စက်တင်ဘာ (5) ရက်နေ့ ညက အဆက်မပြတ်ရွာသွန်းခဲ့သောမိုး
ကြောင့် တောင်ကျရေများကျဆင်းခဲ့ရာ တာချီလိတ်မြို့ နှင့်2မိုင်ခန့် 
အကွာဖတ်ဟိ ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်လမ်းပေါ်ရေကျော်
ခဲ့ ပြီးတာင်ကျရေတိုက်စားမှုကြောင့် လမ်းတစ်ခြမ်းပြိုကျသွားပါသည်။
အဆိုပါမြေပြိုမှု ဖြစ်ပွားရာနေရာသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေး၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး တာဝန်ရှိသူများမှ
သွားရောက်စစ်ဆေးကြည့်ရှူ့ ရာ လတ်တလောတွင် ယာဉ်ငယ်များ
မော်တော်ဆိုင်ကယ်များ သွားလာနိုင်ရန် နှင့် မြေပြိုကျမှုများဆက်လက်
မဖြစ်ပေါ်စေရန် လိုအပ်သည်များကို အဆောတလျှင်ဆောင်ရွက်မှု
ပေးခဲ့မှုကြောင့် ယာဉ်ကြီးများသွားလာရန်မရသေးသော်လည်း လမ်းပန်း
ဆက်သွယ်မှုနှင့် ကုန်စည်ပို့ ဆောင်မှုရပ်တန့်  သွားခြင်းမရှိကြောင်းနှင့်
ယာဉ်ကြီးများ ပုံမှန်အတိုင်းသွားလာနိုင်ရန်အတွက် လမ်းတာဝန်ခံ
သော်တာဝန်းဆောက်လုပ်ရးကုမ္စဏီ မှ အလျှင်အမြန်ဆောင်ရွက်လျက်
ရှိကြောင်းသိရှိရပါသည်။
တာချီလိတ် သတင်းလွှာ
0 comments:
Post a Comment