ဒါကြောင့် စစ်မှန်တဲ့  စိတ်ချမ်းသာမှုကို လိုချင်ရင်
ပထမဦးဆုံး ( self-respect ) မိမိကိုယ်ကို တကယ် လေးစားမူကို
ရအောင် လုပ်ရမယ်။ သူများကို့ ကိုမလေးစားတာက ကိုယ်မတတ်နိုင်
တဲ့ ကိစ္စ ဖြစ်တယ်။ တချို့ က ကောင်းတဲ့ လူကိုတောင် မလေးစားတာ
ရှိသေးတာပဲ။ ဒါ သူတို့ နဲ့ ပဲဆိုင်တယ်လို့  ထားလိုက်လို့ ရသေးတယ်။
ဒါ သူ့ သဘောပါ။ များသောအားဖြင့်တော့ ကောင်းကောင်းမွန်မွန်
နေတဲ့ လူကို လေးစားကြပါတယ်။ ကောင်းကောင်းမွန်မွန် နေတဲ့ လူကို မလေးစားတဲ့ သူဟာ သူကိုယ်တိုင်မကောင်းတဲ့ သူ၊ ကိုယ့်ကိုယ်ကို မလေးစား နိုင်တဲ့ လူဖြစ်နေလို့ ပဲ။ ကောင်းကောင်းနေတဲ့ သူ၊ ကိုယ့်
ကိုယ်ကို လေးစားတဲ့ သူဟာ ကောင်းကောင်း နေတဲ့ လူကို လေးစား
နိုင်ပါတယ်။ အင်မတန်လေးစားပါတယ်။စိတ်ကာင်းရှိ တဲ့ လူဟာ စိတ်
ကောင်းရှိတဲ့ လူကို သိပ်လေးစားပါတယ်။ အကျင့်စာရိတ္တ ကောင်းတဲ့ 
သူဟာ အကျင့်စာရိတ္တ ကောင်းတဲ့ သူကို လေးစားပါတယ်။စိတ်ကောင်း
ရှိတဲ့ သူ၊ ကောင်းကောင်းမွန်မွန်နေတဲ့ သူကို မလေးစားနိုင်တဲ့ လူဟာ
သူ့ ကိုယ်သူ မလေးစားနိုင်လို့ ခံရခက်နေတာ၊ ရှက်နေတာကို (react)
လုပ်တာ၊ တုန့် ပြန်တာပဲ။ သူကိုယ်တိုင်ကမကောင်းတော့ ကောင်းတဲ့ 
လူကိုမြင်ရတဲ့ အခါ သူမကောင်းတာ ပိုပြီးတော့ ထင်ရှားလာလို့  အဲ့ ဒီ
ကောင်းတဲ့  လူကိုပဲ မကျေ မနပ်ဖြစ်တယ်။ တချို့ တော့ ကိုယ်က
ကောင်းကောင်းမနေပေမဲ့ ကောင်းကောင်းနေတဲ့ လူကို လေးစားနိုင်တယ် အဲဒီလို လူဟာ တစ်နေ့ မှာ လူကောင်းတစ်ယောက်ဖြစ်လာနိုင်သေး
တယ်။ ကောင်းတဲ့ လူကိုမလေးစားနိုင်တဲ့  လူဟာ သူကိုယ်တိုင်ကောင်း
တဲ့ လူ ဖြစ်မလာနိုင်ဘူး။ သူများရဲ့  ကောင်းတဲ့ ဂုဏ် (quality) ကိုမလေး
စားရင် ကိုယ့်မှာ အဲဒီကောင်းတဲ့ ဂုဏ် (quality) မျိုးမဖြစ်ပေါ်နိုင်ဘူး။
ဒါကြောင့်သူများမှာ ကောင်းတဲ့  ဂုဏ် တစ်ခုခုရှိရင် အဲဒါကို လှိုက်လှိုက်
လှဲလှဲ လေးစားနိုင်တဲ့ သူ ဖြစ်ရမယ်။ ဒါမှအဲဒီဂုဏ် (quality) မျိုးကို ကိုယ်
လည်းရလာမယ်။ သူများရဲ့  ကောင်းတဲ့ ဂုဏ်ကို မလေးစားနိုင်ရင် ကိုယ့်
မှာ အဲ ဒီဂုဏ် မျိုးမရနိုင်အောင် မဖြစ်နိုင်အောင် လမ်းပိတ်လိုက်သလို
ဖြစ်သွားတယ်။
ဆရာတော်ဦးဇောတိက
ကျွန်တော်လက်ရှိဖတ်နေတဲ့ စာအုပ်လေးမှပြန် လည်မျှဝေလိုက်ပါတယ်။
တစ်စုံတစ်ယောက်ကိုရည်ရွယ်ခြင်း မရှိ ကြိုက်နှစ်သက်၍ မျှဝေခြင်ဖြစ်ပါတယ်။
0 comments:
Post a Comment