မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

သွေးစုပ်ဖုတ်ကောင်ကြီး အလွဲ

0 comments

ဒရက်ကူလာခေါ် သွေးစုပ်ဖုတ်ကောင်ကြီး သေဆုံးသည်။ ၄င်းကြိုက်နှစ်သက်ဆုံး ဖေးဖရိတ် ရုပ်သံ စီးရီး သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းတွဲ ဇာတ်သိမ်းပြီးပြီးချင်း ရုတ်တရက် နှလုံးရောဂါ ထရာက ကွယ်လွန်ခြင်း ဖြစ်သည်။
ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည်။ နောက်တ ဘ၀သို့ ကူးပြောင်းသည့်အခါ ခံယူချင်ဆုံး အရည်အသွေး သုံးမျိုးကို ဘုံစောင့်နတ်မင်းကြီးက ရွေးချယ်ခွင့်ပြုသည်။
ဒရက်ကူလာ အလေးအနက် စဉ်းစား၍ သူအဖြစ်ချင်ဆုံး ပထမဆုကို တောင်းလိုက်သည်။
`သွေးတွေ စုပ်နိုင်သော ကိုယ် ဖြစ်ရပါလို၏´ ပြီးတော့

`ပျံသန်းလို့ ရအောင် တောင်ပံ နှစ်ဖက်လည်း ရလိုပါ၏´ ပြီးနောက်
`အမျိုးသမီးတိုင်းလိုလား တောင့်တဆုံး ကိုယ်လည်း ဖြစ်ရပါလို၏´ဟူ၍ နောက်ဆုံးဆုကို အချိန်အကြာဆုံးသေချာ စဉ်းစားကာ တောင်းလိုက်အပြီးမှာတော့ အပ်ချလောင်းဟု မန်းမှုတ်ခံလိုက်ရသည့် အလား အမျိုးသမီးများ ဓမ္မတာလာသည့်အခါ သုံးရသည့် ရာသီသွေးထိန်း ဂွမ်းဖတ်အဖြစ်သို့ ပြောင်းသွားလေသတတ်။ ။

0 comments:

Post a Comment

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး