✔Search Duplicate File(super)v3.08 App for Android✔
-မိမိတို့ဖုန်းလေးရဲ့ Memory SD ပေါ်မှာ ဖိုင်တွေ နှစ်ခုသုံးခုထပ်နေတာတွေ apk file တို့၊movies file တို့၊music file တို့၊photo တို့ အစရှိတဲ့ file တွေဟာ နှစ်ခုသုံးခု ထပ်နေတာမျိုးတွေ ဖြစ်တတ် ရှိတတ်ပါတယ်။
အဲ့လို file ထပ်တာမျိုးတွေအရမ်းများလာရင် file တခုခု app တခုခု ကို install လုပ်တဲ့ အခါမှာ memory full ဆိုပြီး out off space ဖြစ်နေတတ်ပြီး ဆော့ဖ်ဝဲတွေကို install လုပ်မရတတ်တာမျိုးတွေ ကြုံတတ်ပါတယ်။
အဲ့ဒိလိုမျိုးဖြစ်နေခဲ့ရင် အခုဒီ"Search Duplicate File(super)v3.08" ဆိုတဲ့ application လေးကိုအသုံးပြုပြီး file ထပ်နေတာတွေကို click တချက်နှိပ်လိုက်ရုံနဲ့ အဲ့ဒိထပ်နေတဲ့ file တွေကို ရှာဖွေတွေ့ရှိစေမှာပါ။
အဲ့ဒိတော့ မလိုအပ်ပဲ ထပ်နေတဲ့ ဖိုင်တူတွေကို ရှာဖွေ deleted ဖျက်ထုတ်ပေး ခြင်းအားဖြင့် မိမိတို့ဖုန်းရဲ့ memory sd မှာ နေရာလွတ်ရရှိလာမှာဖြစ်ပြီး၊Ram လည်း လျော့ကျလာကာ apk နဲ့အခြား data file များကို အဆင်ပြေပြေနဲ့ install လုပ်လို့ရစေမှာဖြစ်ပြီး၊ကိုယ့်ဖုန်း လေးဟာလည်း ပေါ့ပါးလာစေမှာပါ-
-apk အသုံးပြုကလည်း ရိုးရှင်းပါတယ်။
ဒီဆော့ဖ်ဝဲကို ဒေါင်းပြီး install လုပ်လိုက်ပါ။
ပြီးရင်ဆော့ဖ်ဝဲထဲဖွင့်ဝင်ပါ။
folder တွေကိုအကုန်အမှန်ုခြစ်ပေးပါ။
ုပြီးရင်အောက်ဆုံးဘယ်ဘက်နားက search ဆိုတာကို နှိပ်ပေးလိုက်ပါ။
ဒါမှမဟုတ် one click နေရာကိုနှိပ်ပြီး ရှာချင်တဲ့ folder ကိုရွေးပေးလည်းရပါတယ်။
သူ့ဟာသူ auto scan ဖတ်ပြီး comparing လုပ်နေပါလိမ့်မယ်။
ပြီးသွားရင်တော့ results ထွက်လာပါမယ်။
ဖိုင်တူတွေ ထပ်နေတာတွေ ဘယ်နှစ်ဖိုင်ရှိတယ်ဆိုတာကို တွေ့ရပါမယ်။
အဲ့ဒိထပ်နေတူနေတဲ့ ဖိုင်တွေကိုအမှန်ခြစ်ပေး ပြီး ဘယ်ဘက်အောက်နားက
Delete Seletcted Files စာတမ်းနေရာက ကြက်ခြေခတ်ကို နှိပ်ပေးလိုက်ခြင်းဖြင့် deleted ဖျက်ထုတ်ပြီးသွားမှာ ဖြစ်ပါတယ်။
Android ကိုင်တဲ့သူများ ရှိထားသင့်တဲ့ apk လေးပါ-
-Apk File Size 328KB လေးပဲ ရှိပြီး
-Android OS Verdion 1.6 နှင့် အထက်
ရှိထားသော ဖုန်းများမှာ ထည့်သွင်း install လုပ်၍ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်-
-အောက်က လင့်ခ် မှာဒေါင်းလုပ်ရယူပါ-
.
"အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)
0 comments:
Post a Comment