မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

ရင်ခွင် ဟုခေါ်သည်။

0 comments
 
 http://sphotos-e.ak.fbcdn.net/hphotos-ak-snc6/320953_200208636790219_1035025712_n.jpg
                                                              
ထို့ကြောင့် ဤအရာကို.....

အလွမ်းတွေမီးထွန်းရုံသက်သက်
အလင်းရောင် လိုအပ်တာ မဟုတ်ဘူး
ကိုယ့်အတ္တကိုယ် ဖြိုလှဲပြီးမှ
မနက်တွေကို ခင်းကျင်းခဲ့ရတာ

ကုဋေတစ်သန်း မသတ်မှတ်ချင်လဲနေ
လှမ်းလိုက်တဲ့ခြေတစ်လှမ်း
ခြေရာထင်ရင်ထင် မထင်ရင်
ရှေ့တစ်လှမ်းရောက်ချင်တာက ဆန္ဒအမှန်

ဧကံမလွဲ ဆိုတာ ငါ့အတွက်ဟာသ
ကြားဖူးနားဝရှိရုံနဲ့တင် ရီရတယ်
ပလီပလာတွေ ဂိုက်ပေးမကြမ်းတဲ့အခါ
ဇဝေဇဝါနဲ့ ငေါင်ကျန်နေခဲ့တာ ဘာဆန်းလဲ

အလှမ်းမကျယ်ပဲ အလယ်လပ်ခဲ့ရတော့
ထိုင်နေမိတဲ့အခါ ဘာမှမဖြစ်လာတော့ဘူး
ကျိုးမှန်းသိမှာစိုးလို့ မထရဲတဲ့အခါ
ချောလဲတော့လဲ ရောထိုင်မိတာပေါ့

ပိုင်ဆိုင်ခြင်းဆိုတာ မပိုင်ခင်ကတည်းက အပူမျိုး
ဆတိုးဆိုးဖို့ပဲ အမျိုးမျိုးအမြဲတွေးနေတယ်
အဝေးကဆွေးနေတော့ စူးရှတဲ့နာကျင်ခြင်း
ကြင်နာစွာ ထွေးပိုက်ငိုညည်းနေရုံပဲ

သည်းမခံနိုင်လောက်အောင်ကံကြမ္မာက
အိပ်မက်ပြောင်းပြန်နဲ့ နမိတ်ပြတယ်
မယုံရဲရဲ ယုံရဲရဲနဲ့ ရာသီကိုပြင်ရင်း
ပန်းမွေ့ယာပေါ်နင်းလဲ ဆူးကစူးတာပဲ

ရူးရူးမူးမူး ရူးချင်လို့
မိုးခါးရေ ရှာရင်းထန်းပင်ကိုမော့ကြည့်မိတယ
မက်မက်မောမော မက်မောချင်လို့
အပြေးအလွှား ပင်လယ်ထဲ ခုန်ချချင်ခဲ့တယ်

ကြမ်းကျွံကျခဲ့တဲ့ မျက်ဝန်းစကားတွေ
သုံးစားမရတဲ့အိပ်မက်ထဲမှာ အလှဆုံးပဲ
လမ်းဖောက်ခဲ့မိတဲ့ စည်းကျော်အပြုံး
တစ်သက်စာ အရှုံးနဲ့ပဏ္ဍာရနေတယ်

ထို့ကြောင့်
အရာမရောက်သော အရာများစွာ
ခေါက်သိမ်းသိုလှောင်ထားသော ဆွေးမြည့်ဖွယ် အလွမ်းဂိုဒေါင်အား
“ရင်ခွင်” ဟုခေါ်ပါသည်
 Lion Snow
ဘလော့ဂါသူငယ်ချင်းများအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်  

0 comments:

Post a Comment

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး