

ပြီးရင်တော့ Layer ကို select မှတ်ပြီး
Duplicate Layer ယူပေးပါ။ အဲ့ဒီနောက်မှာတော့ ဒီပုံရဲ့  အောက် မှာ
ရေပြင်အရိပ်ထင်အောင် လုပ်ဖို့ အတွက် Canvas size ကိုချဲ့ရမှာပါ။ ဒီတော့
Background Layer ကိုရွေး Image > Canvas size လုပ်ပေးပါ။ ဒီလိုလေး
ဖြစ်သွားမှာပါ။


အဲ့ နောက်မှာတော့ ရေလှိုင်းရဲ့ wave လေးတွေဖြစ်ဖို့အတွက် Texture တစ်ခုကို ဖန်တီးကြရအောင်။
File > new ( Ctrl +N ) ကိုခေါ်ပါ။ ပထမဆုံးအနေနဲ့ Add Noise ကိုအရင်လုပ်ကြရအောင်။

Amount : 100%
Select : Uniform
Check : Monochromatic ကိုရွေးပါ။
ပြီးတော့ နောက်တစ်ဆင့်က Filter > Sketch > Bas Relief… ကိုရွေးပါ။ Detail : 10, Smoothness: 2, Light : Bottom; ကိုထားပေးပါ။
ပြီးရင် Filter > Blur > Motion Blur ကိုရွေးပါ။ Angle ကို 0 degree ထားပေးပါ။ ပြီးရင် psd file အနေနဲ့သိမ်းပါ။
ရေလှိုင်း wave တွေထည့်မဲ့ layer ကို select လုပ်ပြီး Filter > Convert for smart filters လုပ်ပါ။ thumbnail ပေါ်တွင် pointer တင်ပြီး Ctrl ကိုဖိပြီး click လုပ်ပါ။
အဲ့ဒီနောက်မှာတော့ Filter > Distort >Glass… Texture တွင် ခုနကဖန်တီးခဲ့တဲ့ texture.psd file ကို load texture ကနေ ယူပေးပါ။ ဒီလိုပုံလေးကိုမြင်ရပါလိမ့်မယ်။

ပြီးရင် foreground color: gray, background color: white ထားပြီး gradient tool ဖြင့် drop လုပ်ပေးပါ။

နောက်ဆုံး final အနေနဲ့ကတော့ ဟော့ဒီလိုပုံလေးရပြီပေါ့နော်

ဆက်လက်ကြိုးစားပါအုံးမယ်…
P.s: ဒီ ကျူတိုရီရယ်လေးကိုတော့ www.secondpictures.com မှ reference ယူထားခြင်းဖြစ်ပါသည်။
0 comments:
Post a Comment