
ပထမဆုံး Line Segment Tools နဲ့ Line ဖြောင့် တစ်ခုကို Shift Key ကိုဖိပြီး အရင်ဆွဲပါ။ Line ရဲ့  Stoke Weitght ကို 7pt လောက်ထားပါ။

Line ရဲ့  ဘယ်ဘက် အစွန်မှာ Alt Key ကိုဖိပြီး Click တစ်ချက်နှိပ်ပါ။ Angle ကိုတော့ 45ံ ထားထာပါမယ်။ ပြီးရင်တော့ 90,135,180,225,270,315 ဆိုပြီး စက်ဝိုင်း တစ်ပတ်ပြည့်အောင်ရိုက်သွားပါ။

နောက်ဆုံး တစ်ပတ်ပြည့်သွားရင်တော့ အောက်မှာပြထားတဲ့ပုံစံလေးရလာပါပြီ။

ပြီးရင်တော့ ToolBox မှ Selection Tool (V) ကိုယူပြီး Line တွေကို Select မှတ်ပေးပြီး Stoke Color ကို ကြိုက်နှစ်သက်ရာ အရောင်တစ်မျိုးစီ ပြောင်းပေးပါ။

ပြီးရင်တော့ Tool box ထဲက Blend Tool (W) ကိုယူပြီး Line တွေရဲ့  ဘယ်ဘက် အစွန်းတစ်ဖက်စီကို Click တစ်ချက်စီနှိပ်ပေးပါ။ ဒါဆိုရင် အောက်မှာပြထားတဲ့ ပုံလေးအတိုင်းရရှိလာမှာ ဖြစ်ပါတယ်။


နောက်တစ်ဆင့်လုပ်ရမှာတော့ Tool Box ထဲက Elipse Tool (L) ကိုယူပြီး Shift+Alt Key ကိုဖိပြီး Center မှစက်ဝိုင်းတစ်ခုကို ဆွဲပေးပါ။

အဲ့ဒီနောက်မှာတော့ စက်ဝိုင်းဘေးက ပိုနေတဲ့ အသားတွေကိုဖြတ်ပစ်လိုက်ချင်တာပါ။အဲ့ ဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ Ctrl+A ကိုနှိပ်ပါ။ Object > Clipping Mask > Make (Ctrl+7) ကိုရွေးပေးပါ။ ဒါဆိုရင်အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းရနေပါပြီ။

နောက်ထပ်ပြီးတော့ စက်ဝိုင်းရဲ့  အလယ်ဗဟိုမှ elipse tool (L) လေးနဲ့ Alt+Shift ကိုဖိပြီး စက်ဝိုင်းအငယ်တစ်ခုကို ထပ်ဆွဲပေးပါ။ ဆွဲပြီးရင်တော့ Keyboard ကနေပြီး D Key ကိုနှိပ်ပါ။ ပြီးရင်တော့ Stoke ကို None ပေးလိုက်ပါ။ အခုလိုမျိုး CD Cover လှလှလေးတစ်ခုရပါပြီ။

ကဲ အခုလို လိုက်ပြီးတဆင့် ချင်းလိုက်လုပ်ရလို့ ပင်ပန်းသွားပြီနော်။
ဆက်ပြီး ကြိုးစားပါဦးမယ်။…
ပြန်လည်မျှဝေပေးလိုက်ပါသည်။
0 comments:
Post a Comment