ် စာမျက်နှာ တွင် သွားရောက် လေ့လာနိုင်သည်။
၂။ ပုရပိုဒ် မြန်မာယူနီကုဒ် ဖောင့်ထ် - မြစေတီ ကို ထုတ်လုပ်သော Solveware Solution Company မှပင် တီထွင် ထုတ်လုပ် ဖြန့်ချီပြီး GPL နှင့် Creative Common License များအောက်တွင် အခမဲ့ ဖြန့်ချီသည်ဟု ပုရပိုဒ်၏ ဝဘ်စာမျက်နှာ တွင် ဖော်ပြထားသည်။
၃။ မေခ နှင့် မလိခ ဖောင့်ထ်များ - ယူနီကုဒ် စံသတ်မှတ်ချက် ၄.၁ နှင့် ကိုက်ညီပြီး Solveware Solution မှ ထုတ်လုပ်ဖြန့် ချီသော စီးပွားရေး လုပ်ငန်းသုံး (အခမဲ့ မဟုတ်) အမျိုးအစားဖြစ်သည်။
၎။ ယူနီမြန်မာ နှင့် ယူနီဘားမား ဖောင့်ထ်များ - အဖွဲ့ဝင် ငါးဦးပါရှိပြီး ယူနီမြန်မာနှင့် ယူနီဘားမား အမည်ရှိ စွယ်စုံသုံး (Cross Platform- Windows, Mac OS, Linux) မြန်မာ ယူနီကုဒ် စနစ်တစ်ခု ဖြစ်လာစေရေး လေ့လာမှုများ ပြုလုပ်နေကြသော ယူနီမြန်မာ အဖွဲ့မှ ထုတ်လုပ် ဖြန့်ချီပြီး တန်ဖိုး အခမဲ့ ဖြစ်သည်။
၅။ ပုည ယူနီကုဒ် ဖောင့် - ၎င်း၏ မူလ စာမျက်နှာကို လတ်တလောတွင် ဝင်ရောက် ကြည့်ရှုမရ ဖြစ်နေပြီး ဖောင့်ထ် ကို ဒေါင်းလုဒ် လုပ်ရန် အတွက်လည်း ပိတ်ပင်ထားကြောင်း တွေ့ရှိရသည်။ ယခင်က ပုည ယူနီကုဒ်ကို မြန်မာ ဘလော်ဂါ တို့ စတင် စမ်းသပ် သုံးစွဲခဲ့ကြသေးကြောင်း အထောက် အထား တစ်ရပ်အဖြစ် ကိုမောင်လှ၏ ဘလော့ဂ်စာမျက်နှာ တွင် သာ ဝင်ရောက် ဖတ်ရှုနိုင်တော့ကြောင်း တွေ့ရှိရသည်။
၆။ မြန်မာဘာသာစကား နည်းပညာ - မြန်မာတတ်သိများ (MM Geeks Fourm) အဖွဲ့၏ “မျက်နှာစာ ဝဘ်စာမျက်နှာ” (Portal WebPage) တစ်ခုဖြစ်ပြီး မြန်မာ ယူနီကုဒ်များ အတွက် တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ပြောင်းလဲရန် ကွန်ဗာတာ ဆော့ဖ်ဝဲရ်များ၊ ဘားဂလစ်ရှ် (Burglish) ခေါ်သည့် မြန်မာ အသံထွက်ကို အင်္ဂလိပ် လို တိုက်ရိုက်ရိုက်ပြီး မြန်မာစာလုံးများ ကို မိမိစိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်သော ဆော့ဖ်ဝဲရ်များ၊ Keyman ခေါ် လက်ကွက် အကူ ဆော့ဖ်ဝဲရ်များ စသဖြင့် ကွန်ပြူတာသုံး မြန်မာစာ စနစ်များ အတွက် မိမိတို့ဝါသနာ အလျောက် အထောက်အကူပြု ပရောဂျက်များ ဖြင့် စုပေါင်း တီထွင်မှုများ ပြုလုပ်ကာ အခမဲ့ ဖြန့်ချီပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။ မြန်မာဘာသာစကား နည်းပညာ အဖွဲ့၏ ထင်ရှားသော လေ့လာမှု တစ်ခုအဖြစ် ယခု လက်ရှိ မြန်မာယူနီကုဒ် အသီးသီးတို့၏ ကွဲလွဲနေမှုများအား နှိုင်းယှဉ် ပြသထားသော Myanmar Unicode Implementation Public Awareness Table အမည်ရှိ ဤဇယား အား ညွှန်းဆိုလို၏။
×××××××××××××××××××××××××××××××
ဆောင်းပါး ပေါင်းချုပ် ဖတ်ရှုရန်!
“ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ ဆောင်းပါး” များ အပါအဝင် ကျွန်တော်ရေးခဲ့သမျှ ယူနီကုဒ် နှင့် မြန်မာ ဖောင့်ထ် အကြောင်းများ အားလုံး နှင့် အပြီးသတ် နှင့် သုံးသပ်လေ့ချက်ဆိုင်ရာ နိဂုံးအပိုင်းကို ဖတ်ရှုရန် အတွက် ဆောင်းပါး ပေါင်းချုပ်ကို စာတမ်း တစ်စောင် သဖွယ် ပြုစုထားသော “ယူနီကုဒ်မြင်းရိုင်းနှင့် ဘိုင်နရီခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု စာတမ်း” အား ဤနေရာတွင် အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်၍သော်လည်းကောင်း၊ အွန်လိုင်းပေါ်တွင်ပင် လည်းကောင်း ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ရည်ညွှန်း ကိုးကား
(က) မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)
(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha Mandalay, UniBurma Project, UniMM, KeyMagic Project, MMLT Progects )
From….http://nweminthit.blogspot.com/2009/05/blog-post_02.html
ယူနီကုဒ်နှင့်မြန်မာလန်းဂွေ့
ကျွန်တော့် ရဲ့ တတိယ အကြိမ်ပြောင်းရွှေ့ခြင်း အဖြစ် ဝါ့ဒ်ပရက်စ် ဘလော့ဂ် ကို မြန်မာ-၃ ဖောင့်ထ် နဲ့ အပြည့်အဝ ရေးနိုင်ဖို့ ဒီဘလော့ဂ် အသစ်ကို ထပ်မံ ဖန်တီး လိုက်ပါတယ်။ Feed မှ တစ်ဆင့်၊ အီးမေးလ် မှ တစ်ဆင့် ယူဖတ်သူများ အတွက်ဘာမှ ပြောင်းလဲစရာ မလိုသလို၊ ယူနီကုဒ် ဖောင့်ထ်နဲ့ လုံးဝအပြည့်အဝ ရေးထားတာ ဖြစ်ပေမယ့် ဇော်ဂျီနဲ့ပါ ဖတ်လို့ရအောင် မြန်မာဖောင့်ထ် ကွန်ဗာတာ တစ်ခုကို ဘလော့ဂ် ညာဘက် အပေါ်ထောင့် မှာ တပ်ဆင်ပေးထားပါတယ်ခင်ဗျာ။
ယခင် ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ် အဟောင်းက ပို့စ်များကိုလည်း ယခင်အတိုင်းပဲ ဒီလိပ်စာအသစ်နဲ့ ဆက်လက်ဖတ်ရှုနိုင်ပြီး တစ်ချို့ သရုပ်ပြပုံတွေ ပျောက်သွားတာ၊ မတွေ့တာတွေ အတွက် ကျွန်တော် အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ပြန်လည် တပ်ဆင်ပေးသွားပါမယ်။
ယခု ဒီဘလော့ဂ်ကို ကူးထည့်ထားတဲ့ ” ယူနီကုဒ်နှင့် မြန်မာစာယဉ်ကျေးမှု ” ဆိုတဲ့ ပို့စ်က ကောမန့်များ၊ နောက် တစ်ခြားလိုအပ်ချက်များ အားလုံးကိုလည်း အတတ်နိုင်ဆုံး အမြန်ဆုံး နဲ့ အဆင်ပြေဆုံး ဖြစ်အောင် ဖြည့်သွင်း တပ်ဆင်သွားမယ် ဆိုတဲ့ အကြောင်း လေးလေးစားစား အကြောင်းကြားလိုက် ပါကြောင်း ခင်ဗျား။
လာရောက်၊ လည်ပတ် ဖတ်ရှုခြင်း အတွက် အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ကျွန်တော့် ဘလော့ဂ်ကို အောက်ပါ ယခု ပို့စ်မှ စတင်ကာ ယူနီကုဒ်စနစ်သုံး မြန်မာဖောင့်များ ပြောင်းရေးနေပြီ ဖြစ်၍ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သော မြန်မာ ဆီးရီး ဖောင့်ထ်များ ( မြန်မာ ၁၊ ၂၊ ၃)၊ ပုရပိုဒ် ဖောင့်ထ် သို့မဟုတ် ပိတောက် ဖောင့်ထ် တစ်ခုခုအား မိမိ စက်ထဲတွင် ထည့်သွင်းထားမှ အဆင်ပြေပါမည်။ ယခု ပို့စ် မတိုင်မှီ ပို့စ် အဟောင်းများ အားလုံးကိုမူ ဇော်ဂျီဖြင့်ပင် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ယခုပို့စ်မှ စတင်ကာ နောက်ဆက်လက် ရေးသားမည့် ပို့စ်များအား ဖတ်ရှုရန် အတွက် အထက်ပါ ဖောင့်ထ်များ မိမိစက်ထဲတွင် ရှိနေရန် လိုအပ်မည်ဖြစ်သည်။
အဆိုပါ ယူနီကုဒ် စနစ်သုံး ဖောင့်ထ်များအား ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် စာရိုက်သည့် လက်ကွက်ဆော့ဖ်ဝဲရ် အင်စတောလ် လုပ်စရာ လုံးဝ မလိုပါ။ အခြား မိမိ လက်ရှိ သုံးနေသော ဇော်ဂျီ အစရှိသည့် ဖောင့်ထ် နှင့် လက်ကွက်များကိုလည်း ဖယ်ရှားရန် မလို ပြဿနာတက်ရန် မရှိ သည့် အတွက် အသုံးပြုရန် အလွန်ပင် လွယ်ကူပါသည်။
ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်ထ် များကို ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် အောက်ပါ အဆင့် (၂) ဆင့်ဖြင့်လုပ်ဆောင်ရုံဖြင့် လုံလောက်ပါသည်။
(၁) မြန်မာ-၃၊ သို့ ၊ ပုရပိုဒ်၊ သို့၊ ပိတောက် ဖောင့် တစ်ခုခုကို ဒေါင်းလုဒ်ချပါ။ ဒေါင်းလုဒ်ချပြီးလျင် ဖိုင်တစ်ထုပ်ရရှိလာမည် ဖြစ်ပြီး ၎င်းဖိုင်ထဲတွင် OpenType Font File တစ်ခုစီ ကိုတွေ့ရပါမည်။
(၂) ၎င်း ဖောင့်ထ် ဖိုင်ကို ဝင်းဒိုးစ်၏ Start မှ တစ်ဆင့် Control Panel ထဲရှိ Font ဆိုသော Folder ထဲသို့ Copy & Paste လုပ်လိုက်ရုံသာ ဖြစ်ပါသည်။
သို့မဟုတ်ပါကလည်း ၎င်း ဖောင့်ထ် ဖိုင်ပေါ်တွင် Right Click လုပ်ပြီး Install လုပ်ခြင်ဖြင့် အလွယ်တစ်ကူ မိမိစက်ထဲတွင် Install လုပ်ပြီး ဖြစ်စေပါမည်။
ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်များ အား မိမိကြိုက်နှစ်သစ်ရာ ဖောင့်ထ် ကိုဒေါင်းလုဒ် လုပ်ရန် အတွက် အောက်ပါ ဝဘ်စာမျက်နှာတွင် အသင့် စုစည်းထားရှိပြီး လွယ်လင့်တစ်ကူ ဒေါင်းလုဒ် လုပ် အသုံးပြုနိုင်ပါသည်။
>> Download Unicode Standard Myanmar Fonts
From… http://nweminthit.blogspot.com/2009/04/blog-post_29.html
Credit>>> lwamwaynaing
Read more...
✔ယူနီကုဒ်​✔
0 comments
image
နံပါတ်(၁)
ယူနီကုဒ်ရဲ့ အဆင့်အတန်းများ အမြဲတမ်းပြောင်းကြတယ်။
ခုနှစ်တိုင်း အင်တာနက်က ဆက်ပြောင်းပါတယ်။ ပြောင်းတော့ သဟဇာတဖြစ်ခြင်းရဖို့ updates နဲ့ upgrades ဖြစ်သင့်တယ်။ ယူနီကုဒ်အနေနဲ့လည်း ဘာသာစကားများစွာနဲ့သဟဇာတဖြစ်ခြင်းရှိအောင် updates နဲ့ upgradesလုပ်ရတယ်။ ၁၉၉၁ခုနှစ်မှာ ယူနီကုဒ်ရဲ့ ပထမ အဆို (version)က “The Unicode Standard” (ယူနီကုဒ်အဆင့်အတန်း)လို့ခေါ်တယ်။ အခုတော့ အခေတ်အဆန်ဆုံးတဲ့အဆိုက ယူနီကုဒ် ၆.၂ဖြစ်ပါတယ်။
ဦးဆုံးမှာ ယူနီကုဒ်ရဲ့အဆင့်အတန်းမှာ အက္ခရာတွေ ၂၄ခုဘဲရှိတယ်။ အခုတော့ အက္ခရာတွေ ၁၀၀လောက်ရှိတယ်။ မြန်မာအက္ခရာအနေနဲ့ ၁၉၉၉ခုနှစ်မှာ ယူနီကုဒ် အဆို ၃.၀ ကို ဝင်လိုက်တယ်။ ၂၀၀၈ခုနှစ်မှာတော့ ယူနီကုဒ်အဆို ၅.၁တွင် မြန်မာအက္ခရာကိုပြောင်းနည်းနည်းပေးထားတယ်။ ဇော်ဂျီဖောင့်ကတော့ ယူနီကုဒ် ၅.၂ရဲ့ အဆင့်အတန်းတွေနဲ့မရှိမို့လို့ တခြားဖောင့်တွေကိုသုံးတာ (ဥပမာ ပိတောက်၊ မြန်မာ၃၊ စသည်ဖြင့်…) ဇော်ဂျီကိုသုံးထက်ပိုကောင်းတယ်။
နံပါတ်(၂)
ယူနီကုဒ်လိုရေးတာပိုလွယ်တယ်လေ။
ဥပမာတစ်ပုဒ်ပေးမယ့်…  ဇော်ဂျီလို့ “လို့” ရေးချင်တယ်ဆိုရင် V+K+D+Yတွေကိုနှိပ်တာကလိုအပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇော်ဂျီဖောင့်လို အောက်ကမြင် (့)မှာ နေရာသုံးရာရှိတယ် (h၊ Y၊ နဲ့ U)။ မြန်မာယူနီကုဒ်မှာတော့ နေရာတစ်ရာရှိတာဘဲ (h)။ နေ့ = aeh ကောင့်=aumifh
ပြီးတော့လည်း သိပ်မသုံးတဲ့အက္ခရာတွေလည်း နှိပ်တာ လွန်းလွယ်ပါတယ်။ (၍=I ဩ=] ဦ=M စသည်ဖြင့်…)
အောက်မှာရေးတဲ့အက္ခရာတွေကိုလည်း ရေးတာလွန်းလွယ်တယ်။ ဥပမာ… ဒုက္ခ= KkuFc မေတ္တာ= arwFwm
“ခဏစောင့်ပါ… Fက အောက်မှာရေးတဲ့အက္ခရာတွေအတွက်ဆိုရင် ဘယ်လို့ မင်္ဂလာပါ့လို့ရေးနိုင်မလဲ”လို့ စဉ်းစားနေတယ်ဆိုရင် စိတ်မပူကြပါနဲ့နော်။ ကျွန်တော်အတွက်လည်း ဦးဆုံးမှာ ခက်ခဲပါတယ်။ မင်္ဂလာပါ= rifF*vmyg (မင်+F+ဂလာပါ)လို့ရေးဖြစ်ပါတယ်ဗျာ့။
နံပါတ် ၃: ဇော်ဂျီဖောင့်မှာ Copyrightပြဿနာရှိတယ်။
အခု ကျွန်တော့် Firefoxမှာ ဇော်ဂျီရဲ့ renderingက သိပ်မကောင်းမို့လို့ ကျွန်တော် SaturnGodရဲ့ ဘလောဂ်ကိုရှာပြီးတော့ ဒီပုစ်တ်ကိုတွေ့ပြီ။
Firefox ကို ဇော်ဂျီ နဲ့ သုံးမရတာနဲ့ ချက်ခြင်း firefox ရဲ့ bugzilla မှာ report တင်ခဲ့ပါတယ်။
Jonathan Kew က ဒီလို ပြန်ဖြေထားပါတယ်။
The issue here is that the Zawgyi-One font lacks proper layout tables for Myanmar. When loading fonts for “complex” scripts (that require appropriate glyph shaping for correct rendering), Firefox on OS X checks whether the font has the necessary tables, and if not, it will skip it and fall back to a different font.This font is apparently using the Unicode Myanmar codepoints, but is designed to be used -without- proper shaping support, by instead encoding the text in a “visual” way rather than properly following the Unicode standard for representing Myanmar text.
We’re not going to invest time in trying to support hacks like this. There is a Unicode standard for Myanmar, and an increasing number of fonts that support it. That’s what people should be using for interoperable Myanmar text on the web.
(One other thing: I notice that this font appears to be based on a hacked version of Microsoft’s Tahoma; as such, I suspect that it is in breach of the Tahoma license terms.
အလွယ်ပြောရရင်တော့ ဇော်ဂျီ က unicode standard မလိုက်နာထားတဲ့အတွက် ပြဿနာ ဖြစ်နေရပါတယ်။ နောက်ပြီး ဇော်ဂျီ font က Microsoft ရဲ့ Tahoma ကို hacked လုပ်ထားတဲ့ version ဖြစ်တဲ့အတွက် Tahoma license နဲ့ ညှိနေပါတယ်။ ဒါကြောင့် သူတို့တွေ fix မလုပ်ပါဘူးလို့ ဖြေထားပါတယ်။
http://www.saturngod.net/nothing/firefox-wont-fix-zawgyi-issue-on-mac
ကျွန်တော်က Macမသုံးပေမယ့် ကျွန်တော်မှာလည်း ဒီပြဿနာရှိနေတယ်။ ကို Kewရဲ့စကားတွေက မှန်တယ်ဆိုရင် ကျွန်တော့် ဘလောဂ်ပေါ်မှာ ဇော်ဂျီမသုံးရင်ပိုကောင်းမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Microsoftနဲ့ တရားစွဲဆိုမှုမရှိချင်ဘူးကွာ။ Bill Gatesက ချမ်းသာတယ်ပြီးတော့ ကျွန်တော်မှာ ပိုက်ဆံလုံးဝမရှိဘူးကွယ်။ (ရှိရင် ဗမာပြည်ကိုသွားမှာပေါ့။)
-ကျွန်တော့် ယူနီကုဒ်ပြဿနာ-
ပြဿနာတစ်ခုကတော့ အွန်လိုင်းကမ္ဘာမှာ အသုံးအပြုဆုံးတဲ့ဖောင့်က ဇော်ဂျီဖြစ်တယ်။ ဒါကြောင့် နည်းနည်းလိုအပ်နေတယ်။ ကျွန်တော့် Firefoxထဲကို ဇော်ဂျီဖောင့်မှ ယူနီကုဒ်ဖောင့်သို့ ပြောင်းပေးခြင်း programသုံးနေပေမယ့် မပြည့်စုံဘူး။ အကုန်လုံးကိုမပြောင်းဘူးကြောင့် ကျွန်တော့်ရဲ့ Settingsမှာ Default Fontအနေနဲ့ ဇော်ဂျီကို၎င်း ပိတောက်ကို၎င်း ခဏခဏပြောင်းရတယ်။ စိတ်ညစ်စရာဘဲကွ။ (ပိုကောင်းတဲ့ converterအကြောင်းသိရင် ပြောပေးပါ။)
ဟုတ်ကဲ့ ဒါဘဲနော်။ ကျွန်တော်မျှော်လင့်တာက ခင်ဗျားတို့ အားလုံး ယူနီကုဒ်ဖောင့်ကိုပြောင်းပေးလိမ့်မယ်။ အဲ့ဒါဖြစ်ရင် ကျွန်တော်တို့ အားလုံး ဇော်ဂျီအကြောင်းမေပစ်နိုင်လိမ့်မယ်။
Credit>>>ကိုဝင်းဟိန်း
Read more...
✔ကွန်​ပြူတာနှင့်​မျက်​စိ✔
0 comments
image
အခုအချိန်မှာ နည်းပညာပိုင်းဟာအရင်နဲ့စာရင် ပိုပြီးခေတ်မီတိုးတက်လာတဲ့အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ iPad စတာတွေကို အသုံးများလာကြပါတယ်။ အထူးသဖြင့် လူငယ်၊ လူရွယ်တွေဆိုရင် ရုံးမှာလည်း ကွန်ပျူတာရှေ့ အလုပ်လုပ်၊ အိမ်မှာလည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ iPadသုံး စတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် မျက်စိဝေဒနာတွေ အဖြစ်များလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံးများသူ တွေမှာ မျက်စိဝေဒနာ ကင်းစင်သက်သာစေဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ရန်ကုန်၊ မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ပါမောက္ခ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာ အသုံးများတာကြောင့် မျက်စိယားတာ၊ မျက်စိညောင်းညာတာတို့ ဖြစ်တတ်ပါသလား ဆရာ။
ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ အသုံးများတဲ့သူတွေမှာ အများဆုံး ဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ(Eye Strain) ပဲဖြစ်ပါတယ်။
မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးကကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူးတစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကိုလိုသလို ရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကွန်ပျူတာကို ကြည့်သင့်ပါတယ်။ စာလုံးအရွယ်အစား ကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစား သေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင်ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီ အများစုကထားလေ့ ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။
မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးသင့်ပါသလဲ ဆရာ။
မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကို ကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။ မျက်စိက စုကြည့်နိုင်တဲ့ အစွမ်း(Convergence Power)က ၂၀မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAo( American Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။၂၀-၂၀-၂၀(၂၀,၂၀,၂၀) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန်မိနစ်၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲ ရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀အကွာကို ကြည့်ရမလဲ ဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံဖောက်ပြီး မှန်ကြည့်ရပါမယ်။ ကွန်ပျူတာသုံးရင်း မိနစ် ၂၀ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကိုရောက်ဖို့ နားနားပြီး တက်ရသလိုပါပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို Intermittent Relaxationလို့ ခေါ်ပါတယ်။
ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြားဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။
ဆရာတို့ စာဖတ်တဲ့အခါ စာရွက်ကဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်းပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။
ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေများပါသလားဆရာ။
အခုဆိုရင် ညနေပိုင်းလောက်မှာ လူနာလာပြတဲ့အခါ လက်တော့ပ်အိတ်လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။
သူတို့က ဘာပြောတတ်သလဲဆိုရင် ‘ မျက်မှန်တပ်ချင်တယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေ အများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်လောက်လည်းကြာရော မျက်မှန်လည်းချွတ်လို့မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။
ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းရသလဲ ဆရာ။
မျက်စိစမ်းသပ်မှုမှာ လူနာအများစုက မျက်မှန်ပါဝါကိုပါ စမ်းသပ်ပြီး မျက်မှန်ပေးလိုက်မှ ကျေနပ်ကြတာ များပါတယ်။ မုန့်ဟင်းခါးစားရင် ဟင်းရည်အဆစ်တောင်းလိုက်ရမှ ကျေနပ်သလိုမျိုးပါပဲ။ ဆရာတို့ကလည်း မျက်မှန်မလိုပဲနဲ့ မပေးချင်ပါဘူး။ မျက်မှန်လို မလိုဆိုတာ စမ်းသပ်လိုက်ရင် သိပါတယ်။ မလိုမှန်း သိရက်နဲ့ မျက်မှန်ကို မပေးချင်ပါဘူး။ဒါပေမယ့် လူနာတွေက မကျေနပ်ကြဘူး။ မျက်မှန်မလိုဘူး ဆိုပေမယ့် ကျွန်တော့်မျက်စိက ညောင်းတုန်းပဲလို့ ဆရာတို့ကို ပြန်မေးတာ ကြုံဖူးပါတယ်။ တကယ်တော့ လူနာအများစုရဲ့ စိတ်ထဲမှာ ကွန်ပျူတာကို မနားဘဲသုံးလို့ မျက်စိညောင်းတာကို မျက်မှန်လိုတယ်လို့ပဲ ထင်နေကြတာပါ။ တကယ်က မျက်မှန်တပ်စရာမလိုပါဘူး။ ဆရာ စောစောကပြောသလို အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးလိုက်ရင် မျက်စိညောင်းတာ သက်သာသွားမှာ ဖြစ်ပါတယ်။
ကွန်ပျူတာအသုံးများတဲ့သူတွေကို ဘာပညာပေးလိုပါသလဲ ဆရာ။
ကွန်ပျူတာ အသုံးများလို့ မျက်စိညောင်းတယ်ဆိုတာ ဥပမာပြောရရင် လူတွေ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းရော… လမ်းလျှောက်တာကို ရပ်နားလိုက်မှ သက်သာတယ်။ အဲဒီသဘောပါပဲ။ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ မျက်စိကို ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် လက်ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်တွေလုပ်နေရတာပါပဲ။ ကွန်ပျူတာသုံးတာလို မျက်စိအတွက် ကြီးတဲ့တာဝန်(Heavy Duty) တွေ မလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ်(Light Duty) ကိုတော့ မျက်စိဖွင့်လိုက်ပြီ ဆိုကတည်းက လုပ်နေရတာပါပဲ။ အဲဒီတော့ ကွန်ပျူတာသုံးသူတွေအနေနဲ့ မျက်စိညောင်းညာတာ မဖြစ်အောင် လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာအဝေးကို စက္ကန့် ၂၀ ကြာကြာငေးကြည့်တဲ့နည်းနဲ့ ပုံမှန်အနားပေးပါလို့ အကြံပြုလိုပါတယ်။
(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ သြဂုတ်လထုတ် အာရောဂျံမဂ္ဂဇင်း အမှတ်(၂၆၅) မှ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)ရေးသားသော ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
Read more...
✔iTag v2.0.9✔
0 comments
image
-mp3 music သီချင်း​နောက်​ခံမှာမိမိနှစ်​သက်
ရာphotoပုံ​တွေထည့်​လို့ရပြီး၊title၊artist,
album​တွေကိုလွယ်​ကူမြန်​ဆန်​စွာပြုလုပ်​နိုင်​​စေ
မယ့်​"iTag v2.0.9"ဆိုတဲ့application
လေးတစ်​ခုတင်​​ပေးလိုက်​ပါတယ်​-
-​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူသွားပါ-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.solidfiles.com/d/366484c59f/iTag-2.0.9-Kozawthwin.apk
     အဆင်​​ပြေပါ​စေ။
           ကို​ဇော်​သွင်​(နည်းပညာ)
Read more...
✔Hola Free Vpn Apk v1.5.752(updated)✔
0 comments
image
-ပိတ်​ထားတဲ့ website​တွေ၊app ​တွေနဲ့ video
ဆိုဒ်​​တွေကို၊​ကျော်​ခွဖြတ်​​သန်းဝင်​​ရောက်​လို့
ရ​စေမယ့်​ "Hola Free Vpn"ဆိုတဲ့
vpn​ကျော်​တဲ့
unblocker vpn ​ဆော့ဖ်​ဝဲ​​နောက်​ဆုံး updated
ဆော့ဖ်​ဝဲ​လေးတစ်​ခုကိုတင်​​ပေးလိုက်​ပါပြီ။
ပိတ်​ပင်​ထားတဲ့ဆိုဒ်​​တွေကို​ကျော်​ပြီးဝင်​တဲ့အခါ
မှာလည်း၊browser ကိုလျှင်​မြန်​သွက်​လက်​စွာ
နဲ့ဝင်​​ရောက်​နိုင်​​အောင်​ support လုပ်​​ပေးနိုင်
တာကို​တွေ့ရပါတယ်​။
unblock လုပ်​ထားတဲ့ဆိုဒ်​​တွေကို၊​ကျော်​ဖို့
အတွက်​နဲ့၊browser လျှင်​မြန်​စွာဝင်​​ရောက်
နိုင်​ဖို့အတွက်​​ application ​ကောင်း​လေး
တစ်​ခုပဲဖြစ်​ပါတယ်​-
-ဒါ့အပြင်​ pingerတို့၊text nowတို့၊text plusတို့်၊
upptalk ​စတဲ့​ဆော့ဖ်​ဝဲများမှာအ​ကောင့်​န်​​ဖောက်
ဖို့မှာvpn​ကျော်​ဖို့ရန်​အတွက်​လည်းအသုံးပြုနိုင်​မှာ
ဖြစ်​ပါတယ်​။ဒီapkကိုအသုံးပြုဖို့အတွက်​မိမိဖုန်းမှာ
root access ရရှိပြီးသားဖြစ်​ဖို့်လိုပါမယ်​။
★အသုံးပြုနည်းက​တော့★
-Hola Apk ကိုinstallလုပ်
-Apk ထဲကိုဖွင့်​ဝင်
-Root ​တောင်းရင်​Allow(or)Grand ​ပေး
-​သော့ခတ်​ထားတဲ့ပုံ​နေရာက unblocker
ဆိုတဲ့စာသား​နေရာကိုနှိပ်​ပြီးON ​ပေး
-i trust this application စာသားရဲ့ဘယ်​ဘက်
ဘေးနားက​လေး​ထောင့်​ကွက်​မှာအမှတ်​ခြစ်​​ပေးပြီး
ok ကိုနှိပ်
-ဒါဆိုconnected ဖြစ်​သွားပြီးဖုန်းရဲ့noti bar
မှာ​သော့ပုံ​လေးနဲ့connectedပြလိမ့်​မယ်
-ပြီးရင်​ကိုယ်​vpn​ကျော်​ပြီးအသုံးပြုချင်​တဲ့apkကို​ရွေး
-အဲ့ဒိမှာနိုင်​ငံ​တွေ​ပေါ်လာမယ်
United Kingdomတို့၊United Stateတို့်၊
Canadaတို့်၊Franceတို့၊Malaysiaတို့၊
Thailandတို့၊Japanတို့...စသဖြင့်​မိမိနှစ်​သက်​ရာ
နိုင်​ငံရဲ့vpnကို​ရွေးခြယ်​အသုံးပြုပြီး​ကျော်​ဝင်​နိုင်
ပါတယ်​။
-ကိုယ်​အသုံးပြုမယ့်​apkကို​ရွေး၊ကိုယ်​​ကျော်​ဝင်​ချင်​တဲ့နိုင်​ငံကို​ရွေး​ပေးပြီးရင်​စတင်​အသုံးပြုနိုင်​ပါပြီ
-Websiteတို့Blogတို့ကို​ကျော်​ဝင်​ချင်​ရင်
ကိုယ်​သုံးမယ့်​Browser Apkကို​ရွေး​ပေးပြီး
အသုံးပြုနိုင်​ပါတယ်
-Hola ​ဆော့ဖ်​ဝဲကိုမသုံးချင်​​တော့လို့ပိတ်​ချင်​တယ်
ဆိုရင်​ဖုန်းရဲ့noti ဘားဆွဲချပြီး ​သော့ပုံ​နေရာ​လေး
ကိုနှိပ်​ပြီး disconnect လုပ်​​ပေးလိုက်​ပါ။
-Apk file Size 10.78 MB ရှိပြီး
-Android OS Version 4.0.3 နှင့်​အထက်​ရှိတဲ့
ဖုန်းများမှာထည့်​သွင်း install လုပ်​၍အသုံးပြု
နိုင်​ပါတယ်​-
-​အောက်​ကလင့်​ခ်​မှာဒေါင်းလုပ်​ဆွဲနိုင်​ပါပြီ-
image
http://www.solidfiles.com/d/e01d2f6a49/Hola-Free-Vpn1.5.752-Kozawthwin.apk
    အဆင်​​ပြေပါ​စေ။
          ကို​ဇော်​သွင်​(နည်းပညာ)
Read more...
✔Hola Free Vpn Apk v1.5.718(updated)✔
0 comments
image
-ပိတ်​ထားတဲ့ website​တွေ၊app ​တွေနဲ့ video
ဆိုဒ်​​တွေကို၊​ကျော်​ခွဖြတ်​​သန်းဝင်​​ရောက်​လို့
ရ​စေမယ့်​ "Hola Free Vpn"ဆိုတဲ့
vpn​ကျော်​တဲ့
unblocker vpn ​ဆော့ဖ်​ဝဲ​​နောက်​ဆုံး updated
ဆော့ဖ်​ဝဲ​လေးတစ်​ခုကိုတင်​​ပေးလိုက်​ပါပြီ။
ပိတ်​ပင်​ထားတဲ့ဆိုဒ်​​တွေကို​ကျော်​ပြီးဝင်​တဲ့အခါ
မှာလည်း၊browser ကိုလျှင်​မြန်​သွက်​လက်​စွာ
နဲ့ဝင်​​ရောက်​နိုင်​​အောင်​ support လုပ်​​ပေးနိုင်
တာကို​တွေ့ရပါတယ်​။
unblock လုပ်​ထားတဲ့ဆိုဒ်​​တွေကို၊​ကျော်​ဖို့
အတွက်​နဲ့၊browser လျှင်​မြန်​စွာဝင်​​ရောက်
နိုင်​ဖို့အတွက်​​ application ​ကောင်း​လေး
တစ်​ခုပဲဖြစ်​ပါတယ်​-
-ဒါ့အပြင်​ pingerတို့၊text nowတို့၊text plusတို့်၊
upptalk ​စတဲ့​ဆော့ဖ်​ဝဲများမှာအ​ကောင့်​န်​​ဖောက်
ဖို့မှာvpn​ကျော်​ဖို့ရန်​အတွက်​လည်းအသုံးပြုနိုင်​မှာ
ဖြစ်​ပါတယ်​။ဒီapkကိုအသုံးပြုဖို့အတွက်​မိမိဖုန်းမှာ
root access ရရှိပြီးသားဖြစ်​ဖို့်လိုပါမယ်​။
★အသုံးပြုနည်းက​တော့★
-Hola Apk ကိုinstallလုပ်
-Apk ထဲကိုဖွင့်​ဝင်
-Root ​တောင်းရင်​Allow(or)Grand ​ပေး
-​သော့ခတ်​ထားတဲ့ပုံ​နေရာက unblocker
ဆိုတဲ့စာသား​နေရာကိုနှိပ်​ပြီးON ​ပေး
-i trust this application စာသားရဲ့ဘယ်​ဘက်
ဘေးနားက​လေး​ထောင့်​ကွက်​မှာအမှတ်​ခြစ်​​ပေးပြီး
ok ကိုနှိပ်
-ဒါဆိုconnected ဖြစ်​သွားပြီးဖုန်းရဲ့noti bar
မှာ​သော့ပုံ​လေးနဲ့connectedပြလိမ့်​မယ်
-ပြီးရင်​ကိုယ်​vpn​ကျော်​ပြီးအသုံးပြုချင်​တဲ့apkကို​ရွေး
-အဲ့ဒိမှာနိုင်​ငံ​တွေ​ပေါ်လာမယ်
United Kingdomတို့၊United Stateတို့်၊
Canadaတို့်၊Franceတို့၊Malaysiaတို့၊
Thailandတို့၊Japanတို့...စသဖြင့်​မိမိနှစ်​သက်​ရာ
နိုင်​ငံရဲ့vpnကို​ရွေးခြယ်​အသုံးပြုပြီး​ကျော်​ဝင်​နိုင်
ပါတယ်​။
-ကိုယ်​အသုံးပြုမယ့်​apkကို​ရွေး၊ကိုယ်​​ကျော်​ဝင်​ချင်​တဲ့နိုင်​ငံကို​ရွေး​ပေးပြီးရင်​စတင်​အသုံးပြုနိုင်​ပါပြီ
-Websiteတို့Blogတို့ကို​ကျော်​ဝင်​ချင်​ရင်
ကိုယ်​သုံးမယ့်​Browser Apkကို​ရွေး​ပေးပြီး
အသုံးပြုနိုင်​ပါတယ်
-Hola ​ဆော့ဖ်​ဝဲကိုမသုံးချင်​​တော့လို့ပိတ်​ချင်​တယ်
ဆိုရင်​ဖုန်းရဲ့noti ဘားဆွဲချပြီး ​သော့ပုံ​နေရာ​လေး
ကိုနှိပ်​ပြီး disconnect လုပ်​​ပေးလိုက်​ပါ။
-Apk file Size 11.11 MB ရှိပြီး
-Android OS Version 4.0.3 နှင့်​အထက်​ရှိတဲ့
ဖုန်းများမှာထည့်​သွင်း install လုပ်​၍အသုံးပြု
နိုင်​ပါတယ်​-
-​အောက်​ကလင့်​ခ်​မှာဒေါင်းလုပ်​ဆွဲနိုင်​ပါပြီ-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.solidfiles.com/d/ebfea77a80/Hola-Free-Vpn-v1.5.718-Kozawthwin.apk
    အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)
Read more...
✔CM Browser v5.1.21 Updated✔
0 comments
image
-updateထွက်​လာတဲ့CM Browser
CM Browser ကိုအသုံးပြုပြီး​တော့
တွေ့ရပါတယ်​။
Gesture control ကိုလည်းပြည့်​စုံစွာ
အဆင်​​ပြေလာပါတယ်​။
၍အသုံးပြုနိုင်​မှာပဲဖြစ်​ပါတယ်​-
-updateထှကျ​လာတဲ့CM Browser
version5.1.21apk​လေးတင်​​ပေးလိုက်​ပါတယ်​။
CM Browser ကိုအသံုးပြုပြီး​တော့
website​တွေကိုဝင်​​ရောက်​ရာမှာမြန်​ဆန်​
သွက်​လက်​စွာဝင်​​ရောက်​နိုင်​ပြီး
Browsing speed ​ကောင်​းမွန်​တာကို
​တွေ့ရပါတယ်​။
deskstop site view​ပြောင်​းဝင်​ရာမှာ
လည်​းမြန်​ဆန်​မှု​ရှိပါတယ်​။
websiteထဲမှာvideo ကြည်​့နိုင်​ဖို့အတွက်​
Gesture control ကိုလည်​းပြည်​့စံုစွာ
အသံုးချနိုင်​ပါတယ်​။မိမိဝင်​​ရောက်​ခဲ့တဲ့page
​တွေကိုလည်​းsaveလုပ်​ထားခဲ့နိုင်​ပါတယ်​။
apk​တွေ​ဒေါင်​းတဲ့အခါမှာလည်​းမြန်​ဆန်​လွယ်​ကူ
အဆင်​​ပြေလာပါတယ်​။
ဒါ့အပြင်​apk file​တွေကို​ဒေါင်​းလုပ်​ဆွဲတဲ့အခါ
မှာvirusတို့malwareတို့ရှိမရှိကိုလည်းscan
ဖတ်​​ပေးပြီး​တော့တကယ်​လို့virusရှိတယ်​ဆိုရင်​
warning သတိ​ပေးချက်​ပြ​ပေးမှာပဲဖြစ်​ပါတယ်​-
-Apk file size 1.86 MB ရှိပြီး
-Android OS Version 4.0 နှင်​့အထက်​ရှိ
ထားတဲ့ဖုန်​းများ​ပေါ်မှာထည်​့သွင်​းinstallပြုလုပ်​
၍အသံုးပြုနိုင်​မှာပဲဖြစ်​ပါတယ်​-
-​အောက်​ကလင်​့ခ်​မှာ​နှိပ်​ဝင်​ပြီး​ဒေါင်​းလုပ်​ယူနိုင်​ပါပြီ-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.solidfiles.com/d/d8bc9e2f92/CM-Browser-v5.1.21-Kozawthwin.apk
   အဆင်​​ပြေပါ​စေ။
        ကို​ဇော်​သွင်​(နည်းပညာ)
Read more...
✔Myanmar Font(for PC)✔
0 comments
image
Service သမားတွေရော ရုံးသမားတွေအတွက်ပါ အမှန်တကယ် လိုအပ်တဲ့ မြန်မာ font မျိုးစုံကို တင်ပေးလိုက်ပါတယ်။ အောက်မှာ ဒေါင်းပါ။
★Download ဆွဲရန်​လင့်​ခ်​★
https://www.copy.com/s/ZrDQTVK6Io7XmyPF
Credit,မိုး(နည်းပညာများ)
Read more...
✔Adobe PageMaker v7.0(for PC)✔
0 comments
image
စာစီစာရိုက် လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အသုံးဝင်သော Adobe PageMaker 7.0 software လေးပါ။ အောက်မှာ ဒေါင်းပါ။
Sr Key : 1039-1121-2998-7586-7388-7545
★Download ဆွဲရန်​လင့်​ခ်​★
https://beta.m.box.com/shared_item/https%3A%2F%2Fapp.box.com%2Fs%2Fxtp9onvg1y9lq9ukav4i
Credit,မိုး(နည်းပညာများ)
Read more...
✔Facebook Offical v23.0.0.22.14✔
0 comments
image
-Play Storeကupdate​ပေးတဲ့
offical version v23.0.0.22.14
တင်​​ပေးလိုက်​ပါတယ်​-
-user interface ပိုင်းအနည်းငယ်​​ပြောင်းလဲ
လာပြီး​တော့သုံးရတာမြန်​ဆန်​လာတာ​တွေ့ရ
ပါတယ်​-
-google play storeဝင်​ရန်​အခက်​အခဲ
ရှိသူများက​အောက်​ကလင့်​ခ်​ဝင်​ပြီး
ဒေါင်းလုပ်​ဆွဲယူနိုင်​ပါတယ်​-
-Apk file size26.37MBရှိပြီး
-Android OS version4.0 နှင့်​အထက်
ဖုန်းများမှာinstallပြုလုပ်​နိုင်​ပါတယ်​-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.solidfiles.com/d/c20a5cf109/Facebook-Offical-v23.0.0.22.14-Kozawthwin.apk
    အဆင်​​ပြေပါ​စေ။
       ကို​ဇော်​သွင်​(နည်းပညာ)
Read more...
✔wifiယူပြီးwifiပြန်လွှင့်​​ပေးနိုင်​မယ့်​ wada wifi map v5.12.6 .apk✔
0 comments
image
Androidဖုန်းမှာ wifi သုံးထားပြီး            
တစ်​ခြားဖုန်းသို့ wifi ပြန်လွှင့်ချင်သူများအတွက်
အသုံးဝင်​​စေတဲ့applicationတစ်​ခုပါ-
-app အသုံးပြုနည်းက............
.apk ကို ဖွင့်ပြီး show hotsport on map ဆိုတာနှိပ်ပေးပါ။
နှိပ်ပြီးရင်ဖုန်းရဲ့notiဘားကိုဆွဲချလိုက်​ပါ။
အဲ့ဒီမှာ boxတခု ရောက်နေလိမ့်မယ် အဲ့ဒါကို နှိပ်ပီးတော့ နံမည် password ထဲပြီး okနှိပ်လိုက်ရင်ရပါပြီ-
-Apk file size18MB ရှိပြီး
-Android OS Version2.3.3နှင့်​အထက်​ရှိ
ထားတဲ့ဖုန်းများ​ပေါ်မှာထည့်​သွင်းinstallလုပ်​၍
အသုံးပြုနိုင်​မှာပဲဖြစ်​ပါတယ်​-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.solidfiles.com/d/0e21108fe3/Wada-Wifi-Map-v5.12.6-Kozawthwin.apk
image
image
image
image
image
image
image
image
   အဆင်​​ပြေပါ​စေ။
       ကို​ဇော်​သွင်​(နည်းပညာ)
Read more...
0 comments
image
image
Credit,Thazin Ko Ko
root ရှိဖို့လိုပါတယ်။
**********
Zawgyi built-in ပါတဲ့ Samsung ဖုန်းတွေကို firmware ပြန်မတင်ပဲ ယူနီကုတ်သုံးဖို့အတွက်
root ရှိဖို့လိုပါတယ်
Root explorer သို့ အခြား root access ရနိုင်တဲ့ file manager တစ်ခု⁠ခုနဲ့ /system/csc/ ထဲက others.xml ဖိုင်ကိုဖွင့်ပါ
အဲဒီထဲက ThaiViet Reshaping နဲ့ Menu Convert Unicode to Zawgyi တွေမှာ true ရေးထားတာကို false လို့ပြင်ရေးလိုက်ပါ
Unicode to zawgyi စာကြောင်းကတော့ Thai region မဟုတ်ရင်မပါ⁠ပါဘူး ပြီးရင် save လုပ်ပြီးတော့ restart ချလိုက်ပါ
ပြန်တက်လာရင် ယူနီကုတ် font style တစ်ခု⁠ခုထည့်ပြီးစမ်းကြည့်ပါ အရင်လို လေးထောင့်တုံးမဟုတ်တော့ပဲ အမှန်မြင်ရပါလိမ့်မယ်
မရသေးဘူးဆိုရင် /system/csc/ ထဲက feature.xml ကိုဖွင့်ပါ
အောက်ဆုံးနားက အပေါ်မှာ enter တစ်ချက်နှိပ်ပြီး false ထည့် save လိုက်ပါ restart ချပါ အဆင်ပြေပါစေ
    Credit>>>Thazin Ko Ko
Read more...
✔Mobile Guide Journal 182✔မိုလ်​ဘိုင်းဂိုက်​ဂျာနယ်​၁၈၂
0 comments
image
-မိုလ်​ဘိုင်းဂိုက်​ဂျာနယ်​အမှတ်​(၁၈၂)မူရင်းလင့်​ခ်
မှတင်​​ပေးလိုက်​ပါတယ်​။အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ရယူနိုင်​ပါပြီ-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
http://www.mediafire.com/download/nsd6k8w8eg3if9j/Mobile+Guide+Issue+182.pdf
    အဆင်​​ပြေပါ​စေ။
         ကို​ဇော်​သွင်​(နည်းပညာ)
Read more...
✔Sortcut Master v1.1.0(Lite)✔
0 comments
image
image
image
-Android ဖုန်းထဲက secret code အားလုံးကိုရှာဖွေပြီး launch လုပ်ပေးနိုင်တဲ့ app လေးပါ root ရှိဖို့လိုပါတယ်
Android ဖုန်းထဲက secret code အားလုံးကိုရှာ​ဖွေပြီးlaunch လုပ်​​ပေးနိုင်​တဲ့ app  ​လေးပါ။root ရှိဖို့လိုပါတယ်​-
-Apk file size 1.5MBရှိပြီး
-Android OS Version 1.6 နှင့်​အထက်​ရှိတဲ့
ဖုန်းများ​ပေါ်မှာထည့်​သွင်းinstallလုပ်​၍အသုံးပြု
နိုင်​မှာပဲဖြစ်​ပါတယ်​-
-​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူသွားပါ-
★DOWNLOAD ဆွဲရန်​လင့်​ခ်​★
https://www.dropbox.com/s/mzrakdv5q3nwaiy/Sortcut%20Master.apk
Credit>>Thazin Ko Ko
Read more...
✔Facebook အကောင့်တွင်comment reply ထည့်နည်း(for android phone)✔
0 comments
image
Credit>>Thazin Ko Ko
- Fake GPS apk ကို install လုပ်ပါ။
- Phone settings > Developer options ထဲတွင် Allow mock location ကိုအမှန်ခြစ်ပေးပါ။
-Location setting ထဲတွင် GPS only ထားပါ။
- Fake GPS ကိုဖွင့်ပါ search box ထဲတွင် New Zealand ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ
- New Zealand map ပေါ်လာလျှင် ညာဘက်ထောင့်က Play icon ကိုနှိပ်ပါ။
- browser ထဲတွင် New Zealand location တစ်ခုခုကို check in လုပ်ပြီး status တင်လိုက်ပါ။
- comment reply ရပါပြီ ပြန်မပျောက်စေရန် Fake GPS settings ထဲတွင် start on boot ကိုအမှန်ခြစ်ပေးထားပါ။
Apk Download ဆွဲရန်​လင့်​ခ်​★
https://www.dropbox.com/s/ueaq3856m6okyof/Fake%20GPS%204.2.apk
image
image
image
image
image
image
  Credit>>Thazin Ko Ko
Read more...
မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး