စက်တင်ဘာ ၃ရက်နေ့က ကျိုင်းတုံမြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု
လွှတ်တော်နာယကသူရဦးရွှေမန်းနှင့်ပြည်သူများတွေ့ဆုံပွဲအပြီးမှာ
စာရေးသူဟာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူး၊ မြို့နယ်စီမံ
ခန့်ခွဲရေးကော်မတီဝင်ဦးကျော်ငြိမ်း၊မြို့နယ်မထသဥက္ကဋ္ဌ ဦးစ၀်စိုးလင်း
တို့နှင့်အတူ မော်တော်ယာဉ်ဖြင့် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့ကို ပြန်လည်
ထွက်ခွာလာခဲ့ကြပါတယ်။ ကျိုင်းတုံမှ ကီလို၂၀ခန့်အကွာမှာ မြို့နယ်အုပ်ချုပ်
ရေးမှူးကကားကိုရပ်တန့်ခိုင်းလိုက်ပါတယ်။ ရပ်လိုက်တဲ့နေရာက ပန်ကွဲတောင်
အတက်လမ်းက ကုန်းဆင်းတစ်ခုပါ။
“ ဒီနေရာမှာ ထူးခြားမှုတခုရှိလို့ သတင်းထောက်ကြီးကိုပြချင်လို့ပါ၊ အောက်ကို
ခဏဆင်းပါဦး” ဆိုတာနဲ့
ကားပေါ်ကနေဆင်းလိုက်တော့ ယာဉ်ကို ဖရီးဂီယာထိုးလိုက်ကာ စက်သတ်လိုက်ပါ
တယ်။ အံ့သြစရာပါပဲ ၊ စက်သတ်ထားတဲ့ယာဉ်ဟာ ကုန်းဆင်းဖက်ကို လိမ့်ဆင်း
တယ်။ အံ့သြစရာပါပဲ ၊ စက်သတ်ထားတဲ့ယာဉ်ဟာ ကုန်းဆင်းဖက်ကို လိမ့်ဆင်း
သွားရမယ့်အစား ဆန့်ကျင်ဖက်ဖြစ်တဲ့ ကုန်းတက်ဖက်ကို သိသိသာသာလှိမ့်တက်
သွားပါတယ်။ မျက်မြင်သာမဟုတ်ရင် ဘယ်လိုမှယုံကြည်နိုင်စရာမရှိပါဘူး၊ သတင်း
သမားပီပီ လက်တွေ့မဟုတ်ရင် ဘယ်အရာကိုမှလက်ခံယုံကြည်မှုမရှိတဲ့စာရေးသူဟာ
သမားပီပီ လက်တွေ့မဟုတ်ရင် ဘယ်အရာကိုမှလက်ခံယုံကြည်မှုမရှိတဲ့စာရေးသူဟာ
တမင်များ ဘက်ဂီယာနဲ့တက်နေတာလားသိရအောင်လို့ယာဉ်မောင်းသူနေရာကို
ကိုယ်တိုင်ဝင်ရောက်ပြီး ဂီယာဖရီးထိုးကာ စက်သတ်ထားပေမယ့် တကယ့်ကိုပဲ
မော်တော်ယာဉ်ဟာ အတက်ဖက်ကိုပဲတလှိမ့်လှိမ့်နဲ့တက်သွားတာကို လက်တွေ့ကျကျ
ရှုမြင်လိုက်ရပါတော့တယ်။ ဒါနဲ့ ဒီဖြစ်စဉ်ကိုဓာတ်ပုံကော ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထား
လိုက်ပါတယ်။ စာရေးသူဟာ သိပံပညာရှင်မဟုတ်လို့ ဒီဖြစ်စဉ်ကို ဘယ်လိုမှဝေဖန်
သုံးသပ်နိုင်စွမ်းမရှိပါဘူး၊ ထူးခြားမှုတစ်ခုအနေနဲ့သာ ကိုယ်တိုင်ဝင်ရောက်စမ်းသပ်ပြီး
လက်ခံခဲ့တာပါ၊ ယေဘူယျအားဖြင့်တော့ အမြင့်ကသာအနိမ့်ကိုဆင်းရမြဲပါ။
အခုကတော့ သဘာဝနဲ့ဆန့်ကျင်စွာ အနိမ့်ကနေ အမြင့်ကိုပြန်တက်နေတာမို့
ထူးခြားမှုရှိတာတော့အမှန်ပါပဲ။ ဒီနေရာလေးကို ကိုယ်တိုင်လာရောက်လေ့လာ
ချင်တယ်ဆိုရင်တော့ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးအတိုင်း မိနစ်
၂၀လောက်မောင်းနှင်လာမယ်ဆိုရင် ကီလိုမီတာ ၂၀ခန့်အကွာ ပန်ကွဲတောင်အတက်
လမ်း မိုင်တိုင်၂၀နဲ့၁၉အကြားမှာတည်ရှိနေပါတယ်။မည်သူမဆိုလက်တွေ့
လာရောက်စမ်းသပ်နိုင်ပါတယ်။ အော်တိုဂီယာမဟုတ်ဘဲ မန်နျူရယ်ဂီယာ
နဲ့ဆိုပိုမိုပြီးစမ်းသပ်လို့ကောင်းပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
လမ်း မိုင်တိုင်၂၀နဲ့၁၉အကြားမှာတည်ရှိနေပါတယ်။မည်သူမဆိုလက်တွေ့
လာရောက်စမ်းသပ်နိုင်ပါတယ်။ အော်တိုဂီယာမဟုတ်ဘဲ မန်နျူရယ်ဂီယာ
နဲ့ဆိုပိုမိုပြီးစမ်းသပ်လို့ကောင်းပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
ဗီဒီယိုမှတ်တမ်းကြည့်ရန်
တာချီိလိတ်သတင်းလွှာ
0 comments:
Post a Comment