
ဘာ Logo လေး tutorial တင်ရင်ကောင်းမလဲ
စဉ်းစားနေတုန်း Android fan ဖြစ်တဲ့ အဲမွန်က Android Dictionary Logo
လေးဆွဲပါလားလို့ အကြံပေးလာပါတယ်။ ဒါကြောင့် ဒီ tutorial လေးကိုတင်ဖြစ်တာပါ။
ကိုသီဟ ပိုစ့်မှာ ပြောထားတဲ့အတိုင်း Designer ဆိုတာ ဝေဖန်ခံနိုင်ရပါမယ်။
အဲ့ဒီအတွက် Logo လေးကောင်းမကောင်း comment လေးပေးပြီး အားမနာတမ်း ဝေဖန်
အကြံပြုပေးပါနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကဲ tutorial လေးစလိုက်ကြရအောင်!
ပထမဦးစွာ New Layer တစ်ခုခေါ်ပြီး
Rectangular Marquee Tool ဖြင့် Rectangular ပုံလေးတစ်ခု ကိုအရင်
ဆွဲရအောင်နော်။ ပြီးရင် Gradient Tool ဖြင့် အရောင်လေးတစ်ရောင်ကို
fill လုပ်ကြရအောင်။




ဒီတော့ Custom Shape Tool နဲ့ဆွဲထားတဲ့ layer ကိုရွေးပြီး Duplicate Layer ယူပါ။ Edit > Transform > Flip Vertical လို့ ပြောင်းလိုက် ရင်တော့ ဒီလို ပုံလေးရပါမယ်။

Type Tool ကိုယူပြီးကိုယ်လိုချင်တဲ့ စာကို ရိုက်ပါ။ ဒီ tutorial လေးမှာတော့ Tutorial လို့ဘဲရေးလိုက်မယ်နော်။

ပြီးရင်နောက်တဆင့် ဘာလုပ်ကြမလဲဆိုရင်
Dictionary လေးရဲ့ ဘေးမှာ Dictionary title လေးကို ဒေါင်လိုက်ထည့်ပါမယ်။
အဲ့ဒီလိုမျိုး လုပ်ဖို့အတွက် Tutorial ဆိုတဲ့ layer ကို Duplicate layer
ယူပါ။ Edit > Transform > Rotate 90 CCW လို့ထားပြီး စာသားလေးကို
ဒေါင်လိုက် ထားလိုက်ပါမယ်။

ပြီးရင်တော့
အောက်ခြေနားလေးမှာ Barcode လေးတစ်ခု ထပ်ထည့် ရအောင်နော်။
Barcode လုပ်ပုံလုပ်နည်းကတော့ tutorial လေး ရှည်သွားပြီး အီသွားမှာ
စိုးလို့ ဒီ tutorial လေးမှာ မထည့်ပေးထားတော့ ပါဘူးနော်။


ကဲ အခုချိန်မှာ Dictionary လေးက
ရုပ်လုံးနည်းနည်းပေါ်လာပြီပေါ့။ အဲ့ ဒီ Dictionary လေးကို အလင်းပြန်
နေသလိုမျိုး ဆက်ပြီး လုပ်ကြည့် ကြတာပေါ့နော်။ Duplicate Layer ယူ Edit >
Transform > Flip Vertical ဒီလိုပုံလေးကို ဖြစ်အောင်လုပ်ပါမယ်။


Finally, Select Marquee Selection Tool ကိုယူပြီး Feather: 30px လောက်ထားပြီး Delect လုပ်ပါ။
ဒီလိုပုံလေးရလာပါလိမ့်မည်။
အားလုံးပြီးစီး သွားရင်တော့ အခုလိုလှပတဲ့ Logo လေးတစ်ခုရပါပြီ။
ဒီ tutorial လေးကို ကြည့်ပြီး အောက်မှာ ဆွဲပြထားတဲ့ Android Dictionary Logo လေးကိုလည်း ဆွဲတက်လိမ့်မယ်လို့ထင်ပါတယ်။
( ကူးယူဖော်ပြသည်။ )
0 comments:
Post a Comment