မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

တယ်လီနောမြန်မာမှ Live Core Network မှတစ်ဆင့် ပထမဦးဆုံး ဖုန်းအသံနှင့် ဗွီဒီယိုခေါ်ဆိုမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့

0 comments

image

တယ်လီနောမြန်မာသည် ၄င်းတို့ကုမ္ပဏီ၏ live core network မှတစ်ဆင့် ပထမဦးဆုံး ဖုန်းခေါ်ဆိုမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့တွင်မီဒီယာများအားစမ်းသပ်ပြခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုကို မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း မှပြုလုပ်ပေးခဲ့ပြီး ရန်ကုန်မှ ၂၂ ကီလိုမီတာဝန်းကျင် ကွာဝေးသော တယ်လီနော၏ data centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်တွင်တည်ရှိသော တယ်လီနောမြန်မာ၏ ရုံးချုပ်သို့ ဖုန်းခေါ်ဆိုခဲ့ပါသည်။ ဖုန်းခေါ်ဆိုမှုသည် တယ်လီနော၏ 3G ကွန်ယက်ပေါ်မှ ပြုလုပ်ခြင်းဖြစ်ပြီး အသံဖြင့်ဖုန်းခေါ်ဆိုမှုအပြင် ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်း ပြုလုပ်ခဲ့ပါသည်။

Core Network သည် တယ်လီနော ဆက်သွယ်ရေးကွန်ယက်၏ အဓိကကျောရိုးဖြစ်ပြီး တယ်လီဖုန်း ကွန်ယက် နှင့် ဝန်ဆောင်မှုများကို ယခုနှစ်စတင်ပေးအပ်သည့်အခါ ဖုန်းခေါ်ဆိုမှုများနှင့် မိုဘိုင်း ဝန်ဆောင်မှု များကို သုံးစွဲသူများထံ တစ်ဆင့်ပြန်လည်ချိတ်ဆက်ပေးမည့် ကွန်ယက်လည်း ဖြစ်ပါသည်။

တယ်လီနော၏ တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်ယက်ဖြန့်ကျက်မှုကို ထောက်ပံ့ပေးမည့် core network ကို တည်ဆောက် ပေးသူမှာ တယ်လီနောမြန်မာ၏ ကွန်ယက်ဆက်စပ်ပစ္စည်းများ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Huawei ဖြစ်ပါသည်။ တယ်လီနောမြန်မာ၏ အခြားကွန်ယက်ဆက်စပ်ပစ္စည်းထောက်ပံ့သူ များမှာ Ericsson နှင့် Wipro တို့ဖြစ်ကြပြီး တယ်လီနော၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖြစ်သော ဆက်သွယ်ရေးတာဝါများကို တည်ဆောက်၍ စီမံခန့်ခွဲသူများမှာ Apollo Towers နှင့် Irrawaddy Green Technology (IGT) တို့ဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်ချက်များအရသိရသည်။

photo-telenor myanmar facebook

0 comments:

Post a Comment

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး