မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

✏Window CD/DVD များ USB သို့ထည့်နည်း✏

0 comments

image

- Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်တဲ့သူ​တွေအတွက်​ပါ။
Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအတွက်​​တော့
တော်​​တော်​​လေးအဆင်​​ပြေမှာပါ။

ပြုလုပ်​နည်းအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line)ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။
software ​တွေသုံး​နေရင်​အလုပ်​ရှုတ်​တာ​ပေါ့။
cmd နဲ့ဆိုဘာမှမလိုတော့ဘူး။cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။စမ်းကြည့်ပါ။

ကဲ...စကြည့်​ရ​အောင်​......

-အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကိုကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။

ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ဒါမှမဟုတ် Window + R တွဲနှိပ်
Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်

အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ-

diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။cmd.exe ကို မပိတ်လိုက်နဲ့)

-ထိုနောက်ဝင်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB letter ​တွေကိုမှတ်​ထားလိုက်​ပါ။

ပြီးလျှင် cmd သို့ပြန်ဝင်။အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ။

xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။

ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ကဲ..ဒါဆို USB ကို computer ဆီထိုး
သွင်းပြီး window တင်​လို့ရပါပြီ-

(Credit: မူရင်း​ရေးသူအားမမှတ်​မိပါ။credit
ပေးပါသည်​)

      အဆင်​​ပြေပါ​စေ။
           ကို​ဇော်​သွင်​(နည်းပညာ)

0 comments:

Post a Comment

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး