မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

နေရပ်သို့ ပြန်ဖို့ ရာ အခက်ခဲရှိသူအား နေရပ်သို့ ပြန်နိုင်ရန်ကူညီ

0 comments
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံတစ်ခြံတွင် အလုပ်လုပ်ကိုင်ရင်း မတော်
တဆဖြစ်မှုကြောင့် ခြေတဖက်ဆုံးရှုံးကာ ဒုက္ခိတဖြစ်ခဲ့ရပြီး စားဝတ်နေရေး
ခက်ခဲနေုသည့် မောင်နိုင်စိုး (ခ) စောလှနိုင် သည် မိဘရပ်ထံပြန်လိုသည့်
အတွက် ကူညီမှုပေးနိုင်ပါရန် တာချီလိတ်မြို့ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်
မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီထံသို့ ဆက်သွယ်
အကူအညီတောင်းခံခဲ့ရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာ
ဝန်ရှိသူများ ကော်မတီဝင်များက ၄င်း၏အကူညီတောင်းခံမှုအား နွေးထွေးစွာ
ကြိုဆိုခဲ့ပြီး စက်တင်ဘာ ၂၁ရက်နေ့တွင် လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။
မောင်နိုင်စိုး၏မိဘများရှိရာ မွန်ပြည်နယ် မုတ္တမမြို့နယ် ဇက်ဆိပ်(၂)ရပ်
ကွက်သို့ ပြန်လည်သွားရောက်နိုင်ရေးနှင့် ၄င်း၏အသက်မွေးဝမ်းကျောင်း
အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်
ရှောက်ရေးကော်မတီ (တာချီလိတ်) မှ ငွေကျပ်ငါးသောင်းနှင့် လေယာဉ်လက်
မှတ်ခ ကိုးသောင်းငါးထောင်ကျပ် ၊ မဇ္ဈိမ လူမှုရေးအသင်းမှ ငွေကျပ် ခုနစ်
သောင်း ၊ကိုစည်သူနှင့်မိတ်ဆွေများမှ ငွေကျပ်ငါးသောင်းတို့အား စက်တင်ဘာ
၂၂ရက်နေ့တွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်
ပေးအပ်လှူဒါန်းခဲ့ပြီး တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ထိုင်းနိုင်ငံ
မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ
(တာချီလိတ်) မှ ကော်မတီဝင်များက ၄င်းအား မိဘရပ်ထံပြန်နိုင်ရေးအတွက်
တာချီလိတ်လေဆိပ်အထိ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ
စနစ်တကျအပ်နှံကာ ကမ္ဘောဇလေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၂၂ရက်နေ့
တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး