မောင်မင်းသား ဘလော့လေးမှ ကြိုဆိုပါတယ် ရောက် ရှိလာ သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။ တာချီလိတ် သတင်းလွှာမှ တာချီလိတ် ဒေသနှင့်သက်ဆိုင်သော သတင်းများ၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီဖော်ပြ ပေးသွားပါမည်။

ဇာခြည်ဝင်း (ဆေးတက္ကသိုလ်) ၏ အလင်းရောင်၏ သင့်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

0 comments

သင့်အိမ်မှာ၊ ရုံးခန်းမှာ ရရှိနိုင်တဲ့ အလင်းရောင်က သင့်ခံစားမှုကို ပြောင်းလဲနိုင်ပြီး သင့်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။  အတွင်းဂလင်းနဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဆေးပညာဆိုင်ရာ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသန အသစ်အရ ညဘက် အိပ်ယာမဝင်မီ လျှပ်စစ်မီးအလင်းရောင်နဲ့ ထိတွေ့မှုများတာက အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါ၊ သွေတိုးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို များစေပါတယ်။ ဒါပေမဲ့ သင်ထိတွေ့တဲ့ အလင်းရောင် ပမာဏနဲ့ ထိတွေ့မှု ကြာချိန်ပေါ် မူတည်ပြီး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အလင်းရောင်က ဘာကြောင့် အရေးကြီးတာလဲ

ခန္ဓာကိုယ်က မှန်ကန်တဲ့ အလင်းသိပ်သည်းဆနဲ့ နေ့အချိန်မှာ အချိန်ကိုက် ရရှိမှသာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီ ပြောင်းလဲမှုတွေ မှန်ကန်မှာပါ။ မနက်မိုးလင်းချိန်မှာ အလင်းရောင်ပေါ်ထွက်လာတဲ့နဲ့ အိပ်ယာက နိုးထလာပြီး စွမ်းအင်တွေ ပြည့်ဝနေစေပါတယ်။ ညဘက်မှ အလင်းရောင် မှေးမှိန်သွားတာက သင့်မျက်လုံးတွေကို မှေးစင်းပြီး အိပ်ပျော်သွားစေပါတယ်။ အလင်းရောင်က သင့်ကျန်းမာရေးနှင့် နေထိုင်မှု ဘဝအတွက် များစွာအရေးပါပါတယ်။ နေ့လည်နေ့ခင်းမှာ လုံလောက်တဲ့ အလင်းရောင် ရရှိတာက နိုးကြားမှု၊ စိတ်ခံစားမှု၊ စွမ်းအင်ထုတ်လုပ်နိုင်မှု၊ အိပ်စက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို များစွာ အထောက်အကူ ဖြစ်စေတယ်လို့ Surrey တက္ကသိုလ်မှ ဒေါက်တာဗစ်တိုးရီးယားရီဗေးလ်က ပြောပါတယ်။

လူတစ်ယောက်အတွက် အလင်းရောင် လိုအပ်ချက်

လူတစ်ယောက်မှာ လိုအပ်တဲ့ အလင်းရောင် ပမာဏက တစ်နေ့တာ လှုပ်ရှားသွားလာမှု အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ နေ့ခင်းအချိန်မှာ ကျောင်းသွားဖို့၊ ရုံးသွားဖို့၊ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ အလင်းရောင် ပမာဏများများ လိုအပ်ပါတယ်။ ညနေခင်းနဲ့ ညမှာတော့ အနားယူဖို့နဲ့ အိပ်စက်ဖို့ပဲ ရှိတော့တာကြောင့် အလင်းရောင် သိပ်မလိုအပ်တော့ပါဘူး။ တစ်နေ့ခင်းလုံးအတွက် လုံလောက်တဲ့ အလင်းရောင် ပမာဏ ရရှိဖို့ အနည်းဆုံး အချိန် တစ်နာရီထက်မနည်း အိမ်အပြင် ဒါမှမဟုတ် ရုံးအပြင်ထွက်ပေးဖို့ လိုပါတယ်။ နေ့လည်စာ စားချိန်မှာ အပြင်ခဏထွက်ပြီး လမ်းလျှောက်နိုင်ပါတယ်။ လျှပ်စစ်က ရတဲ့ အလင်းရောင်က သဘာဝ အလင်းရောင်လိုမျိုး ခန္ဓာကိုယ်အပေါ်မှာ ထိရောက်တဲ့ အကျိုးအာနိသင်ကို မပေးစွမ်းနိုင်ပါဘူး။ ညအိပ်ချိန်မှာတော့ အလင်းမှိန်မှိန်သာ ထားသင့်ပါတယ်။  အိပ်ယာမဝင်ခင် တစ်နာရီလောက် အလိုကတည်းက TV ပိတ်ထားပါ။ အလင်းရောင် နည်းလေလေ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်လေလေပါ။ ညအိပ်ယာဝင်ခါနီးမှာ အလင်းရောင်နဲ့ ထိတွေ့မှုများတာက နိုးကြားနေတာကြောင့် အိပ်စက်မှုကို အနှောက်အယှက် ဖြစ်စေပါတယ်။

လျှပ်စစ်မီးအလင်းရောင်နှင့် ထိတွေ့မှု များလွန်းခြင်း

သင်က ညဘက် အိပ်ယာဝင်နောက်ကျတတ်တာကြောင့် သဘာဝ မဟုတ်တဲ့ လျှပ်စစ်မီး အလင်းရောင်တွေနဲ့ ထိတွေ့မှု များနိုင်ပါတယ်။ လျှပ်စစ်မီးအလင်းရောင်နဲ့ ထိတွေ့မှု များတာကြောင့် ဦးနှောက်ကနေ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ မယ်လတိုနင် ဟော်မုန်းအနည်း၊ အများက ပုံမှန်အိပ်စက်မှုအပေါ်များစွာ အကျိုးသက်ရောက်မှု ရှိတဲ့အပြင် ခန္ဓာကိုယ် ကျန်းမာရေးနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝနရီ ပြောင်းလဲမှုကို မယ်လတိုနင် ဟော်မုန်းက ထိန်းချုပ်နိုင်ပါတယ်။ မယ်လတိုနင် ဟော်မုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို ဦးနှောက်ပိုင်းမှာ တွေးတောဆင်ခြင်နိုင်မှုတွေ ရှင်းလင်းပြတ်သားတာ၊ ဇီဝနရီ၊ ဟော်မုန်းထုတ်လုပ်မှု၊ သွေးဖိအားနဲ့ သွေးတွင်းသကြားဓါတ် စတာတွေ မှန်ကန်မှု ရှိတာတွေ ဖြစ်စေပါတယ်။ အိပ်ရေးပျက်များတာက ဖျားနာတာ၊ ဆီးချိုသွေးချိုရောဂါနဲ့ စိတ်ဓါတ်ကျတာတွေ ဖြစ်စေပါတယ်။

သဘာဝ အလင်းရောင်နဲ့ ထိတွေ့မှုနည်းလျှင်

ရာသီဥတု အေးလွန်းတဲ့ နေရာတွေမှာ နေထိုင်ရလို့ နေရောင်ခြည်ကို ကောင်းစွာမရနိုင်ခဲ့ရင်၊ သင်က နေရောင်ကာခရင်မ်တွေ အမြဲမပြတ် သုံးစွဲတာကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု အလွန်နည်းနေရင်၊ သင်က ရုံးတွင်း၊ အိမ်တွင်းမှာပဲ တစ်နေ့ခင်းလုံး အချိန်ပြည့် နေတတ်တာကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု မရှိခဲ့ရင် သင်ရဲ့ နေခင်းအချိန်တွေဟာ နိုးကြားတက်ကြွမှု ကင်းမဲ့နိုင်ပါတယ်။ ဒါ့အပြင် တချို့တွေမှာ သဘာဝ မဟုတ်တဲ့ အလင်းရောင်ကြောင့် ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာနဲ့ လှုပ်ရှား ဆောင်ရွက်မှု သာမန်ထက် ပိုတာတွေ ဖြစ်နိုင်ပါတယ်။

Tip

♦ သဘာဝ အလင်းရောင် ရရှိနိုင်တဲ့ နေ့အချိန်မှာ လျှပ်စစ်မီးတွေ ပိတ်ထားပါ။

♦ ညအချိန် မတိုင်မီ တစ်နာရီလောက် ခွာပြီး မီးပိတ်ပါ။

♦ အလုပ်တွေကို လျှပ်စစ်မီးအလင်းရောင်နဲ့ အိပ်ပျက်ခံ လုပ်မယ့်အစား နေ့ခင်းနေ့လည်မှာ ပြီးစီးအောင် ဆောင်ရွက်ပါ။

ဇာခြည်ဝင်း (ဆေးတက္ကသိုလ်)

ဘလော့ဂါသူငယ်ချင်းများအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်  

0 comments:

Post a Comment

မောင်မင်းသား တွင်အသစ်တင် face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ် သွားပါဦး